Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

မဗေဒါရဲ့ ဗေဒါလမ်း

HomeWelcome To Baydar's LandMay 30, 2008
လာရောက်လည်ပတ်တဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်...
လိုအပ်တာရှိရင်လဲ အကြံပေးလို့ရပါတယ်...
အားလုံး ကျန်းမာရွှင်လန်းကြပါစေ...

ဒီနေ့ ဂူဂဲလ်ပလပ်စ်မှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတစ်ခုအကြောင်း သွားတွေ့ပါတယ်… အဲဒါကတော့ တရုတ်ပြည် Hunan မှာရှိတဲ့ The Zhangjiajie National Forest Park မှာရှိတဲ့ Tianman တောင်ထိပ်ပေါ်မှာ တောင်နံရံကို ကပ်ပြီး ဖန်နဲ့ဆောက်ထားတဲ့ လမ်းကြောင်း ဓာတ်ပုံတွေဖြစ်ပါတယ်…
ဒါနဲ့ သိချင်လို့ ထပ်ရှာကြည့်တော့ ဒီလမ်းကြောင်းကို ၇ရက် ၁၁လ ၂၀၁၁ ကမှ ခရီးသွားများအတွက် စတင်ဖွင့်လှစ်လိုက်တာပါ… ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၃၀ မီတာ (၄၇၀၀ ပေ) မြင့်ပါတယ်… ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တက်လမ်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်… စုစုပေါင်း လမ်းကြောင်း အရှည်က ၆၉မီတာ (၂၀၀ ပေ) ဖြစ်ပါတယ်… ဖန်သားအထူက ၃လက်မပါ… လာရောက်လည်ပတ်သူတွေကို ဖန်ပေါ်တွင် မချော်လဲစေရန် သင့်တော်တဲ့ဖိနပ်များကို စီးဖို့ အကြံပြုထားပါတယ်…














နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ ၂၀၁၀ ခုနှစ်က ထွက်တဲ့ “Avatar” ဇာတ်ကားထဲမှာပါတဲ့ ကောင်းကင်ပေါ်မှာ ပျံနေတဲ့တောင်တွေ “Hallelujah Mountain” ကို ဒီဇိုင်းဖော်တဲ့အခါမှာ ဒါရိုက်တာနဲ့ ဒီဇိုင်နာတွေရဲ့ အတွေးကို စတင် အခြေခံပေးလိုက်တဲ့ တောင်တွေလို့သိရပါတယ်… ဒီတောင်တွေထဲက တစ်တောင်ကို ယခုအခါမှာ “Avatar Hallelujah Mountain” လို့တောင် တရားဝင် နာမည်ပြောင်းပေးလိုက်ပြီလို့သိရပါတယ်…


Now name as Avatar Hallelujah Mountain

ဒီ သတင်းအချက်အလက်တွေရဖို့ ဟိုရှာဒီရှာလုပ်ရင်း အများသူငှာတွေရဲ့ အမြင်ကိုလဲ ဖတ်ခဲ့ရလို့ ကျွန်မသာဆိုရင်ရောလို့တွေးဖြစ်ပါတယ်… ဟုတ်ပါတယ်… ကျွန်မကတော့ လုံခြုံမှု အသက်အန္တရာယ်ကို မယုံကြည်တဲ့အတွက် အဲဒိ ဖန်လမ်ကြောင်းပေါ်ကို တက်မလျှောက်ရဲပါဘူး… အောက်ပါလူတစ်ချို့ တွေကလဲ ဒီလိုပြောထားကြပါတယ်… http://thecornfieldonline.com ဖိုရမ်မှာ ဆွေးနွေးထားကြတာကို ကောက်နုတ်ပါတယ်…

တစ်ယောက်က ဟောဒီလိုပြောပါတယ်…
The real fear is that it was built by the Chinese. it could come down any time.

I'll stick with the ledge at the Sears, er, Willis Tower in Shitcago.
(တကယ်ကြောက်စရာကောင်းတာက တရုတ်ပြည်က ဆောက်ထားလို့ပဲ… အချိန်မရွေးပြိုကျနိုင်တယ်…
ငါကတော့ ချီကာဂိုက Sears, Willis Tower တွေပဲသွားတော့မယ်…)

နောက်တစ်ယောက်က ဒီလိုပြောတယ်…
Who the hell knows what those bolts and fasteners are made from, how they were made, and even if they were tested.

No thanks. Track record and all that.
(ဒီလက်ရမ်းတွေ ဒီမူလီတွေ ဘယ်ကနေထုတ်တာလဲ၊ ဘယ်လိုထုတ်လုပ်ခဲ့တာလဲ၊ ဒါတွေက (လုံခြုံစိတ်ချရတဲ့) စမ်းသပ်မှုတွေပြုလုပ်ခဲ့ရဲ့လား ဆိုတာ ဘယ်သူသိလဲ…
ကျေးဇူးပဲ ဒါပေမဲ့ ကျွန်မအတွက်တော့ (ဒီခရီးက) မလိုအပ်ဘူး..)

နောက်တစ်ယောက်ကဖြေတယ်…
Made by China, following Chinese "regulations". See all pics.
Pass.
(တရုတ်ကလုပ်တာလေ… တရုတ်ပြည်စည်းကမ်းတွေအတိုင်းလိုက်နာပြီးလုပ်ထားတာပေါ့… ကျွန်တော်လဲ Pass ပဲဗျာ…)

နောက်တစ်ယောက်က…
..the railing/fasteners are stainless steel. it is very obvious. not going anywhere either.
(လမ်းကြောင်းကို ပတ်ထားတာတော့ stainless စတီးဆိုတာ အသိသာကြီး… ကျွန်တော်လဲ ဘယ်မှမသွားပါဘူး…)

နောက်တစ်ယောက်တော့…
Looks perfectly safe.

I still wouldn't do it. (အမြင်အရတော့ လုံခြုံမှု အသေအချာ ရှိတယ်ဆိုတယ်လို့ ထင်ရတာပဲ… ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ မသွားဘူး)

Google+ က ဓာတ်ပုံတင်တဲ့သူမှာရတဲ့ ကွန်မန့်တွေမှာတော့ တချို့ကလဲ မိုက်တယ်… သွားချင်တယ်… လှလိုက်တာ … အံ့သြစရာကောင်းအောင်လှလိုက်တာ… အင်ဂျင်နီယာတွေရဲ့ အနုပညာပဲ စသည်ဖြင့် ချီးကျူးထားကြသူတွေရှိသလို တချို့သူတွေကလဲ အပေါ်က ဖိုရမ်ထဲကလူတွေလိုပဲသဘောမတူကြပါဘူး..

လူတစ်ယောက်ဟာ အတွေးအခေါ်တစ်မျိုးစီကွဲပြားကြပါတယ်… ကွဲပြားနိုင်ပါတယ်… ကျွန်မဒီဓာတ်ပုံတွေကို တွေ့တော့ ဘယ်နေရာလဲမသိဘူးဆိုပြီး ခရီးသွားဝါသနာပိုးအရ ရှာကြည့်မိပါတယ်… ဒါပေမဲ့ တရုတ်ပြည်ဆိုတာတွေ့ရတော့ ဘာကြောင့်မှန်းမသိ စိတ်ထဲအောင့်သက်သက်ကြီးဖြစ်သွားတယ်… ဒီပိုစ့်ကို ရေးဖို့ အချက်လိုက်ရှာတော့မှ သူများတွေကွန်မန့်တွေဖတ်ပြီး ကျွန်မစိတ်ထဲက အောင့်သက်သက်ဖြစ်တာကို ရှင်းသွားတော့တယ်… တရုတ်ပြည်ကဆောက်တဲ့ ၃လက်မအထူရှိ တောင်နံရံမှာကပ်ဆောက်ထားတဲ့ လမ်းကြောင်းကို လျှောက်ဖို့ဆိုတာ ယုံကြည်မှုနဲ့ အများကြီးဆိုင်ပါတယ်… ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ယုံကြည်လား၊ ဆောက်လုပ်သူတွေကို ယုံကြည်လား၊ ဒီလမ်းကြောင်းကို ထိမ်းသိမ်းစောင့်ရှောင့်ရေး ကို ယုံကြည်လား… နောက်ဆုံးကုန်အောင်ပြောမယ်… အတူတူလမ်းလျှောက်နေတဲ့ ဘေးက လူက အဲဒိပေါ်မှာ မခုံပါဘူး မအံပါဘူး လက်မကစားပါဘူး မဖျက်စီးပါဘူးလို့ယုံကြည်လား… ဒါတွေအားလုံးကတော့ သင့်ရဲ့ ခံယူချက်ပေါ်ပဲမူတည်တယ်…

ကျွန်မအတွက်ကတော့ မြန်မာပြည်မှာခေတ်စားနေတဲ့ စကားတစ်ခွန်းကို သွားသတိရတယ်… “တရုတ်စက်၊ တရက်စုတ်” တဲ့… တရုတ်ကထုတ်တဲ့စက် ၁ရက်ထဲနဲ့ စုတ်တယ်လို့တောင် တဘောင်ထွက်သတဲ့… ကိုယ်ကိုတိုင် တရုတ်ပြည် ရှန်ဟိုင်းကို အလည်အပတ်ရောက်တုန်းကလဲ တန်းစီရမဲ့နေရာတန်းမစီတာတို့ ကျော်တက်တာတို့… ဂိုက်ကလဲ ခရီးသည်ကို ဂရုမထားတဲ့အပြင် ငွေညှစ်ဖို့ပဲ ကြိုးစားနေတာတို့ စတဲ့စတဲ့ မကောင်းတဲ့ အတွေ့အကြုံတွေ ၀န်ဆောင်မှုတွေနဲ့ ကြုံခဲ့ရတော့ ကိုယ်သွားချင်တဲ့ တရုတ်ပြည် ဂရိတ်ဝေါလေးသွားဖို့တောင် ခုထိ ခြေတုံချတုံနဲ့ စိတ်ကို တော်တော်လေးပြင်ဆင်နေရတယ်….
ဒါ့အပြင် ဖြစ်သမျှကြည့်လိုက်… လူသားချင်းမစာနာမှုတွေ (ကလေးကို ကား ၂ဆင့်တက်ကြိတ်တာတောင် မသိချင်ယောင်ဆောင်နေတဲ့ သူတွေ)၊ အာဏာအလွဲသုံးစားလုပ်မှုတွေ (လူငယ် ၂ယောက်ကို ကားနဲ့တိုက်လို့ ၁ယောက်သေတာတောင် ဘေးကလူတွေကို “တိုင်ရဲရင်တိုင်လိုက် ငါ့အဖေက ဘယ်သူ” ဆိုပြီး စိန်ခေါ်သွားတာတွေ)၊ လူကို အန္တရာယ်ပြုမဲ့ စံချိန်မမှီတဲ့ အစားအသောက်တွေ (ကလေးနို့မုန့်တွေနဲ့ စားသုံးကုန်တွေမှာ မယ်လမင်းတွေထည့်ထုတ်တာ)၊ စတဲ့ တခြားသော ပြဿနာများကလဲ ဖြစ်လိုက်ရင် တရုတ်ကချည်းပဲ… လူမျိုးရေး နိုင်ငံရေး ပုတ်ခတ်ခြင်းမဟုတ်ရပါ… ကြောက်မယ်ဆိုရင်တော့ ကြောက်စရာတွေ အများကြီးလို့လဲ ကပ်ပြောနိုင်ပါတယ်… သို့သော် ကိုယ်သွားချင်တဲ့ နေရာတစ်ခုနဲ့ ပတ်ဝန်းကျင်ရဲ့ သမိုင်းနဲ့ အလေ့အထကိုတော့ ဆင်ခြင်သင့်တယ်ထင်လို့ပါ… ဖန်လမ်းကြောင်းခြင်းအတူတူ USA Grand Canyon ကိုပဲ ကျွန်မ သွားဖြစ်မယ်ထင်ပါတယ်…

ကဲ… စာဖတ်သူတို့ရော ဘယ်လိုသဘောရကြလဲ… လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်နော်…

Grand Canyon, USA
Glass walk at Grand Canyon, USA

Source : http://www.amusingplanet.com/2010/06/zhangjiajie-national-forest-park.html

http://www.echinacities.com/china-media/chinese-mountain-that-inspired-avatar-renamed-after-the.html

http://sightbywalk.blogspot.com/2011/11/worlds-highest-glass-trail-zhangjiajie.html

Blog EntryNov 15, '11 2:55 AM
for everyone
ကျွေးမွေးသုတ်သင်၊ သက်ဆုံးပင်
ချစ်ခင်ရှာပေ၊ တို့မေမေ။

ငယ်စဉ်ကာလ၊ စည်းကမ်းပြ
ဆုံးမခဲ့ပေ၊ တို့မေမေ။

အရွယ်ရောက်လာ၊ ကျောင်းအပ်ကာ
ပညာပေးပေ၊ တို့မေမေ။

ကျန်းမာဖို့ရေး၊ သင့်ရာကျွေး
လေးစားအပ်ပေ၊ တို့မေမေ။

ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်
ချစ်ခင်အပ်ပေ၊ တို့မေမေ။






A mother is she who can take the place of all others but whose place no one else can take. -Cardinal Mermillod
အမေဆိုတာ ကျန်တဲ့အရာတွေ အားလုံးနေရာဝင်ယူနိုင်တယ်…. ဒါပေမဲ့ ကျန်တဲ့ဘယ်အရာမှ အမေ့နေရာကို ၀င်မယူနိုင်ဘူးဆိုတဲ့ စာသားလေးက မေမေ့မွေးနေ့အတွက် ပိုစ့်ရေးဖို့ inspiration လိုက်ယူနေတဲ့ ကျွန်မအတွက်တော့ ကျွန်မ စိတ်ကို အထိမိဆုံးစကားလေးတစ်ခွန်းပါပဲ…

အပေါ်က တို့မေမေ ကဗျာထဲက အချက်တွေနဲ့ အားလုံးနဲ့ ကျွန်မမေမေ ညီတယ်ဆိုတာကတော့ အထူးတလည်ပင် ပြောနေစရာမလိုတော့ပါဘူး…

ဒါလောက်များ ပျင်းသေး… ဒိထက်တောင် ပိုသေးလို့ပဲ ပြောလိုက်ချင်ပါတော့တယ်…
အပေါင်းအသင်း သူငယ်ချင်းတွေ ဘယ်လောက်ကောင်းကောင်း ကိုယ်လိုအပ်ချိန်မှာ အမြဲတမ်း အဖော်ရှိနေတတ်တာ ကျွန်မ မေမေပါ…
နှလုံးသားရေးရာ ကိစ္စတွေ အဆင်မပြေချိန်မှာ ကိုယ်စကားတစ်ခွန်းမှ မပြောပင်မဲ့ နားလည်ပေးနိုင်တာ ကျွန်မမေမေပါ…

သမီးတွေနဲ့ အဖေနဲ့ အကြိုက် အမြင်မတူတာတွေကြားမှာ ညှိနှိုင်းပေးနေတတ်တာ ကျွန်မမေမေပါ…

ဘုရားသိပ်မရှိခိုးဖြစ်တဲ့ ကျွန်မတို့အတွက် အရေးကြီးတဲ့ ရက်တွေမှာ လိုအပ်တဲ့ ရတြာတွေနဲ့ ကျွန်မတို့တစ်ယောက်ချင်းစီအတွက် မမောနိုင်မပန်းနိုင် ဆုတောင်းပေးတတ်တာ ကျွန်မတို့မေမေပါ…

ကျွန်မတို့ သမီးတစ်ယောက်ချင်းဆီရဲ့ အကြိုက်နဲ့ အညီ လိုက်ဖက်အောင် ဟင်းစီစဉ်တတ်တာ ကျွန်မမေမေပါ…

ညီအစ်မလို တိုင်ပင်နိုင်ပြီး ရီစရာတွေပြောလို့ရတာ ကျွန်မတို့မေမေပါ…

အသုတ်အစုံ ရှယ်ကောင်းတာ ကျွန်မတို့ မေမေပါ…

အိမ်မှာ အလုပ်များနေလို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ရင်တောင် အိမ်သားတွေအချင်းချင်းအကြောင်း update ဖြစ်နိုင်တာ ကျွန်မတို့ အိမ်ရဲ့ အင်ထရာနက် မေမေရှိလို့ပါ…

စာဖတ်ရမှာ ပျင်းသော်လည်း (ကျွန်မနဲ့ တူတာ) ကျွန်မရေးသမျှ (မဖြစ်လောက်တဲ့) စာများကို Die hard fan အဖြစ် မှန်မှန်ဖတ်အားပေးတတ်တာ မေမေပါ…



အချိုအစိမ့်တွေ အချိုရည်တွေ မတည့်လို့ မစားပါနဲ့ လို့ အတန်တန်တားသော်လည်း သနားစရာမျက်နှာနှင့်တစ်မျိုး ကျွန်မတို့ မသိလိုက်ချိန်တမျိုး ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စား၍တစ်မျိုး ပြောလို့မရတာလဲ ကျွန်မတို့ မေမေပါ…

ပြောရမယ်ဆိုရင် ပြောမကုန်နိုင်ဖြစ်နေမှာစိုးလို့ အချုပ် တင်စားရရင် အိမ်မှာ ပျင်းခြောက်ခြောက်မဖြစ်စေပဲ eventful ဖြစ်နေနိုင်တဲ့ မေမေ့ကို အိမ်ရဲ့ ဆည်းလည်းလို့ချစ်စနိုးနဲ့ တစ်ဖန်ပြန်တင်စားချင်ပါတော့တယ်…

ဒီပိုစ့်လေးနဲ့အတူ မေမေ့မွေးနေ့အတွက် ဆုတောင်းပေးချင်တာကတော့ မေမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ ဒီလင် ဒီသမီးတွေနဲ့ အသက်ရာကျော်ရှည်နေနိုင်ပါစေ… မြေးတွေ ခုချက်ချင်း ဘယ်သမီးကမှ မပေးနိုင်သေးလို့ ကျန်းမာရေးကို အထူးသတိပြုလိုက်စားဖို့ ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ဖို့ မှာချင်ပါတယ်...



မေမေ့ မွေးနေ့အတွက် ဘာလက်ဆောင် ပေးရင်ကောင်းမလဲ စဉ်းစားရင်း ကျွန်မတို့ကိုယ်တိုင် ကိတ်မုန့်ကို decoration ဆင်လို့ရတဲ့ ဆိုင်လေးကနေ ဒုတိယအသေးဆုံး ကိတ်မုန့် ၆လက်မအကျယ်ကိတ်မုန့်လေးကို ၀ယ်ပြီး surprise လုပ်ခဲ့တယ်... ကိုယ်တိုင် ပုံဖော်တော့ သိပ်တော့မလှဘူး... ဒါပေမဲ့ လုပ်ဆောင်ချက်သာ အဓိကပဲလေ... ပြီးတော့ မေမေ့ မွေးနေ့အတွက် ဗွီဒီယိုလေး လုပ်ပေးဖြစ်တယ်... ဗွီဒီယို ကြည့်လို့မရင် ကိတ်မုန့်ကို ဓာတ်ပုံကြည့်သွားနော်... (ခု ရေးနေတဲ့ အချိန်မှာ ဗွီဒီယိုက upload လုပ်တုန်း) ပြီးရင်တင်မယ်...






သိပြီးသားလူတွေအတွက်ကတော့ ထူးချင်မှထူးမယ်... မဗေဒါကတော့ တစ်ခါမှ မတွေ့ဖူးလို့ ထူးခြားတယ်လို့ပြောတာ... ဟိုရက်က အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် သြစတေးလျသွားပြီး အပြန်မှာ အားလုံးစားဖို့ ထူးခြားတဲ့ အသားတွေကို လက်ဆောင်အဖြစ်ဝယ်လာပါတယ်... ကျွန်မ တစ်သက်နဲ့တစ်ကိုယ်မှာ ဒီအသားတွေဟာ စားလို့သင့်တဲ့အရာလို့ မထင်ခဲ့ပါဘူး... ဒါတွေကတော့ သားပိုက်ကောင်သား၊ မိချောင်သား နဲ့ Emu (မြန်မာလို အဲငှက်ကို ဘယ်လိုခေါ်လဲ မသိပါ)လို့ခေါ်တဲ့ သြစတေးလျက ငှက်တစ်မျိုးရဲ့ အဆင်သင့်စားဖို့ထုတ်ပိုးထားတဲ့ အသားခြောက်တွေပါ...
Emu ငှက်

အစကတော့ အထုတ်တွေကိုကြည့်ပြီး မယုံသေးပါဘူး... အဖုံးပေါ်က မိချောင်းပုံကို မျက်လုံးနဲ့ တပ်အပ်မြင်တာတောင် အထဲက မိချောင်းသားမဟုတ်လောက်ပါဘူး... အထူးအဆန်းလုပ်ထားပင်မဲ့ အထဲက တစ်ခြားဟာဖြစ်မှာပါလို့ ထင်ခဲ့တယ်... သေချာအောင် နောက်က ပါဝင်ပစ္စည်းကို စစ်လိုက်တော့ မိချောင်းသား၊ သားပိုက်ကောင်သား၊ Emu သားဆိုပြီးတော့ကို ရေးထားတာ လန့်သွားတာပဲ...

ဂျပန်တွေကတော့ စားကြတယ်... စလုံးတွေနဲ့ ကျွန်မကတော့ မစားရဲပါဘူး... သူတို့စားတာကို ကိုယ်က ကြောက်တယ်ပြောတော့ သူတို့က သိပ်မကြိုက်ချင်ဘူး... စားကြည့်ပါ... မိချောင်းသားက အရမ်းကောင်းတယ်ပြောကြတယ်... ကိုယ်ကလဲ အသစ်ဆိုတော့ အထက်ကလူတွေနဲ့လဲ တည့်အောင် နေရမယ်လေ... ပြီးတော့ ကျွန်မက အရာရာ(ဆူရှီးတို့ ဆာရှီမီးတို့ smoke salmon တို့ လဲ လုံးဝမကြိုက်) အတော်လေး ဂျေးများဆိုတော့ မစားကြည့်ပဲနဲ့ မကြိုက်ဘူးပြောလို့မကောင်းဘူးလေ... ဒါနဲ့ ဟန်ဆောင်ပန်းဆောင် Emu အသားလေး သေးသေးတစ်ဖဲ့စားကြည့်တယ်... ကိုယ့်စိတ်ပဲ မသတီလို့လားမသိဘူး နဲနဲလေးညှီတယ်... ကိုယ့်ကို အဲဒိပုံမပြပဲ ဆပ်သားခြောက်လို့ပြောကျွေးရင်တော့ စားနိုင်ချင်စားနိုင်မယ်... ဒါပေမဲ့ ယူလိုက်တဲ့ အသေးဆုံး တစ်ဖဲ့တောင် မကုန်နိုင်လို့ ခပ်တည်တည် Pantry ထဲသွားပြီး သူတို့မမြင်အောင် လွှတ်ပြစ်လိုက်ရတယ်... ပြီးတော့ ရေတွေအများကြီးသောက်ချလိုက်တယ်...


နောက် နေ့ကျတော့ သူတို့က မိချောင်းသားထုတ်ကို ဖောက်ပြီးစားနေပြန်ရော... ပြီးတော့ အားလုံးက မိချောင်းသားက အကောင်းဆုံးပဲလို့ပြောတယ်... ကျွန်မလဲ မစားရဲတော့လို့ မစားတော့ဘူး... ဒါပေမဲ့ အားလုံးက စမ်းစားကြည့်ပါ... Emu သားထက်ကောင်းတယ် ဘာညာနဲ့ သူတို့လဲစားရင် ၀ိုင်းပြောကြပြန်ရော... ဒါနဲ့ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ကထက် သေးတဲ့ အပိုင်း သေးသေးလေးကိုပဲလက်သည်းလေးနဲ့ စိတ်ပြီး စားကြည့်တော့... အမလေး... ညှီလိုက်တာ... ရေသတ္တ၀ါဆိုတော့ ရေနဲ့ညှီတာပေါ့... ကျွန်မက အစကတည်းက ငါးတို့ ပုဇွန်တို့တောင် အနံ့နည်းနည်းလေးကျန်တာနဲ့ မစားနိုင်တာ... ကျွန်မအတွက်တော့ တော်တော်လေး ညှီတယ်လို့ခံစားရတယ်... ဒါပေမဲ့ ငါးကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ သိပ်ညှီမယ်မထင်ပါဘူး... ကျွန်မလဲ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ ကိုယ့် စားပွဲဘေးက အမှိုက်ပုံးထဲကို ထွေးချလိုက်မိရော... ရေတွေသောက်ချလိုက်တယ်... စိတ်ထဲ မသန့်လို့ မျက်ရည်တောင်ဝဲချင်ချင် မနည်းပြန်ထိန်းရတယ်... ဒါလေး ကျွေးတာ ဖြစ်နေလိုက်တာလို့ ထင်ကြမှာစိုးလို့...



နောက်နေ့ကျတော့ သားပိုက်ကောင်သားထုတ်ကို ဖောက်ကြရော... ဒီတစ်ခါကျတော့ ၀ယ်လာတဲ့သူ ကိုယ်တိုင်က အနံ့နမ်းကြည့်ပြီး ဒီအသားက အနံ့ရှိတယ်တဲ့... ဒီကတည်းက ကျွန်မဒီနေ့တော့ လာမကျွေးနဲ့ လုံးဝမစားတော့ဘူးလို့ ပြင်လိုက်ပြီ... သူတို့လို့ လူအတွက်တောင် အနံ့ရှိတယ်ဆိုတော့ ကျွန်မအတွက်ဆိုရင်တော့ သေလောက်မယ်... ဘလောက်မှာရေးချင်လို့ အနံ့သွားရှုကြည့်တော့ အခြောက်မို့ပေပဲ... အသားစိမ်းအနံ့... ဈေးသွားလို့ သားသတ်ရုံတန်းရောက်ရင် အဲဒိမှာ ချိတ်ထားတဲ့ အသားစိမ်းတွေ အနံ့ကို သိလားတော့ မသိဘူး.... အဲဒိလို အနံ့မျိုး... မဗေဒါကိုတော့ စားကြည့်ပါလားလို့ သူတို့ မကျွေးတော့ပါဘူး... ဒီတစ်ခါကျွေးရင် ရုံးမှာ အန်ချမိလိမ့်မယ်ထင်တယ်...



ခုတော့ အဲဒိအသား ၃မျိုးမှာ မိချောင်းသားကတော့ ကုန်လုနီးပါးပဲ... သားပိုက်ကောင်သားက အများဆုံးကျန်တယ်... အဲဒိအထုတ်တွေကြည့်ပြီး ဘာကြောင့်မှန်းတော့ မသိဘူး ကျွန်မကတော့ သက်ပြင်းပဲချမိနေတယ်... နောက်ဆို ကျားသားတို့ ခြင်္သေ့သားတို့ ဆင်သားတို့ပါ လူတွေစားတော့မလားမသိဘူး... ဘုရားတားထားတဲ့ မစားအပ်တဲ့ အသား ဘယ်နှစ်မျိုးလဲ မသိဘူးရှိတယ်... အဲဒါပြန်ရှာရမှာ ပျင်းတာနဲ့ ဒီမှာပဲ မေးလိုက်တော့မယ်... သိရင် မဗေဒါကို သင်ပြသွားကြပါအုံး... ဆရာတင်တယ်နော့်...

Blog EntryNov 2, '11 1:14 PM
for everyone
ဘယ်အရာမဆို အိုင်ဒီယာကောင်းဖို့က အရေးကြီးပါတယ်... တချို့အရာလေးတွေကို ကိုယ်ဘယ်လောက်စဉ်းစား စဉ်းစား ဘယ်လို အကုန်ကျခံထား ခံထား နောက်ဆုံးကျရင် အိုင်ဒီယာကောင်းတဲ့သူကပဲ ကုန်ကျစရိတ်နည်းနည်းနဲ့ပဲရိုက်အုံး လူကြိုက်ပိုများတတ်ကြပါတယ်... မဗေဒါလဲ ကျောင်းက ဓာတ်ပုံ assignment တွေလုပ်မှ ကိုယ်တော်တော် အိုင်ဒီယာမထွက်လို့ အတော်လေးစိတ်ပျက်ရပါတယ်... တစ်ခါတစ်လေ အွန်လိုင်းမှာ references တွေရှာကြည့်ရင် သူများတွေလုပ်ထားတွေတွေ့မှ အော် ဒါလေးက ဒီလိုလုပ်ရင် လွယ်လွယ်လေးပဲဆိုပြီး ဖြစ်ရတဲ့အခါတိုင်း "ဒါကိုဘာလို့ ငါ့ဘာသာငါမသိပဲ သူများလုပ်တာကြည့်ပြီးမှ နားလည်တာလဲ" ဆိုပြီး မခံချိ မခံသာနဲ့ ကိုယ့်ကိုကိုယ် စိတ်ပျက်ရပါတယ်...

ပရိုဂရမ်းမင်း ဘာသာကို မဗေဒါ အရင်က လက်လျှော့လိုက်တဲ့ အထဲမှာ အဲဒိပြဿနာကြောင့်လဲပါပါတယ်... ကိုယ့်ဘာကိုယ်ရေးဆိုရင် concept တွေ command တွေ အားလုံးသိပါရဲ့ ဘယ်က စရေးရမှန်းကို မသိဘူး... သူများရေးပြီးသွားရင်တော့ ဖတ်ကြည့်ရင် နားလည်တယ်... စိတ်ဓာတ်ကို ကျရော... မဗေဒါလို ခံစားဖူးတဲ့သူရှိကြလားတော့ မသိဘူး... ဒါပေမဲ့ ပရိုဂရမ်းမင်းကို ကြိုက်တဲ့သူတွေကျတော့လဲ အဲလို ထိုင်စဉ်းစားနေရင်း အဖြေကို နည်းအမျိုးမျိုးနဲ့ကြိုးစားရတာကို ကြိုက်တာတဲ့... အင်းပေါ့လေ... အဖြေရသွားရင်တော့ အရမ်းကို ပျော်ရတာသိပါတယ်... မဗေဒါမှာ ပါရမီမပါလို့လားတော့ မသိပါဘူး... ကျောင်းမှာ နောက် semester ကျရင် C++ ယူရတော့မယ်... ညစ်တယ်... ဆီပရိုဂရမ်းမင်း တတ်တဲ့သူတွေရှိရင် ဆရာတင်ပါတယ်နော်... ကူညီကြပါ...

ကဲ... ပြောချင်တာကတခြား ရောက်သွားတာက ပရိုဂရမ်းမင်းအကြောင်း... လိုရင်းကို ပြန်ဆွဲရရင်... ဒီနေ့ အင်တာနက်မှာ ဟိုကြည့်ဒီကြည့်နဲ့ ကောင်မလေးတစ်ယောက် ရှိတဲ့ ခန်းတွင်းပစ္စည်းတွေနဲ့ပဲ တန်ဆာဆင်ပြီး အိပ်ယာပေါ်မှာ အိုက်တင်အမျိုးမျိုးနဲ့ ရိုက်ထားတာလေးက စိတ်ဝင်စားစရာကောင်းနေလို့ပါ... ပြီးတော့ အိုင်ဒီယာလေးကောင်းလိုက်တာဆိုပြီး သဘောကျလို့ အားလုံးကြည့်ရအောင် ဝေမျှလိုက်ပါတယ်...









ကျွန်မ ဖေဖေက သားသမီးတွေနဲ့ ပျော်ပျေုာ်ပါးပါးနေတတ်ပြီး အလိုလိုက်တဲ့ အခါတွေရှိသလို သူပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ အရာတွေလဲ ရှိပါတယ်... ဥပမာ ဖဲရိုက်ခြင်း လောင်းကစားလုပ်ခြင်း အရက်သေစာ ဘီယာသောက်ခြင်း နဲ့ ငယ်ငယ်ကဆိုရင် အချစ်ဝတ္တုဖတ်ခြင်းစတာတွေပါ... အချစ်ဝတ္တုဆိုတာကို မဗေဒါ အစအဆုံး မနေ့တနေ့ကမှ ဖတ်ဖူးတာပါ... ဒါကြောင့် မဗေဒါကို အချစ်ဝတ္တုနဲ့ပတ်သတ်လို့ လာပြောရင် ဘာမှမသိသလို စာဖတ်လဲ နှေးလှပါတယ်... ငယ်ငယ်က ရှားလော့ဟုမ်းတို့ ရွှေဥဒေါင်းတို့တော့ဖတ်ပါတယ်... အချစ်ဝတ္တုတွေဖတ်ပြီး အတုယူမှား စိတ်ကစားမှာစိုးရိမ်လို့ပါတဲ့... ဒါပေမဲ့ ခုလိုရင့်ကျက်လာတဲ့အရွယ်မှာတော့ အချစ်ဝတ္တုဖတ်ခြင်းကို မတားမြစ်တော့ပါဘူး...

သို့သော် အရက်သေစာ ဘီယာ မူးယစ်စေတဲ့အရာမှန်သမျှ သောက်သုံးခြင်းနဲ့ ဖဲရိုက်ခြင်း လောင်းကစားခြင်းကိုတော့ ပြင်းပြင်းထန်ထန်တားမြစ်ထားပါသေးတယ်... ဥပမာဆိုရင် ခုခေတ်ကြီးမှာ မိန်းကလေးတွေ ဘီယာ အရက်သောက်တာနဲ့ပတ်သတ်လို့ ကျွန်မအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်လို့ သောက်ကြတာကို ဘာမှ အပြစ်ပြောစရာမရှိဘူးလို့ အိမ်မှာပြောမိတာတောင်... ဖေဖေက ကျွန်မက ကိုရီးယားကား ဂျပန်ကားတွေကြည့်ပြီး မိန်းမအရက်သောက်တာကို အတုယူချင်လို့ သွေးထိုးဆန်းပြီး ပြောတယ်လို့ ထင်လိုထင်... ဒါနဲ့ ပတ်သတ်ရင် အဲဒီလောက် စပ်စပ်ထိမခံဘူး... ကျွန်မလို အသက်အရွယ်ရောက်နေသူအတွက် အရက် ဘီယာကို မိဘတားမြစ်ထားလို့ မသောက်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး... ဘယ်ကမှလဲ အတုယူတာမဟုတ်ပါဘူး... တကယ်လို့ ကျွန်မသောက်ချင်စိတ်ရှိရင် ကိုယ့်လုပ်တာကို ကိုယ်တာဝန်ယူနိုင်ရင် သောက်ချင်သောက်မှာပါပဲ... သို့သော် ၁ အချက်က ဘာသာရေးအရတွေးလဲ ဘုရားကတောင်တားမြစ်ထားတဲ့အရာ အဲဒါသောက်မှ ပျော်ရရွှင်ရတယ်ဆိုတာကို လက်မခံပါဘူး... နောက်တစ်ချက်က ဒီလောက် ခါးတူးနံစော်နေတဲ့ အရည်တွေကို Coke တို့ Sprite တို့တောင် မသောက်နိုင်တဲ့ ကျွန်မက ဘယ့်နှယ့်လာ သောက်နိုင်မတုံး... ကိုယ်ကိုတိုင်ကိုက မကြိုက်လို့ မသောက်ဖြစ်ပါဘူး... ဒိအတွက် ဘယ်အပေါင်းအသင်း သူငယ်ချင်းမှကလဲ "ဒီအရွယ်ထိ အိမ်ကြောက်တုန်း" တို့ဘာတို့နဲမြှောက်ပင့်ပေးလို့ မရပါဘူး... သူငယ်ချင်းတွေထဲမှာ သောက်နေတဲ့သူတွေရှိလဲ ကျွန်မကတော့ အထင်သေးခြင်း ရှုံ့ချခြင်းရှိမှာ မဟုတ်ပါဘူး... အားလုံး ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ လူကြီးတွေပဲ...


ထိုနည်းလည်းကောင်းပါပဲ... အိမ်မှာ ကလေးကစားစရာ ကဒ်ဂိမ်းလေးတွေနဲ့ ကစားရင်တောင် တစ်ချို့ ဂိမ်းလေးတွေက ဖဲနဲ့ ကစားပုံခြင်းတူတယ်လို့ ဆိုပြီး တစ်ခါတစ်လေ စိတ်တိုင်းမကျတတ်ပြန်ပါဘူး... သို့သော် မဆော့ရဟုတော့မတားပါ... ဖဲဆိုလျှင်လဲ ဖဲထုတ်ကိုသာ မြင်ဖူးပြီး ဖဲရိုက်နည်းဆို၍ ယခုချိန်ထိ တစ်နည်းမျှပင်မတတ်ပါလေ... ထိုသို့သော ကျွန်မနှင့် ကျွန်မ၏ဖေဖေတို့ ၁ရက် လွဲကြပုံကတော့ဖြင့်....

ကျွန်မဟာ အလုပ်ပြီးရင် တစ်ခါတစ်လေ အလုပ်က Gym မှာ အားကစားသွားလုပ်လေ့ရှိပါတယ်... အဲလိုလုပ်မယ်ဆို အိမ်ပြန်နောက်ကျတတ်တော့ အိမ်ကို အလုပ်မသွားခင်ကြိုပြောသွားပါတယ်... ပုံမှန်ဆိုရင်တော့ ကျွန်မက "အလုပ်ပြီးရင် အားကစားလုပ်မလို့ နောက်ကျမယ်" လို့ပဲ ပြောလေ့ရှိလား... "အလုပ်ပြီးရင် Gym သွားကစားမယ်" လို့ပဲ ပြောလေ့ရှိလား ကျွန်မလဲ သတိမထားမိပါဘူး... များသောအားဖြင့်တော့ မေမေ့ကိုပဲ ပြောသွားလေ့ရှိတယ်ထင်ပါတယ်...

၁ရက်တော့ ကျွန်မက အလုပ်သွားဖို့ ပြင်ဆင်ရင်း ဖေဖေက ဧည့်ခန်းမှာထမင်းစားနေတာတွေ့တော့"သမီး အလုပ်ပြီးရင် အလုပ်ကလူတွေနဲ့ ဂျင်သွားကစားမယ်"လို့ ခါတိုင်းလိုပဲ ပြောလိုက်ပါတယ်...

အဲဒါကိုလဲ ကြားရော ကျွန်မဖေဖေက ဒေါသအမြတ်ထွက်နေတဲ့ မျက်လုံးတွေနဲ့ လေသံကလဲ မာပြီး ကျွန်မကို ပြန်ပြောတယ်..."ဘာပြောတယ်! ဘာသွားကစားမယ်?!"
ကျွန်မကလဲ အစထဲက အသံက ကျယ်ကျယ် ပြီးတော့ ကိုယ့်အဖေက ကိုယ်လဲ ဘာမှအမှားမလုပ်ပဲနဲ့ အသားလွတ်ကြီး လာအော်တော့ နည်းနည်းလေးတင်းသွားပြီး...
"ဂျင်သွားကစားမယ် ပြောတာလေ... ဘာဖြစ်လို့လဲ"လို့ခပ်စပ်စပ်မေးမိတာပေါ့... ကျွန်မစိတ်ထဲ ဖေဖေ ဘယ်ကိစ္စနဲ့ ကျွန်မကို အမြင်မကြည်ဖြစ်နေလဲလို့ပဲထင်တာပေါ့...
ဖေဖေက ပိုဒေါသထွက်လာပြီး ထမင်းပန်းကန်တွေပါတွေ စားပွဲပေါ်တင်ပြီး"ဘာပြောတယ်?!" ဆိုပြီး အခြေတင်ဖြစ်ခါနည်း ဆဲဆဲမှ မေမေက နောက်ဖေးကထွက်လာပြီး ကျွန်မတို့ရဲ့ ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုက်ပါတော့တယ်...


"မဟုတ်ဘူး... သူက အလုပ်ပြီးရင် အားကစားသွားလုပ်မယ်ပြောတာ... လောင်းကစား လေးကောင်ဂျင်တို့ဘာတို့ သွားကစားမှာ မဟုတ်ဘူး..."
ကျွန်မဘက်ကိုလှည့်ကာ "နင့်အဖေက Gym ဆိုတာကို လေးကောင်ဂျင်တို့ဘာတို့ စတဲ့ လောင်းကစားသွား ကစားမယ်ထင်နေတာ" လို့ ဖြေရှင်းလိုက်မှပဲ ကျွန်မလဲ ရယ်မိပါတော့တယ်... နောက်မို့ဆို Gym ကစားမယ်ပြောမိလို့ အရိုက်ခံရမဲ့ အပေါက် လွဲချက်က...

ဒိထက်ရီရတာရှိသေးတယ်... ဖေဖေက မေမေ့ကို မင်းက ဘယ်လိုသိလဲလို့မေးတော့... ကျွန်မမေမေက သူ့ရဲ့ Story ကို ပြောပြတော့ ပို၍ပင် ရီချင်စရာကောင်းနေပါတော့တယ်...

လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်မတို့ အိမ်မှာ ကျောင်းသူ အိမ်ငှားကောင်မလေးတစ်ယောက်ရှိပါတယ်... မေမေတို့က မိဘနဲ့ဝေးပြီး ကျောင်းလာတက်နေတဲ့ ကလေးတွေကို သနားတတ်တော့ အိမ်မှာနေတဲ့သူလဲ ကိုယ့်သားသမီးလိုပဲ ကိုယ်ချက်တဲ့ ထမင်းကျွေးပါတယ်...

တစ်ရက် အဲဒိကောင်မလေးက ညနေပိုင်း အပြင်ထွက်ဖို့ ဖိနပ်စီးနေတဲ့ အချိန်မှာ မေမေက...

"သမီး ဘယ်သွားမလို့လဲ... ထမင်းစားသွားအုံးလေ" လို့ပြောတော့

သူက"သမီး ကျောင်းမှာ ဂျင် "Gym" သွားဆော့မလို့ " လို့ဖြေတော့...

မေမေက ထမင်းတောင်မစားနိုင်ပဲ လောင်းကစားသွားလုပ်မဲ့ ကလေးတစ်ယောက်အတွက် စိတ်ပူပြီး ဆုံးမပါတော့တယ်...
"ကလေးရယ် လောင်းကစားဆိုတာ မကောင်းပါဘူး... သမီးတို့ကျောင်းမှာ လောင်းကစားလုပ်လို့ရတယ်ဟုတ်လား? ဒုက္ခပါပဲ... "

အဲဒိတော့မှ အိမ်ငှားကောင်မလေးလဲ ခေါင်းထဲက Question mark မျိုးစုံထွက်သွားပုံရတယ်...

"အန်တီ သမီးပြောတာ အားကစားသွားလုပ်မလို့... Gymnasium ကိုပြောတာ" ဆိုတော့မှ

ကျွန်မမေမေလဲ... "အော် သိပါဘူးကွယ်... လေးကောင်ဂျင်တို့ဘာတို့ လောင်းကစားသွားလုပ်မယ်ထင်လို့ပါ" ဆိုပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရဖူးတော့ Gym ဆိုတာ လောင်းကစားမဟုတ်မှန်း အဲဒိကတည်းက ကောင်းကောင်းကြီးသိသလို ကျွန်မနဲ့ ကျွန်မဖေဖေကြားက နားလည်မှု လွဲမှားခြင်းကိုလဲ ဘာဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့သကိုး...

စကာင်္ပူရောက်အလွဲများ အပိုင်း ၁ကနေ ၁၀ ကိုတော့ ဒီမှာ နှိပ်ပြီး ဖတ်လို့ရပါတယ်...



American Idol runner-up David Archuleta တစ်ယောက် နောက်လထဲမှာ ဆန်တိုဇာ Resorts world မှာရှိတဲ့ Hard Rock hotel မှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်...

၂၀၀၈ ခုနှစ် အမေရိကန်အိုင်ဒိုးမှာ ဒုတိယနေရာနဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ အသံအားကောင်းကောင်း ကောင်လေးဟာ နိုဝင်ဘာ ၁၉ရက်နေ့မှာ Hotel ရဲ့ "The Coliseum" စင်မြင့်ပေါ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်....

အမေရိကန် အိုင်ဒိုးပြိုင်ပွဲအပြီး ထုတ်လုပ်ခဲ့တဲ့ သူနာမည်ကြီးခဲ့တဲ့ Crush သီချင်းဟာ ခွေပေါင်း ၂,၀၀၀,၀၀၀ (၂သန်း) နီးပါးရောင်းရခဲ့ပါတယ်...

၂၀၁၀ခုနှစ် သူ့နောက်ဆုံးထွက် စီးရီး "The Other Side of Down" မှာ သူ့ရဲ့ သီချင်းရေး အရေအချင်းကို စီးရီးတစ်ဝက်စာလောက် ပူးပေါင်းရေးပြီး ပြသခဲ့ပါတယ်...

ခု သူ့ရှိုးပွဲလက်မှတ် တန်ဖိုးတွေကတော့ ရိုးရိုးတန်း $၁၀၈ နဲ့ VIP $၁၄၈ (ပထမ အစောင် ၂၀၀ သာ၊ အနီးကပ် နှုတ်ဆက်ခွင့်ရမည်) တို့ဖြစ်ပါတယ်...

ဝယ်ယူချင်ရင်တော့ www.gatecrash.com.sg, TicketCube နဲ့ စကာင်္ပူစာတိုက်များ... SAM စက်များမှ ၀ယ်ယူနိုင်ပါတယ်... မနေ့က ဖေ့ဘွတ်မှာတွေ့တဲ့အထိတော့ VIP ticket အနည်းငယ်ကျန်သေးတယ်လို့တွေ့ပါတယ်...

ကဲ David Archuleta ရဲ့ ပရိတ်သတ်တွေ မသိလိုက်ရ မရှိရလေအောင် ဒီကနေ ဝေမျှလိုက်ပါတယ်...

Source from AsiaOne Sunday, Oct 23, 2011.

ရုံးမှာ meeting အတွက်ပဲဖြစ်ဖြစ်... ကိုယ်မှာထားတဲ့ ပစ္စည်းရောက်မဲ့နေ့ပဲဖြစ်ဖြစ်... သူဋ္ဌေးရဲ့ အချိန်ဇယားပဲဖြစ်ဖြစ်... ကိုယ့်ကျောင်း စာမေးပွဲ၊ assignment dead line နေ့ပဲဖြစ်ဖြစ် မှတ်ဖို့လိုနေပါတယ်... ရုံးသုံး ပြက္ခဒိန်ရှိပင်မဲ့ ကိုယ်ထိုင်တဲ့ cubical လေးကို ကိုယ့်စိတ်ကြိုက်လေးလဲ ပြင်ဆင်ချင်ပါတယ်... ဒါမှလဲ အလုပ်မှာ စိတ်သက်တောင့်သက်သာရှိမှာပါ... ကျွန်မတို့တွေ တော်တော်များများဟာ အိမ်မှာနေရတဲ့ အချိန်ထက် ရုံးမှာနေရတဲ့အချိန်က ပိုများနေတတ်တဲ့အတွက် ကိုယ်ထိုင်တဲ့ နေရာကို ကိုယ့်အတွက် စိတ်ရွှင်လန်းစေမယ့် အပြင်အဆင်မျိုးထားသင့်ပါတယ်... ရာသီချိန်အလိုက် decoration ပြောင်းပေးခြင်းမျိုးလုပ်ပေးခြင်းဖြင့်လည်း ကိုယ်နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကြား ပြောစရာစကားပိုမိုများပြားလာပြီး ရင်းနှီးမှုကို ပိုစေပါတယ်... (မှတ်ချက် ကိုယ့်ရုံးရဲ့ စည်းကမ်းချက်တွေမှာ အတိုင်းအတာဘယ်လောက်ထိ ခွင့်ပြုလဲဆိုတာ ကြိုတင်လေ့လာရန် လိုအပ်ပါတယ်)...

မဗေဒါရဲ့ ခုရုံးအသစ်မှာ ကိုယ်ပိုင် Cubicalလေး ပထမဆုံးအကြိမ်ရဖူးတော့ လှလှလေးပြင်ချင်ပင်မဲ့ ဘယ်လိုပြင်ရမလဲ စဉ်းစားမရသေးပါဘူး... ခုတော့ အိမ်က မဗေဒါမွေးနေ့အတွက် အစ်မအလတ် လုပ်ပေးထားတဲ့ scrapbook လေးကို တင်ထားပါတယ်... ဓာတ်ပုံတွေအဲဒိထဲ ကပ်ရအုံးမယ်...

ဒီနေ့တော့ ကိုယ့်စာမေးပွဲအချိန်ဇယားတွေ မေ့တတ်တာတစ်ကြောင်း... သူဋ္ဌေးက ဟိုကိစ္စ ဒီကိစ္စ မေးရင် ဘယ်နေ့လဲဆိုတာကို မေးလ်ထဲမှာ ပြန်ပြန်စစ်နေရတာ ရှုပ်တာတစ်ကြောင်းကြောင့် နေ့တွေကို အမြဲမေ့တတ်တဲ့ ကျွန်မအတွက် အမြဲကြည့်ဖို့ မှတ်ဖို့ ပြက္ခဒိန်လေးလိုလာပါတယ်... ကုမ္ဗဏီကပေးတဲ့ ပြက္ခဒိန်က ရုံးပိတ်ရက် public holiday တွေပါပေမဲ့ ရိုးရိုးကြီး ဖြစ်နေတာကြောင့် ပြက္ခဒိန်လှလှလေး လိုချင်လာပါတယ်... ဒါပေမဲ့လဲ နှစ်က ကုန်ခါနီးပြီဆိုတော့ အသစ်လဲ မ၀ယ်ချင်ပြန်ပါဘူး... ဘာပုံလေး ယူရင်ကောင်းမလဲစဉ်းစားတော့ ခေါင်းထဲကို ဘာရယ်ညာရယ်မဟုတ် အရင်ဆုံး သူက ရောက်လာပါတယ်... ဒါနဲ့ ရိုက်ရှုာလိုက်တော့ ပထမ ၂၀၁၁ အတွက် သူ့ပုံနဲ့ ၁နှစ်စာ ပြက္ခဒိန် ၃ခုထွက်လာပါတယ်... သူအရင်က ဆံပင်တိုနဲ့ပုံရယ်... ခုတစ်လောက ဆံပင်ရှည်နဲ့ပုံရယ်... နောက်တစ်ပုံက မျက်မှန်နဲ့ ကလေးလိုလို မျက်လုံးကို ပွတ်နေတဲ့ ပုံရယ်ပါ... မဗေဒါ အကြိုက်ဆုံး အလယ်ပုံကို ရွေးပြီး colour printer နဲ့ စာမျက်နှာ ၁မျက်နှာလောက် အလွဲသုံးစားလုပ်လိုက်တယ်... (အမှန်တော့လဲ လိုအပ်လို့ထုတ်တာပါ... ပြက္ခဒိန်က ကိုယ်အမြဲကြည့်ပြီး မှတ်မိနေဖို့ ကိုယ်ကြည့်ချင်မဲ့ ဆွဲဆောင်မှုတစ်ခုရှိဖို့ အရေးကြီးတယ်မှတ်လား... ဟတ်... ဟတ်)...

ဟောဒီမှာ မဗေဒါထုတ်လိုက်တဲ့ ပြက္ခဒိန်လေးကို ဒီလို ချိတ်ထားတယ်... ဒီပြက္ခဒိန်က ၁၂လလုံးပါတယ်... (ချိတ်ပြီးတာနဲ့ ရုံးက မန်နေဂျာက လာမေးတယ်... အဲဒါ ယောကျာင်္းလား မိန်းမလားတဲ့.... ဗြဲ.... JKS လေးကို လှောင်တယ်... အဟင့်... အော် မိန်းမနဲ့ တူလဲ ကိစ္စမရှိပါဘူး... ကိုယ်ကြိုက်ရင်ပြီးတာပါပဲ... သူတို့အတွက်လဲ ကောင်မလေးလို့ သဘောထားပြီးကြည့်လို့ရတာပေါ့...)


JKS ပြက္ခဒိန် နဲ့ my scrapbook and mirror (mirror to watch who's coming from behind :P)

ဒါနဲ့ ၂၀၁၂ အတွက် ဟိုရှာဒီရှာထပ်ရှာတော့ ပြက္ခဒိန်က မထွက်သေးဘူး... ပိုက်ဆံနဲ့ရောင်းတာတွေပဲ တွေ့တယ်... ဒါပေမဲ့ ၂၀၁၁ အတွက် လအလိုက် သူ့ပုံလေးတွေနဲ့ ပြက္ခဒိန်ကို နှစ်လဲကုန်ခါနီးပြီဆိုတော့ ဝေငှထားတာလေးတွေရှိတယ်... အဲဒိပုံလေးတွေလဲလှတယ်... ဒါနဲ့ပဲ ဒေါင်းလုပ်လုပ်ပြီး laptop monitor wallpaper အဖြစ်ထားလိုက်တယ်.... ကျွန်မလိုပဲ JKS fan တွေအတွက် ကွန်ပြူတာဖွင့်လိုက်တာနဲ့ အထီးကျန်မဆန်ရအောင် နေ့ရက်တွေနဲ့ လုပ်စရာတွေကို မှတ်မိနေအောင် စောင့်ကြပ်ပေးမဲ့ မင်းသားလေး JKS ပြက္ခဒိန် wallpaper Nov နဲ့ Dec ကို ဝေမျှလိုက်ပါတယ်...


My Laptop wallpaper



November Calender

December Calender



Blog EntryOct 23, '11 5:17 AM
for everyone
တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး
ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်
စီရင်တက်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး
လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဥာဏ်နှင့်ယှဉ်
ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံအကျိုး တို့အကျိုး
သယ်ပိုးနိုင်ပေ တို့ဖေဖေ။

"ဟာ... နေ့တိုင်း ထမင်းဗူးယူလာတယ်... ချွေတာလှချည်းလား..." အိမ်မှ အလုပ်ကို ထမင်းဗူးယူလေ့ရှိသော ကျွန်မကို အသိမြန်မာတစ်ယောက်ကကောက်ချက်ချ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်... ထိုသူကို ကျွန်မ အပြုံးတစ်ပွင့်သာပေးလိုက်သည်... ဘာမှဖြေရှင်းပြမနေချင်တော့ပါ... တချို့အရာများသည် ဖြေရှင်းပြနေစရာပင်မလိုတော့ပေ... လူတစ်ဦး၏ခံယူချက်ပေါ်တွင်သာ မူတည်ပေသည်...

အမှန်တော့ ထိုသူမမြင်လိုက်သည်မှာ ထမင်းဗူးထဲတွင် သေသပ်စွာထည့်ပေးထားသော ကျွန်မဖေဖေ၏ စေတနာနှင့် ထိုထမင်းဗူးကို စားသုံးခြင်းဖြင့် ကျွန်မရရှိသော စိတ်ဓာတ်ခွန်အား ပီတိ လုံခြုံမှုတို့ကို ထိုသူ မခံစားဖူးသောကြောင့် ထိုသို့ကောက်ချက်ချခြင်း သာဖြစ်ကြောင်း ကျွန်မယူဆလို့ရသည်... ကျွန်မသည် အိမ်ထမင်း အိမ်ဟင်းကို ခုံမင်သူဖြစ်သည်... အပြင်စာကို ၁ပတ်လောက် ဆက်တိုက်စားနေရလျှင်ပင် နောက်နေ့ အဲဒိ food court တို့ hawker center တို့ကို အကြိမ်ကြိမ်ပတ်သော်လည်း စားချင်တာ ရှာမတွေ့တတ်သော သူဖြစ်သည်... အလွန်တရာမှ အစားဂျီးများသော ကျွန်မအတွက် အိမ်မှ ကျွန်မအကြိုက် မေမေစီစဉ်ကာ ဖေဖေ ချက်ပြုတ်ပေးတတ်သောအိမ်ထမင်း အိမ်ဟင်းက အသင့်တော်ဆုံးဖြစ်သည်...

ထိုထမင်းဗူးကိုစားတိုင်း ကျွန်မဖေဖေ၏ ကျွန်မတို့ အပေါ်ထားသော မေတ္တာနှင့် စေတနာကို ခံစားလို့ရသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ မိသားစုဘ၀လေး မပြိုကွဲမပျက်စီးပဲ သိုက်သိုက်ဝန်းဝန်းရှိအောင် စောင့်ရှောက်ဖန်တီးပေးခဲ့သော ဖေဖေ့ကို လေးစားသည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ သားသမီးတွေနှင့် ခင်ခင်မင်မင် ပျော်ပျော်ပါးပါးနေတတ်ကာ ပျော်ရွှင်တဲ့ မိသားစုလေးကို ထူထောင်ပေးခဲ့သော ဖေဖေ့ကို ကျေးဇူးတင်သည်...
ထိုထမင်းစားတိုင်း ကျွန်မတို့ငယ်စဉ်အခါမှ စ၍ ယခုအချိန်အထိ ဖခင်တစ်ယောက်ရဲ့တာဝန်ကို ရရာနေရာကနေ အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ပေးနေတဲ့ ဖေဖေ့ကို အားကိုးသည်...
ထိုထမင်းဗူးသည် ကမ္ဘာပေါ်တွင် မည်သူ့အတွက်မှ ပိုက်ဆံမည်မျှနှင့်မှ အဖိုးဖြတ်လို့မရပဲ ကျွန်မအတွက်သီးသန့်ဖြင့်သာ စီမံထားသော အထူးစပ္ပါယ်ရှယ် ထမင်းဗူးဖြစ်သည်...
အထူးသဖြင့် ထိုထမင်းဗူးကို စားတိုင်း ကျွန်မ၏ မိဘနှစ်ပါးလုံး ကျန်းကျန်းမာမာဖြင့် သက်ရှိထင်ရှား မိသားစု တသိုက်တ၀န်းထဲရှိနေတဲ့ အဖြစ်ကို သိရတိုင်း ကျွန်မစိတ်အေးရသည်...
ယခုအချိန်အထိ ကျွန်မဘာသာ မည်မျှပင် ရပ်တည်ရှာဖွေနိုင်ပါစေ ကျွန်မ မိဘများမရှိတော့လျှင်ဆိုသည့်အတွေးသည် ကျွန်မကို တစ်ထိုင်တည်း မျက်ရည်ကျ ချောက်ချားကာ အားအငယ်ဆုံးခံစားချက်ကို ပေးနိုင်စွမ်းရှိသည်... ကျွန်မ အကြောက်ဆုံးဖြစ်သည်...

ကျွန်မစာဖတ်ပျင်းသော်လည်း ယခုကဲ့သို့ စာတွေ အနည်းနဲ့ အများရေးနိုင်နေခြင်းသည် ကျွန်မ ဖေဖေ ဖတ်သောစာများကို ပြန်လည် ဝေငှပြောပြတတ်သောကြောင့်ဖြစ်သည်...
သူငယ်ချင်းများအလည်တွင် အရင်ခေတ်က သမိုင်းကြောင်းများ အထ္တုပတ္တိများနှင့် ပတ်သတ်၍ အသိရှိကာပြောနိုင်နေခြင်းမှာလဲ ဖေဖေစာဖတ်ကာ ပြန်ပြောပြလေ့ရှိသောကြောင့်ဖြစ်သည်...
မြန်မာပြည်အတွင်း နေရာဒေသတော်တော်များများနှင့် ပတ်သတ်၍ ခရီးသွားနှင့်ပတ်သတ်၍ ကျွန်မတွင် ဝေငှစရာများရှိနေခြင်းမှာလဲ ငယ်ငယ်ကတည်းက နေရာတော်တော်များများကို ဖေဖေနှင့်မေမေတို့ လိုက်ပို့ပေးခဲ့ကြ၍ဖြစ်သည်...
ကျွန်မ ရှေးသီချင်းတွေ (တွံတေးသိန်းတန်၊ ပြည်လှဖေ၊ မေရှင်၊ မမြရင်၊ သုမောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ စသည်ဖြင့်)သီချင်းတွေကို ထန်ကတိုင်းကျကျ သီဆိုတတ်ခြင်းသည်လည်း ကျွန်မဖေဖေ၏ အလွန်အကျူး သီချင်းကြိုက်တတ်ကာ တနေကုန်ဖွင့်ထားသော (တနည်းအားဖြင့်) ကျွန်မတို့အား နားဒုက္ခပေးတတ်သော သီချင်းများကို ကြိမ်ဖန်များစွာကြားနေရခြင်းကြောင့်ဖြစ်သည်...

ကျွန်မရံဖန်ရံခါ ဖေဖေနှင့် သဘောထားကွဲလွဲသော အချိန်များရှိသော်လည်း ကျွန်မဘ၀ရဲ့ အဓိက အရေးကြီးဆုံး နေ့စဉ်လည်ပတ်မှုများတွင် ကျွန်မ ဖေဖေနှင့် မေမေက မရှိမဖြစ်သာဖြစ်သည်... သူတို့ မြန်မာပြည် ခေတ္တပြန်သွားလျှင်ပင် အိမ်ပြန်လာတိုင်း ကြိုသူမရှိသောကြောင့် ကိုယ့်ဘာသာကိုယ် တံခါးဖွင့်ဝင်ရကာ တိတ်ဆိတ် မှောင်မဲနေသော အိမ်ထဲကို ၀င်ရတာပင် ကျွန်မအတွက် လစ်ဟာချက်တစ်ခုပင်... နေ့တိုင်း နားဒုက္ခမခံနိုင်၍ ငြူစူဖြစ်သော ဖေဖေ့၏ သီချင်းကြီး သီချင်းခံ အသံများမကြားတော့လဲ အိမ်ကြီးက ခြောက်သွေ့လွန်းလှသည်... နေ့တိုင်း မြန်မာပြည်နှင့်ပတ်သတ်သော သတင်းများကို ဖွင့်မည့်သူမရှိတော့ ကျွန်မတို့ မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် သတင်းများ အဆက်ပျက်ရသည်...

ဒီနေ့ဟာ ကျွန်မချစ်လှစွာသော ဖေဖေရဲ့ မွေးနေ့ဖြစ်တယ်... ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားသိပ်မရှိတဲ့ ကျွန်မ ဖေဖေအတွက် ကျန်းမာရေးကို အနည်းနဲ့ အများလိုက်စားဖြစ်အောင် သူ့အတွက် Wii game စက်လေး မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တယ်... စက်ပစ္စည်းအသစ်အဆန်းပဲဖြစ်ဖြစ် ဂိမ်းပဲဖြစ်ဖြစ် ၀ါသနာပါတတ်တဲ့ ဖေဖေ့အတွက် ကျန်းမာရေးအရလဲ လှုပ်ရှားဖြစ်အောင်တစ်ကြောင်း စင်္ကာပူရောက်ကာ ပျင်းနေသော ဖေဖေအတွက် အပျင်းပြေစရာ အသစ်တစ်ခုရသွားစေရန် ကျွန်မ စီစဉ်ဝယ်ပေးခဲ့တာဖြစ်တယ်... နောက်တစ်ချက်ကတော့ အလုပ်က ပြန်လာတာနဲ့ အခန်းထဲဝင် ရတဲ့အချိန်ကို ကွန်ပြူတာရှေ့ထိုင်တတ်တဲ့ ကျွန်မတို့တွေလဲ ဖေဖေနဲ့ အနည်းနဲ့ အများအချိန်တူတူသုံးကာ မိသားစုကြိုးပိုမိုခိုင်မြဲစေရန်ဖြစ်သည်... ဒါပေမဲ့ ခုဝယ်လာတဲ့ ဂိမ်းခွေက Mario sport Mix ထဲမှာ ကျွန်မထင်သလောက် ကိုယ်လက်လှုပ်ရှားစရာသိပ်မလိုဘူးဖြစ်နေတယ်... လက်ထဲက wii remote လေး နည်းနည်းလှုပ်ရုံနဲ့တင်လုံလောက်နေတယ်... အဲဒါ ဘာဂိမ်းက ကောင်းလဲ သိရင် အကြံပေးသွားကြပါအုံး...

ဂိမ်းတွေကို အရမ်း စိတ်မ၀င်စားခဲ့တဲ့ ကျွန်မ ဒီနေ့ဝယ်လာပြီးမှ ဟိုကြည့်ဒီကြည့်တော့ Wii က Function

အတော်လေးစုံသဗျို့.... လတ်တလော Wii Channels ပါပြီးသားတွေက Wii နဲ့ Nintendo GameCube games တွေ ကစားလို့ရတယ်... Mii channel ဆိုတာမှာ ကိုယ်ကြိုက်တဲ့ အကောင်ကို Customize လုပ်လို့ရတယ်... Photo Channel ဆိုတာမှာ SD card က ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို တီဗွီမှာ တခါတည်းကြည့်လို့ရတယ်... အင်တာနက်နဲ့ ဆက်လိုက်ရင် Wii Shop Channel မှာ channel အသစ်တွေနဲ့ တခြားဟာတွေ Download လုပ်လုပ် ရှော့ပင်းပဲလုပ်လုပ်ရတယ်... Forecast Channel မှာ ကမ္ဘာအနှံ့က ရာသီဥတု အခြေအနေတွေကို ကြည့်လို့ရတယ်... News channel မှာ ကမ္ဘာအနှံ့က သတင်းတွေကြည့်လို့ရတယ်... function တွေကတော့ အများကြီးပဲ ဒါပေမဲ့ အကုန်တော့လုပ်မကြည့်ရသေးဘူး... သိပ်မလုပ်တတ်သေးတာလဲပါတယ်... သိတဲ့သူများ အကြံပေးသွားကြပါအုံး...

ဒါနဲ့ လိုရင်းကိုပြန်သွားရရင်... ဒီနှစ် ဖေဖေ့မွေးနေ့အတွက် သမီးစိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်တာကတော့ ဖေဖေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ချစ်မေမေရယ် သမီးတွေရယ်နဲ့အတူ နှစ်ပေါင်းများစွာနေထိုင်နိုင်ပါစေလို့...


Blog EntryOct 20, '11 8:49 PM
for everyone


လက်ရှိ ရုံတင်ပြသနေတဲ့ Real Steel  ရုပ်ရှင် ဇာတ်ကားရဲ့ နှလုံးအိမ်ဖြစ်တဲ့ သရုပ်ဆောင် Dakota Goyo နဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို ဖော်ပြချင်ပါတယ်... ဒီဇာတ်ကားရဲ့ မင်းသားဟာ နာမည်ကျော် သရုပ်ဆောင် Hugh Jackman ဆိုသော်ညား ဒီဇာတ်ကားမှာ ကလေးငယ်ရဲ့ အဖေကို ရင့်ကျက်လာအောင် တွန်းအားပေးရတဲ့ အဓိကအခန်းက ပါဝင်နေရတာပါ... သူဟာ အရင်က အသံသရုပ်ဆောင်အဖြစ် ကလေးအစီအစဉ် "Arthur"... ဟိုတစ်လောက ရုံတင်သွားတဲ့ "Thor" ဇာတ်ကားမှာ Thor ငယ်ငယ်က ကလေးသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်သွားခဲ့ပါတယ်... သူ၈နှစ်သားမှာ Resurrecting the Champ (၂၀၀၇)ဆိုတဲ့ဇာတ်ကားမှာ Young Artist Award for Best Performance in a Feature Film - Young Actor Age Ten or Younger ဆုကို Nominated စာရင်းထဲပါဝင်ခဲ့ပါတယ်... သို့သော် ယခု Real Steel ကားမှာ အဧိက သရုပ်ဆောင် နေရာကို ပထမဆုံး ခုန်တက်သွားနိုင်ခဲ့တာပါ...

မေး။ ။ သားမှာ တီဗွီ အစီအစဉ်ပဲဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် ခုထက်ထိ သရုပ်ဆောင်လာသမျှထဲမှာ အကြိုက်ဆုံး ဇာတ်ကောင်ရှိလား?

Goyo။ ။တကယ်တမ်းပြောရရင် ကျွန်တော် သရုပ်ဆောင်လာသမျှ ရုပ်ရှင်တွေနဲ့ သရုပ်ဆောင်လာသမျှ ဇာတ်ကောင်တွေအားလုံးကို ကြိုက်ပါတယ်... ဒါပေမဲ့ ခုကားမှာ Max က သူ့အဖေ ချားလီး(စ်) ကို ခပ်ရိုင်းရိုင်း စကားပြောတယ်... ဒါပေမဲ့ အဲဒါက တမျိုးတော် ပျော်ဖို့ကောင်းတယ်... အပြင်မှာ ကျွန်တော့ အဖေနဲ့ အမေကို အဲလို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလေ...

မေး။ ။ ချားလီး(စ်)က လူအရိပ်အခြေ နဲ့ အလိုက်မသိတတ်ဘူး... အဲလိုမျိုး ဇာတ်ကောင်မျိုးနဲ့ ဆန့်ကျင်ပြီးအလုပ်လုပ်ရတာ ဘယ်လို ခံစားရလဲ?

Goyo။ ။ တကယ်တော့ သူတို့ relationship မှာ Max ကတောင် အုပ်ထိန်းသူ (မိဘ) လိုဖြစ်နေတယ်... ချားလီး(စ်) က Max ကို ကလေးနေရာကနေ အဖေပုံစံရောက်အောင် လုပ်လိုက်တာ... သူ့အမေက သေသွားပြီ သူဟာ အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျနေမှာ အသိသာကြီး ဒါပေမဲ့ သူ့ အဖေကို သူပြန်ရလိုက်တယ်... အရင်က အဖေမပီသတဲ့ သူ့အဖေကို အဖေတစ်ယောက်လို ပြုမူနိုင်အောင် သူလုပ်နိုင်ခဲ့တယ်...

မေး။ ။ သားမှာရော Max လို personality ရှိလား?

Goyo။ ။ လုံးဝပဲ... ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေ စိတ်ဝင်စားတာကလွဲလို့ သူနဲ့တူတာ ဘာမှမရှိဘူး... ကျွန်တော်က PS3 ကစားရတာ အရမ်း ကြိုက်တယ်... UFC တို့ Call of Duty တို့ ကစားရတာ ကြိုက်တယ်...

မေး။ ။ စက်ရုပ်တွေနဲ့ အလုပ်လုပ်ရတော့ ဘယ်လိုနေလဲ?

Gayo။ ။ စက်ရုပ်တွေနဲ့ အလုပ်လုပ်တဲ့ အချိန်ကြာလာရင် သူတို့ဟာ တကယ့်လူတွေဖြစ်သွားတယ်... သူတို့မှာ personality ရှိတယ်... ခံစားချက်ရှိတယ် ဒီတော့ သူတို့နဲ့ အကြာကြီး အလုပ်လုပ်လိုက်ရင် သူတို့ဟာ တကယ်ဖြစ်သွားတယ်... နောက်ပြီး ကျွန်တော်က စက်ရုပ်တွေကို ချစ်တယ်... သူတို့နဲ့ အလုပ်တူတူလုပ်ရဖို့ဆိုတာ အရင်က တခါမှ မစဉ်းစားမိခဲ့ဖူးဘူး...

မေး။ ။ Rise of the Guardians ဆိုတဲ့ ရုပ်ရှင်ကားမှာ အသံ သရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာ ဘယ်လိုနေလဲ?

Goyo။ ။ အဲဒါက တကယ်ကြီးတဲ့ action ဇာတ်ကားပဲ Ewan McGreger နဲ့ အလုပ်လုပ်ရတာ ကောင်းတယ်... သူက အတော်လေး ရီရတယ်...

မေး။ ။ ဒါဆို အဲဒိ နောက်ခံစကားပြောတဲ့ အလုပ်ကို လုပ်တုန်းက စတီဒီယိုထဲမှာ တစ်ယောက်တည်းလား တခြားသူတွေနဲ့လား?


Goyo။ ။ ကျွန်တော် တွေ့ကြုံဖူးသမျှ အသံဖမ်း စတီဒီယိုတွေမှာတော့ ကျွန်တော် တစ်ယောက်ပဲပြောရတာပါ... ဇာတ်ကားအားလုံးပြီးသွားတော့ ကျွန်တော်တို့ တစ်ယောက်ချင်းပြောထားတာတွေကို ပေါင်းလိုက်တာ ကြည့်ရတော့ အရမ်းမိုက်တယ်...

မေး။ ။ Real Steel ဇာတ်ကား အောင်မြင်လာမယ်လို ထင်လား?

Goyo။ ။ သေချာတာကတော့ အဲဒိကားမှာ အားလုံးအတွက် တစ်ခုခုတော့ ပေးခဲ့ဖို့ ပါတယ်... အဲဒိကားက ကြည်နူးစေတယ်... ဒိအပြင် action - ထိုးနှက်မှု၊ အော်ဟစ်မှု၊ အငိုခန်း၊ ပျော်စရာအခန်း စတဲ့ စိတ်ခံစားမှုတွေ ပြည့်နေတဲ့ ဇာတ်ကားဖြစ်တယ်... သင်တို့ ကြည့်မယ်ဆိုရင် ခံစားချက်တွေ အပြည့်နဲ့ ကိုယ်တိုင် လက်ဝှေ့ထိုးနေရလိမ့်မယ်...

မေး။ ။ သားဒီကားကို ကြည့်တော့ နောက်ဘာလာမယ်ဆိုတာ သိနေတာတောင် စိတ်ထဲမှာ ခံစားပြီး ၀မ်းနည်းတာတွေ ရှိလား..?

Goyo။ ။ ကျွန်တော်တို့ရဲ့ စာရေးဆရာ John Gaden ရေးထားတာ ဒီထက်ကောင်းတာ မရှိလောက်တော့ပါဘူး... ကျွန်တော် ဒီကားကို ၅ ခါကြည့်ပြီးပြီ... ကြည့်တိုင် ကျွန်တော် အားမပေးတဲ့ မငိုတဲ့ မရီတဲ့ အခါမရှိပါဘူး... ဒီဇာတ်ကားရဲ့ မိနစ်တိုင်းကို ကျွန်တော်ကြိုက်ပါတယ်... ကျွန်တော့ သွေး၊ ချွေး၊ မျက်ရည်တွေက ဒီကားထဲမှာပါ... ကျွန်တော့အတွက်တော့ ဒါဟာ ကြီးမားတဲ့ ရလာဒ်တစ်ခုဖြစ်ပြီး ကျွန်တော့ကိုယ်ကျွန်တော်လဲ ဂုဏ်ယူပါတယ်...

မေး။ ။ အနာဂတ်မှာ ဘယ်လို ဇာတ်ကောင်စရိုက်မျိုးတွေ သရုပ်ဆောင်ချင်လဲ?

Goyo။ ။ ကျွန်တော်က 3:10 To Yuma လိုကားမျိုးကို ကြိုက်တယ် ပြီးတော့ Western Movies ကားမျိုးကို သရုပ်ဆောင်ချင်ပါတယ်... Western movies တွေသရုပ်ဆောင်ရတာ ပျော်စရာကောင်းမယ်ထင်တယ်... ဒါပေမဲ့ super hero ကားမျိုးတွေဆိုရင်လဲ မိုက်တာပဲ...

မေး။ ။ ဘယ် superhero ကို အကြိုက်ဆုံးလဲ?

Goyo။ ။ Marvel characters တွေ အကုန်လုံးကို ကြိုက်တယ်... အကြိုက်ဆုံးက ၂ယောက်ရှိတယ်... ဘယ်သူ့ကို ပိုကြိုက်လဲ ရွေးလို့မရဘူး... The Hulk ကို အရမ်းကြိုက်တယ်... အရမ်းကောင်းတဲ့ ဇာတ်ကားပဲ... The Hulk ကားတွေ အကုန်ကြည့်ပြီးပြီ... ပြီးတော့ Iron man, Iron man ကို အမြဲကြိုက်ခဲ့တာ...

မေး။ ။ ဒါဆို Jon Favreau (director of IRON MAN) နဲ့ အလုပ်တူတူလုပ်ချင်လား ?

Goyo။ ။ Iron Man! ကျွန်တော် အရမ်းကြိုက်တယ်... သူ ဒီကားကို ပြုလုပ်ရာမှာ အရမ်းတော်ခဲ့တယ်... နောက်ပြီး Cowboys and Aliens လဲ အရမ်းကောင်းတယ်... အဲဒိကားထဲက ဇာတ်ကောင်တွေလို သရုပ်ဆောင်ပြီး အရူးလိုလိုက်ပြောနေတာ အမေ့ကိုတောင် အနှောင့်အယှက်ဖြစ်တယ်... တစ်ချိန်လုံး အဲကားပဲ ကြည့်နေတာ...

မေး။ ။ တီဗွီအစီအစဉ်မှာရော ရုပ်ရှင်ရော လုပ်ဖူးသွားပြီဆိုတော့ ခု ရုပ်ရှင်မှာပဲ နေဖို့ စိတ်ကူးရှိလား?

Goyo။ ။ ရုပ်ရှင်တွေရိုက်ရတာကို ခုပျော်နေတယ်... ရုပ်ရှင်တွေဆက်ရိုက်တာ ကျွန်တော့်အတွက် ကောင်းမယ်ထင်တယ်...

မေး။ ။ တစ်နေ့မှာ ဘယ်သူနဲ့ အလုပ်လုပ်ချင်ဆုံးလဲ?

Goyo။ ။ ကျွန်တော် Spielberg နဲ့ အလုပ်တူတူလုပ်ချင်တယ် သူ့ကိုတစ်ခါမှ မတွေ့ဖူးပင်မဲ့လဲ သူ့ကောင်းကြောင်းတွေကြားတယ်... မဟုတ်ပဲတော့ လူတွေက ပြောမှာမဟုတ်ဘူး... သူက သဘောကောင်းတယ်လို့ကြားတယ်... သူနဲ့တွေ့ချင်တယ်...


Real Steel ရုပ်ရှင်ကားဟာ ခုရုံတင်ပြသနေပြီး Goyo ဟာ Personality ကောင်းပြီး Hollywood ခရီးကို အောင်မြင်စွာလှမ်းလျှောက်နေပါတယ်...

Source GeekTyrant
http://www.mcgeeks.com/exclusive-interview-real-steel-child-star-dakota-goyo

Blog EntryOct 18, '11 7:35 PM
for everyone
ဒီရုပ်ရှင်ကားကို ကြော်ငြာတွေ့ကတည်းက ကြည့်ချင်ခဲ့တာပါ... ကြည့်ချင်ရတဲ့ အဓိက အချက်ကတော့ ၂ ချက်ရှိပါတယ်... ၁ ချက်က Hugh Jackman က မင်းသားဖြစ်တာ တစ်ကြောင်း... နောက် ၁ချက်ကတော့ ရုပ်ရှင်ကားတွေမှာ အဓိက ကလေးသရုပ်ဆောင်လေးတွေပါရင် ကျွန်မက သဘောကျပါတယ်... အထူးသဖြင့် သရုပ်ဆောင်ကလေးက ချစ်ဖို့ကောင်းရင် ကြည့်ချင်ပါတယ်...

ဇာတ်လမ်းကတော့ ကြော်ငြာကြည့်ကတည်းက ခန့်မှန်းလို့ရပါတယ်... သို့သော် တကယ်သွားကြည့်လျှင်လဲ ပရိတ်သတ်ကို စိတ်မပျက်စေပါဘူး... ကျွန်မကတော့ သဘောကျပါတယ်... နောက်ဆုံးခန်းမှာဆို ဘာရယ်ညာရယ်မဟုတ် ကိုယ်ပါလိုက်ငိုနေမိသေးတယ်... (အသည်းငယ်တတ်လို့ပါ)...

ဇာတ်လမ်း အကျဉ်းကတော့...
၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ်... ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်... သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ သူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင် သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်... ထိုကလေးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်...

ရေဆာတုန်း ရေတွင်းထဲကျသလိုဖြစ်သွားတဲ့ ချားလီး(စ်)ဟာ... သူ့ သားကို ကြည့်တောင် မကြည့်ပဲ ဒေါ်လာ $100,000 ပေးရင် ပေးမယ်ဟု အဒေါ်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ညှိလိုက်ပါတယ်... သို့သော် သြဂုတ်လရောက်တဲ့အထိတော့ ကလေးကို သူက ခဏကြည့်ပေးရမယ်ဖြစ်ပါတယ်...

ထိုသို့ဖြင့် သူ၏သား Max နဲ့ စတင်တွေ့ရှိခဲ့ပါတယ်... သူ့သားကလဲ သူ့ထက်ပင် ဂျစ်ကန်ကန် ခေါင်းမာတတ်ကာ ထက်မြတ်သော ကောင်လေးတစ်ယောက်ဖြစ်ပါတယ်... သူ့အဖေ သူ့ကို ငွေဖြင့်ရောင်းစားသည်ကိုလဲ ကောင်းစွာနားလည်သူဖြစ်ပါတယ်... သို့သော် အဖေတူသားပီပီ သူကလဲ ကွန်ပြူတာဂိမ်းနဲ့ စက်ရုပ်များကို ၀ါသနာထုံသူဖြစ်ပါတယ်... ချားလီး(စ်) ဟာ သူ့သား ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ စက်ရုပ် Noisy Boy ကို ၀ယ်ယူကာ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း ထိန်းချုပ်မှု မကျွမ်းကျင်သောကြောင့် ထပ်မံဖြတ်ဆီးခံခဲ့ရပြန်ပါတယ်...


ချာလီး(စ်)ဟာ သူ့သားနဲ့ သတ္တုတွေပစ်တဲ့ နေရာကို ခိုးဝင်ကာ အသုံးပြုလို့ရမဲ့ စက်ရုပ်အပိုင်းအစများကို ရှာဖွေဖို့ သွားခဲ့ပါတယ်... အဲဒိမှာ သူ့သား Max မတော်တဆ ချောက်ထဲပြုတ်အကျ ကမ်းပါးမှာ ထွက်နေတဲ့ စွန့်ပစ်ထားတဲ့ စက်ရုပ်ရဲ့လက်နဲ့ ငြိပြီး အသက်ချမ်းသာခဲ့ပါတယ်... Max ဟာ မြေကြီးတွေကိုဖယ်ကြည့်လိုက်တဲ့အခါ ATOM ဆိုတဲ့ စက်ရုပ်ကို ရှာတွေ့ပြီး သူ့အသက်ကို ကယ်တဲ့ စက်ရုပ်ကို ယူလာချင်ပါတယ်... ချာလီး(စ်)က သဘောမတူသော်လည်း သူ့အားသူကိုးကာ ဇွတ်ယူလာခဲ့ပါတယ်... ဒီအခါမှာတော့ ချာလီး(စ်) Max နဲ့ စက်ရုပ် ATOM တို့ရဲ့ ဂန္ဒ၀င်ခရီးလမ်း အောင်ပွဲတွေစတင်လာတဲ့အပြင်.... အဖေနဲ့ သားရဲ့ သံယောဇဉ် နားလည်မှု ဂရုစိုက်မှု တူညီမှုတွေလဲ စတင်လာပါတော့တယ်... ချားလီး(စ်)တစ်ယောက် သူ့သား Max ရဲ့ လိုအင်ကို ဖြည့်စည်းပေးနိုင်ပါ့မလား... Max ကရော သူ့အဖေကို ချစ်သလား မုန်းသလား... ဖန်သားပြင်ပေါ်မှာရှူစားကြပါရှင်... အောက်က ဝေဖန်ရေးမှာတော့ spoiler တွေပါတဲ့အတွက် spoiler alert အောက်ပိုင်းကို မကြိုက်လျှင် ဆက်မဖတ်ကြစေရန်....



ဝေဖန်ရေး...

မဗေဒါ ရေးပြီဆိုကတည်းကတော့ မဗေဒါကြိုက်တဲ့ ကားမို့ဆိုတာ သိသာပါတယ်... မဗေဒါကြည့်ချင်တဲ့ Hugh Jackman ကို အပိုစာလား ၀တ်စုံတွေ မပါပဲ သာမာန်ပုံ ကြည့်ရတယ်... ကလေးလေးကလည်း မဗေဒါထင်တာထက်ချစ်စရာကောင်းပြီး စတိုင်မိုက်သလို သရုပ်ဆောင်ကလည်း superb ပဲ... (အဲလို ချစ်ဖို့ကောင်းတဲ့ သားလေးလိုချင်တယ်)... အစက Hugh Jackman ကြည့်ချင်လို့သွားတာ ပြန်လာတော့ အဲဒိကလေးကို အသဲစွဲသွားတယ်...

Animation တွေကကောင်းတော့ တကယ့်လူနဲ့ စက်ရုပ်တွေကို ရိုက်တဲ့အတိုင်းပဲ... ဘယ်လိုလုပ်လဲ အကြမ်းဖျင်း သိချင်လို့ ရှာကြည့်လိုက်တော့... Animatronics ဆိုတဲ့ နည်းကို အသုံးပြုပြီးရိုက်သတဲ့... ရှင်းပြရင် လိုရင်းပျောက်မှာဆိုးလို့... ဒိထက်သိချင်ရင် Google လိုက်နော်... မဗေဒါလဲ ရှင်းပြရလောက်အောင် မသိလို့... လူတွေ လက်ဝှေ့ထိုးတဲ့ကားကြည့်ရင် ရင်မောရလွန်းလို့ ခုတော့ စက်ရုပ်တွေထိုးတာဆိုတော့ နည်းနည်းဖြေသာသေးတယ်... အဲဒိစနစ်အပြင်မှာထွင်လိုက်လဲကောင်းတာပဲ...

ဒီလိုကားမျိုးဟာ နောက်ဘာဖြစ်မယ်ဆိုတာကို မှန်းလို့ရတဲ့ ဇာတ်လမ်းမျိုးပါ... အဆုံးဘယ်လိုသတ်မလဲဆိုတာလဲ ခန့်မှန်းလို့ရပါတယ်... သို့သော် ဒီကားဟာ သားအဖ ၂ယောက်ကြား သံယောဇဉ်က ရင်ကိုအေးမြစေပြီး အကြမ်း အလွမ်း ဟာသ လှုပ်ရှားမှု စိတ်ခံစားမှု စတာတွေနဲ့ ပြည့်စုံတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်....

Spoiler
ဒီကားမှာ Hugh Jackman ရဲ့ ဇာတ်ကောင် ချားလီး(စ်)ဟာ တာဝန်မယူတတ်တဲ့ တဇွတ်ထိုးသမား သူ့အတွက်ပဲ သူကြည့်ကာ ဖခင်ကောင်းမပီသသူတစ်ယောက်ဖြစ်တယ်... သို့သော် သူ့ကိုအနားမှာ နားလည်ပေးတဲ့သူတွေရှိတယ်... သူ့သားလေးဟာ သူ့ထက်ငယ်ပင်မဲ့ သူ့ထက်ရင့်ကျက်တယ်လို့ ကျွန်မမြင်တယ်... ဘယ်ဟာ လုပ်သင့်တယ် မလုပ်သင့်ဖူးဆိုတာကို အခြေအနေကြည့်တတ်တယ်... ထိန်းချုပ်နိုင်စွမ်းရှိတယ်...သူ့အဖေက သူနဲ့နေရင် ဘ၀အတွက်မကောင်းလို့ သူ့အဒေါ်တွေနောက်ထည့်တော့ သူ့မှာ စက်ရုပ် ချန်ပီယံ Zeus နဲ့ စိန်ခေါ်ထားတဲ့ ပွဲကို ပြိုင်ချင်လို့ မလိုက်ချင်ပင်မဲ့ သူလိုက်သွားခဲ့တယ်... နောက်ဆုံးအချက်ကတော့ သူဟာ သူ့အဖေကို ခွင့်လွှတ်ပြီး သူ့အဖေ ထူးချွန်ထက်မြတ်တာကို ဂုဏ်ယူတဲ့ ကလေးတစ်ယောက်ဖြစ်တယ်...
နောက်ဆုံးခန်းမှာ သူ့အဖေက စက်ရုပ်ကို Shadow detection mode ကို ပြောင်းပြီး သူထိုးတဲ့ပုံအတိုင်းလိုက်ထိုးတဲ့ အခန်းမှာ... သူ့သားလေးက သူ့အဖေကိုကြည့်ပြီး ဂုဏ်ယူ ၀မ်းသာတဲ့ မျက်ရည်ကျတဲ့ အခန်းမှာ ကျွန်မတော်တော်လေး heart ထိလို့ လိုက်ငိုမိသေးတယ်... သူ့သားဟာ သူ့အဖေကို နားလည်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြပါတယ်... ဒီဇာတ်လမ်းအသိမ်းမှာ သားအဖ ၂ယောက် အတူတူနေမလား... သူ့ကို မွေးစားထားတဲ့ အဒေါ်လင်မယားနဲ့ပဲနေမလားဆိုတာကတော့ ဒွိဟပွားစရာပါ... ရုပ်ရှင်သဘောအရ သားအဖ ၂ယောက်တူတူနေတယ်ဆိုပြီးဖြစ်သွားနိုင်သလို (အရင်ခေတ်က ရုပ်ရှင်ကားများ ပုံစံ)... reality အတိုင်း သူ့သားက သူ့မွေးစားမိဘ သူ့အဒေါ်တွေနဲ့ပဲနေတယ်ဆိုပြီး ဖြစ်နိုင်ပါတယ်.... spoiler ပြောရရင်တော့ ကလေးက သူ့အဒေါ်တွေနဲ့ပဲနေရမှာပါ... ဒါဟာလဲ ကျွန်မစိတ်ထင်တော့ ကလေးအတွက်ပိုကောင်းတဲ့ ရွေးချယ်မှုပါ... အဖေနဲ့တူတူမနေရလို့ စိတ်မကောင်းသလိုဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့... သူ့အဒေါ်ကလဲ ကလေးကို ချစ်ရှာပါတယ်... တိုးတက်ဖို့လမ်းရှိပါတယ်...

ဒါနဲ့ အဲဒိကားထဲက Max အဖြစ်သရုပ်ဆောင်သွားတဲ့ ကလေးလေးရဲ့ နာမည်ကတော့ Dakota Goyo လို့ခေါ်ပါတယ်... (Dakota Funning ရဲ့မောင်မဟုတ်ပါဘူး) သူ့ကို စက်ရုပ်နဲ့ တူတူ ကတဲ့ အခန်းတွေမှာ ဒီကလေးလေး တော်တော် cool ဖြစ်တယ်လို့ တွေးမိတယ်... ကြီးလာရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တော့မယ်လို့ ထင်တာပဲ... ကြီးလာရင်လဲ မင်းသားဖြစ်ဖို့မျှော်လင့်ပါတယ်... ဒီကလေးဟာ သူ၈နှစ်သားမှာ Resurrecting the Champ (၂၀၀၇)ဆိုတဲ့ဇာတ်ကားမှာ Young Artist Award for Best Performance in a Feature Film - Young Actor Age Ten or Younger ဆုကို Nominated စာရင်းထဲပါဝင်ခဲ့ပါတယ်... အဲဒိကားရှာကြည့်အုံးမယ်...

Hugh Jackman နဲ့ Dakota Goyo ကို ဒီကားနဲ့ပတ်သတ်ပြီး အင်တာဗျူးထားတာကို နောက်ပိုစ့်နဲ့ ဆက်လက်ဖော်ပြပါအုံးမယ်...






ကိုယ့်လက်သည်းလေးပေါ်မှာ shooting Star ပုံလှလှလေး ဆိုးကြရအောင်...

ပထမဆုံး လက်သည်းမပျက်စီးအောင် နဲ့ လက်သည်းနီကြာရှည်ခံစေရန် Base coat အောက်ခံ လက်သည်းဆိုးဆေးကို ဆိုးပါ....
Photobucket

ဒုတိယအနေနဲ့... ကိုယ်လိုချင်တဲ့ အောက်ခံ အရောင်ကို ဆိုးပါ... အဖြူ သို့မဟုတ် အမဲ သို့မဟုတ် ကောင်းကင်ပြာရောင်လေးတွေဆိုရင် လိုက်ဖက်မယ်လို့ထင်ပါတယ်... ကျွန်မကတော့ အပေါ်မှာ ရွှေရောင်ဆိုးမှာဖြစ်တဲ့အတွက် အနက်ရောက်ကို အောက်ခံထားလိုက်ပါတယ်... ခြောက်တဲ့အထိ ခေတ္တစောင့်ပါ...

Photobucket

ပြီးလျှင် အပေါ်မှ ရွှေရောင်အလက် သို့မဟုတ် ငွေရောင် အလက် ကို လက်သည်းကို ဖြတ်ပြီး ကြယ်ကြွေနေတဲ့ လမ်းကြောင်းပုံအတိုင်းဆိုးပါ... အဖြူအခံဆိုးထားတဲ့သူများအတွက် အပြာရောင် သို့ ပန်းရောင်စတဲ့ ထင်ပေါ်မဲ့အရောင်များကို သုံးနိုင်ပါတယ်... ကြယ်ကြွေလမ်းကြောင်းကို အပြင်ဘက် (outward) သို့မဟုတ် အတွင်းဘက် (inward) ကိုယ် လွယ်ကူမယ်ထင်သလို ဆိုးလို့ရပါတယ်... မဗေဒါက အပြင်ဘက်ထွက်တာကို လက်သန်လို့ အဲလိုပဲဆိုးလိုက်ပါတယ်...

မှတ်ချက်။    ။ ထိုသို့ ဆိုးဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဆိုးတံသေးသေးလေးပါတဲ့ stripper nail art polish ကိုသုံးရပါတယ်... အဲဒိ stripper တွေက ရိုးရိုးလက်သည်းနီတွေထက် ဈေးအနည်းငယ်ကြီးပင်မဲ့ nail art ကို စိတ်ဝင်စားတဲ့ ပျိုပျိုမေတို့အတွက် အလွန် အသုံးဝင်တဲ့အတွက် အခြေခံ ကိုယ်လိုအပ်မဲ့ထင်တဲ့အရောင်ကို ယ်ကာတခြားအရောင်များအောက်ခံထားပြီးဆိုးနိုင်ပါတယ်...ကျွန်မကတော့ ရွှေရောင်၊ ငွေရောင်နဲ့ အစိမ်းရောင်လေးကို ၀ယ်ထားပါတယ်... ဒါပေမဲ့ ခုတော့ အခြေခံရောင်ဖြစ်တဲ့ အဖြူနဲ့အနက်ကိုလဲ ထပ်ဝယ်ဖို့လိုနေပြီထင်ပါတယ်... မဗေဒါဆိုးထားတာ ကြယ်ကြွေတဲ့ လမ်းကြောင်းက အရမ်းကြီးပြီး သိပ်မလှဖူးဖြစ်နေပါတယ်... လောဘကြီးပြီး မပေါ်မှာစိုးလို့ ဆိုးလိုက်တာ အရမ်းများသွားပါတယ်.. ထိုသို့မဖြစ်အောင် သင်ခန်းစာယူပါလေ... :P
Photobucket
ဟောဒီလို brush သေးသေးလေးပါတဲ့ လက်သည်းနီနဲ့ ဟောဒီလို ကြယ်ကြွေလမ်းကြောင်းကို ဆွဲပါ.. မဗေဒါဆွဲသလို လမ်းကြောင်း သိပ်မကြီးသွားစေရန် သတိပြုပါ...

နောက်ဆုံး အဆင့်အနေနဲ့ မဗေဒါမှာ အသင့်ရှိပြီးသား ကြယ်လေးတွေပါတဲ့ လက်သည်းနီကနေ သွားကြားထိုးတံလေးနဲ့ ကြယ်တစ်လုံးစီကို ယူပြီး ကြယ်ကြွေလမ်းကြောင်းရဲ့ ထိပ်နားလေးမှာ တင်လိုက်ပါတယ်...
Photobucket
ကြယ်လေးတင်ပြီးသွားပြီ သိပ်တော့ မမြင်ရသလိုပဲ...

နောက်ဆုံးအနေနဲ့ အားလုံးခြောက်သွားပြီဆိုလျှင် ပြောင်လက်သွားစေရန်၊ ၃မျိုးလုံး ပူပေါင်းသွားဝေရန်နှင့် ဆိုးထားသောလက်သည်းများ ကြာရှည်ခံစေရန်၊ ပဲ့ထွက်ခြင်းလျော့နည်းစေရန် ကာကွယ်တဲ့အနေနဲ့ Top Coat ကို ထပ်ဆိုးပါတယ်... ဒါဆိုရင်တော့ Shooting Star လက်သည်းအနုပညာပြီးဆုံးပါပြီ... အားလုံး လက်သည်းမှာ ကြယ်ပွင့်နိုင်ကြပါစေနော်....
Photobucket
ကုန်ပေါက်ဖြစ်နေတဲ့ မဗေဒါရဲ့ လက်သည်းနီ collection ပါ... I like it


"City Hunter" ရုပ်ရှင်ကားထဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော လီမင်ဟိုနဲ့ မင်းသမီးချော ပတ်(ခ်)မင်ယောင်း တို့ ၂ဦးဟာ ရုပ်ရှင်ဇာတ်ကားအပြီး ဆက်လက်တွေ့ဆုံလည်ပတ်နေကြတာကို တွေ့ရှိတဲ့ ပရိတ်သတ်အချို့နဲ့ သတင်းထောက်တွေရဲ့ မေးမြန်းချက်များ အင်တာနက်မှာဓာတ်ပုံနှင့်တကွ ပျံ့နှံ့လာပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့မှာ သူတို့ ၂ယောက် တစ်ယောက်ကို တစ်ယောက်ခုလို ရင်းနှီးနေတာ (တနည်းအားဖြင့် ချစ်သူတွေဖြစ်နေတာ) ၁ လလောက်ရှိပြီဖြစ်ကြောင်း သူတို့ အေးဂျင့်တွေက ခုလို ပြောကြားခဲ့ပါတယ်...

လီမင်ဟိုရဲ့ အေဂျင်စီ StarHaus Entertainment Agency က ပြောရေးဆိုခွင့်ရှိသူက"သူတို့ ၂ယောက် အလုပ်အတူတူလုပ်စဉ် အချိန်အတွင်း၊ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်မှုကို ခံစားလို့ ရခဲ့ပုံရပါတယ်... ခုဆိုရင် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်လာနိုင်တဲ့ အဆင့်ရောက်အောင် လေ့လာနေကြပါတယ်"Park Min Young ရဲ့ King Kong Entertainment Agency ကတော့"သူတို့ ၂ယောက် ဒီရုပ်ရှင်ကားမှာ အတူတူ သူရုပ်ဆောင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ အတော်လေး မျှပါတယ်.. ကြည့်ရတာ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ရှင်ရိုက်နေတဲ့ အချိန်မှာ သံယောဇဉ်တွယ်ပြီး ဇာတ်ကား ရိုက်အပြီးမှာ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားခဲ့ပုံရပါတယ်"
Source:www.allkpop.com

၂ဦး လုံးရဲ့ အေးဂျင့်တွေက"သူတို့ ၂ယောက် တစ်ယောက်ကို တစ်ယောက် စတင်စိတ်ဝင်စားလာတာ ၁လလောက်တော့ ရှိပါပြီ... ကျန်တာကတော့ သူတို့တွေရဲ့ကိုယ်ရေးကိုယ်တာ ဖြစ်တာကြောင့် ဒီထက်ပိုပြီးတော့ မပြောကြားနိုင်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်...

ထိုအဖြေကို အင်တာနက်မှ ပရိတ်သတ်များနှင့် သတင်းထောက်များက သူတို့ ၂ယောက် ချစ်သူဖြစ်နေကြပြီဟု ယူဆပါတယ်... (ကျွန်မဆိုလဲ ယူဆမှာပဲ.. ဒါပေမဲ့လဲ relationship ဆိုတာ ရှုပ်ထွေးပါတယ်... ဒီတော့လဲ အပြစ်မပြောပါဘူး)... တချို့ကလဲ ၀မ်းသာကြသလို မင်းသားပရိတ်သတ်တချို့ကတော့ စိတ်မကောင်းကြပါဘူး... (မင်းသားရည်းစားရတာနဲ့ သူတို့ စိတ်မကောင်းဖြစ်တာ နားမလည်နိုင်ပါဘူး... ဒီတစ်ယောက်နဲ့ မကြိုက်လဲ သူတို့ရမှာကျနေတာပါပဲ... ကျွန်မအတွက်ကတော့ ကိုယ်ကြိုက်တဲ့မင်းသား ပျော်ရင်ပြီးတာပါပဲ... တော်ပါသေးရဲ့ Boys over flower ထဲက မင်းသမီးကြီးနဲ့ မဟုတ်တာကိုပဲ ကျွန်မက ကျေနပ်လှပြီ... ဒီမင်းသမီးလေးနဲ့ လိုက်ဖက်တယ်လို့ ထင်တယ်)...

သို့သော် သြဂုတ်လ ၂၃ရက်နေ့မှာ လီမင်ဟိုရဲ့ အေဂျင်စီက သူတို့ ၂ယောက် ချစ်သူတွေ မဟုတ်သေးပါဘူးဆိုတာကို သတိရှိရှိ ပြန်လည် ငြင်းဆန်လိုက်ပါတယ်... ပြောရေးဆိုခွင့်ရှိသူက"သူတို့၂ယောက် သိတာ တော်တော်လေးကြာပြီဖြစ်တဲ့အတွက် ခုဆိုရင် သူငယ်ချင်းတွေဖြစ်နေကြပါပြီ... City Hunter ဇာတ်ကားအပြီးမှာ သူတို့ ၂ယောက် အပြင်မှာ တွေ့ဖြစ်ကြပါတယ်... ဒါကို ချိန်းတွေ့တယ်လို့ ပြောဖို့ ခက်ပါတယ်... သူတို့၂ယောက် ခုမှ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားရုံပဲရှိပါသေးတယ်... တစ်ယောက်အကြောင်း တစ်ယောက် ပိုသိတဲ့အချိန်ကျမှ သူတို့တွေ ချစ်သူဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်... ဒါကြောင့် သူတို့ ချစ်သူတွေဖြစ်နေပြီဆိုတာကို ပြောဖို့ စောပါသေးတယ်... သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက်ကြောင့် ဒီထက်ပိုပြီး ကျွန်တော်တို့ မပြောချင်တော့ပါဘူး..." လို့ ပြောကြား ငြင်းဆိုခဲ့ပါတယ်...

ကျွန်မအတွက်တော့ ဘယ်မင်းသား၊ မင်းသမီး ရည်းစားရသွားပြီ ကြိုက်နေကြပြီဆိုတာက သတင်းအချက်အလက်တစ်ခု အနေနဲ့ စိတ်ဝင်စားလို့ ဖတ်တာလောက်ပဲရှိပါတယ်... မင်းသားရည်းစားရလို့ အသဲကွဲတာတို့ မင်းသမီးကို မုန်းတဲ့ ပရိတ်သတ်များလာတာတို့ မဖြစ်သင့်ပါဘူး... အဲဒိမင်းသမီးနဲ့ မကြိုက်လဲ သူက ကိုယ့်လာကြိုက်မှာမှ မဟုတ်တာ... ၂ဦး ၂ဖက်ကျေနပ်နေရင်ပြီးတာပါပဲ... အဓိကက ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး ပျော်ရင်ပြီးတာပါပဲ... ဘာပဲဖြစ်ဖြစ် သူတို့ ၂ယောက်က ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးဖြစ်တာတစ်ကြောင်း .. အသက်အရွယ်မတိမ်းမရိမ်းနဲ့ ၂ယောက်လုံးကို လိုက်ဖက်တာတစ်ကြောင်းကြောင့် ကျွန်မကတော့ သူတို့ တစ်ကယ်ကြိုက်မယ်ဆိုရင် သူတို့အတွက် ၀မ်းသာပါတယ်လို့.... သတင်းကို သိတာ ၁လကျော်နေပင်မဲ့ မအားလို့ မတင်ဖြစ်တာ... ခုမှ တင်ဖြစ်တော့ သိတဲ့သူတွေတောင် တော်တော်များနေလောက်ပြီ...

Source: www.allkpop.com

Blog EntrySep 30, '11 8:51 PM
for everyone
ဘ၀မှာ သေချာတဲ့ အရာကို ပြပါလို့ဆိုရင် ပြောင်းလဲခြင်းသဘောတရားကိုပဲ လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်... လူ့ဘ၀ဟာ တစ်သက်မတ်တည်းသွားနေတဲ့ လမ်းဖြောင့်တစ်ခုမဟုတ်ပါဘူး... အခြေအနေတွေ အချိန်အခါတွေအလိုက် ကျွန်မတို့တွေ ရွေးချယ်ရတယ်... ဆုံးဖြတ်ချက်တွေချရတယ်... လိုအပ်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ရပါတယ်... အပြောင်းအလဲဆိုတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကနေ ကျွန်မတို့တွေဟာ သင်ယူကြတယ် ညှိုနှိုင်းကြတယ် တွေးခေါ်နားလည်ကြပါတယ်...
ကျွန်မတို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲမှု
ကျွန်မတို့ရဲ့ အနေအထိုင် ပြောင်းလဲမှု
ကျွန်မတို့ရဲ့ ဘ၀အပေါ်ထားတဲ့ အမြင်နဲ့ ယုံကြည်မှုတွေပြောင်းလဲမှု
အဲဒိ အမြင်ပေါ်မူတည်ပြီး ကျွန်မတို့ရဲ့ အမူအကျင့်တုံ့ပြန်မှုတွေ ပြောင်းလဲမှု တွေဖြစ်ပေါ်နေတာပါ...

ယနေ့ ကျွန်မရောက်နေတဲ့ ကျွန်မရပ်တည်နေတဲ့ နေရာ အတွေးအခေါ် ယုံကြည်မှုဟာ လွန်ခဲ့တဲ့ ၁ နှစ်ကနဲ့ တူချင်မှတူတော့မယ်... ကောင်းလာတာလဲ ရှိမယ်... ဆိုးသွားတာလဲရှိမယ်.... ဒါပေမဲ့ ကောင်းတယ်ဆိုးတယ်ဆိုတာတွေကို ဘာပေတံနဲ့မှ အသေအချာတိုင်းလို့မရဘူး... အားလုံးက တစ်ယောက်စီရဲ့ အမြင်ပေါ်မှာမူတည်တယ်... (စာကြွင်း... များသောအားဖြင့်တော့ ကောင်းတယ်ဆိုတယ်ဆိုတာကို အများက လက်ခံထားတဲ့ စံနဲ့တိုင်းတတ်ကြတယ်... ဒါပေမဲ့ လူတစ်ယောက်ရဲ့ဘ၀ထဲက သူ့ရွေးချယ်မှုဟာ ဘယ်သူ့ကိုမှ မထိခိုက်ဖူးဆိုရင်တော့ သူ့စံနဲ့ပဲ တိုင်းသင့်တယ်လို့ ကျွန်မထင်တယ်... )...

လူတစ်ယောက်ဟာ ကိုယ့်ဘ၀မှာ ဘာတွေပြောင်းလဲသွားလဲ အဲဒိပြောင်းလဲမှုတွေက ကိုယ့်ကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတာကို သတိထားဆင်ခြင်နေသင့်တယ်... ဒီလိုမှ ကိုယ့်ကိုကိုယ် ပိုနားလည်လာစေနိုင်တယ်... ကျွန်မဘ၀ရဲ့ ပြောင်းလဲမှုတွေ အတွေးအခေါ်တွေကို ကျွန်မအတွေ့အကြုံပေါ်မူတည်ပြီး ဒီဘလော့ပေါ်မှာ ချရေးခြင်းဖြင့် မတွေ့ကြုံဖူးသေးတဲ့သူတွေကိုလဲ ကျွန်မ အတွေးတွေကို မျှဝေသလို စာဖတ်သူတွေရဲ့ ဘ၀အတွေ့အကြုံ အပြောင်းအလဲတွေကိုလဲ သတိထားဆင်ခြင်ဖြစ်အောင် အားပေးဖို့ ရည်ရွယ်တယ်...

နိဒါန်းတွေကို ရှည်ရှည်ဝေးဝေး ကြီးကြီးကျယ်ကျယ်ရေးနေတာ ဘာမှ မဟုတ်ပါဘူး... ကျွန်မဘ၀အတွက် အထိုက်အလျှောက်ကြီးမားတဲ့ အပြောင်းအလဲတွေကို ကျွန်မ ဒီနှစ်ထဲမှာ လုပ်ဖြစ်ခဲ့တယ်... ၁ ခုက ကျွန်မယခင်က တက်ခဲ့တဲ့ အင်ဂျင်းနီးယားရင်းမေဂျာကနေ ယခု ကျွန်မ စိတ်ပါဝင်စားတဲ့ Multimedia Technologies and Design ဆိုတဲ့ မေဂျာကို ကျွန်မရဲ့ ရှေ့ဆက်ပညာရေးအတွက် ရွေးချယ်လိုက်တယ်... နောက်တစ်ခုက ကျွန်မ ၄နှစ်နီးပါး အလုပ်လုပ်လာတဲ့ အလုပ်ကနေပြီး နောက်အလုပ်တစ်ခုပြောင်းလိုက်တယ်... ဒီလို အပြောင်းအလဲတစ်ခုကို ရွေးချယ်ဖို့ ကျွန်မအတွက် မလွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ... ယခင်က စိတ်နဲ့ဆိုရင်တော့ ဒီအပြောင်းအလဲကို လုပ်ဖြစ်မှာမဟုတ်ပါဘူး... ခုလို လုပ်ဖြစ်သွားဖို့ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အတွေးအခေါ်နဲ့ ယုံကြည်ချက်ပြောင်းလဲမှု တွေအများကြီးမူတည်ပါတယ်...

၁) ပညာရေးလမ်းကြောင်း အပြောင်းအလဲ

ဒါဆို ဘယ်လို အတွေးအခေါ်တွေ ပြောင်းလဲမှုက ကျွန်မကို ဒီလိုင်းကို ရွေးစေခဲ့တာလဲ... လူငယ်တော်တော်များများရဲ့ ရွေးချယ်မှုကို သူတို့ရဲ့ အုပ်ထိန်းသူတွေ ပတ်ဝန်းကျင်တွေ လူတွေသတ်မှတ်ထားတဲ့ ကောင်းတယ် မကောင်းဘူးဆိုတာတွေက ဘောင်ခတ်ထားလေ့ရှိတယ်... ဒါကလဲ လုံးလုံးမှားတယ်လို မဆိုနိုင်ပါဘူး... ကိုယ်ဘာလုပ်ချင်မှန်း ရေရေရာရာ ဘာကို စိတ်ဝင်စားမှန်း မသိသေးခင်မှာ လူကြီးတွေရဲ့ လမ်းပြမှုနဲ့ လမ်းမှန်ပေါ်ရောက်သွားတဲ့သူတွေလဲ အများကြီးပါပဲ... ကျွန်မလဲ လူကြီးတွေရဲ့ စီမံလမ်းပြမှုကြောင့် ယနေ့ရောက်နေတဲ့ နေရာကို ရောက်လာတဲ့အတွက် အင်ဂျင်နီးယားရင်းရွေးချယ်ခဲ့ရမှုကို နောင်တတော့ မရပါဘူး... (အဲဒိအချိန်က အခြေအနေနဲ့ အချိန်အခါက ဒီလမ်းက အကောင်းဆုံးဖြစ်နေတာတစ်ကြောင်း ကျွန်မကိုယ်တိုင်လဲ ဘာကို စိတ်ဝင်စားမှန်း သေသေချာချာမသိတာကတစ်ကြောင်း ကြောင့်ပါ)...

အင်ဂျင်နီးယားရင်းကို မမုန်းဘူးဆိုပေမဲ့ ကျွန်မ စိတ်ဝင်တစားနဲ့ အားတက်သရော ဖြစ်လှတယ်တော့ မဟုတ်လှပါဘူး... (personally... ဆရာဝန်ထက်စာရင်တော်ပါသေးတယ်... ကျွန်မအတွက်ကိုပြောတာနော်)...  အချိန်တန်စာမေးပွဲအောင် လူတန်းစေ့ အလုပ်ရ၊ ပိုက်ဆံရှာ ဒါတွေအားလုံးကို သူများတန်းတူ ကျွန်မလိုက်လုပ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်မဘာကို သွားသတိထားမိလဲဆိုတော့ ကျွန်မ အလုပ်လုပ်နေတာ ပိုက်ဆံရရုံသက်သက်ပါပဲ... အလုပ်အတွက် ဘာခံစားချက်မှမရှိပါဘူး... ရှင်းရှင်းပြောရရင် စိတ်ဝင်စားမှုလဲမရှိဘူး... ကြိုးစားချင်စိတ်လဲမရှိဘူး... ငါ့ ရာထူးနဲ့ ဒီလောက်လခနဲ့ ကျေနပ်တယ်... ပိုခိုင်းရင်လဲမကြိုက်ဘူး... အလုပ်ဆင်းချိန် ဒေါင်ဆိုတာနဲ့ ပြန်ချင်တယ်... အလုပ်ထဲက လူတွေကိုလဲ ခင်လှတယ်မရှိပါဘူး... ဒါတွေက ကျွန်မကျောင်းပြီးစ အသက် ၂၁ အရွယ်က ခံယူချက်တွေပါ...

အချိန်နဲ့ ဒီရေဟာလူကို မစောင့်ဆိုတဲ့အတိုင်းပဲ အဲဒိစီးကြောင်းထဲ မျောနေလိုက်တာ ၁နှစ်ပြီး ၁နှစ် သတိမထားမိလိုက်ခင်မှာပဲ ကုန်ဆုံးသွားတယ်... ဒီအချိန်မှာ ကျွန်မ ပတ်ဝန်းကျင်က သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေက ပညာရေးတွေ ရှေ့ဆက်ရင်း ကျောင်းပြီးတဲ့သူကပြီး ကိုယ့်နောက်မှ စကာင်္ပူမှာ ကျောင်းတက်တဲ့သူက ခုဆို ဆက်လုပ်ရင်းနဲ့ ကျောင်းပြီးခါနီးတွေဖြစ်လာ... ဒီတော့ ကျွန်မ ရှေ့ဆက်ဖို့ စစဉ်းစားရပြီ... ဒီတစ်ခါတော့ ကျွန်မအချိန်ပေးပြီး စဉ်းစားတယ်... အဲဒိအချိန်မှာ ကျွန်မ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းနဲ့ တွေ့ကြုံခဲ့ရတာတွေကို ပြန်သုံးသပ်ကြည့်တယ်... ကိုယ့်ကိုကိုယ်အားမရဘူး.... ဟိုယောင်ဝါးဝါး ဒီယောင်ဝါးဝါး... ဘယ်အရာမှ အညံ့စာရင်းထဲ မပါခဲ့ပင်မဲ့ ထူးချွန်တဲ့ စာရင်းထဲလဲ မပါခဲ့ဘူး... သူများတွေ ရွေးလို့ သူများတွေလုပ်လို့... ဒါကတော့ ကျောင်းပြီးရင် အလုပ်ပေါလို့ လခကောင်းလို့... ဆိုတဲ့ သူများတွေတိုင်းတဲ့ စံနဲ့ ကျွန်မဘ၀ကိုလိုက်တိုင်းတယ်... ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင် အများပဲလေ... အားလုံး ဒီလိုလုပ်မှတော့ ကိုယ်လိုက်မလုပ်ရင် ကျန်ခဲ့မှာပေါ့ဆိုတဲ့ ကြောက်စိတ်နဲ့ ပဲ ဘ၀ကို လျှောက်လှမ်းခဲ့တယ်... 

သူများစံနဲ့ ကိုယ်ရွေးတဲ့လမ်း...

ဒါပေမဲ့ ကျောင်းပြီးတော့ အလုပ်ရှာတော့လဲ ကိုယ်တစ်ယောက်တည်းပဲ... လခကောင်းသလား မကောင်းဘူးလားဆိုတော့လဲ တစ်ယောက်ချင်းစီရဲ့ ရတဲ့ အလုပ်ပေါ်ပဲ မူတည်တာပဲ... ကိုယ်ယူခဲ့တဲ့ မေဂျာနဲ့ တစ်ထပ်တည်းကျတဲ့ အလုပ် မရလဲ ၀င်လုပ်ရတာပဲ... လုပ်ငန်းခွင်ဝင်တော့ ထိတွေ့ရတာလဲ ကိုယ်ပဲ... လုပ်ငန်းမှာ ကိုယ်ပျော်လား မပျော်လားဆိုတာလဲ ကိုယ့်ရဲ့ ခံစားချက်ပဲ... ပြသနာဖြစ်လဲ ကိုယ်ပဲရှင်းရတာပဲ... ဘယ်အရာမဆို ဘ၀ဆိုတဲ့ လမ်းမကြီးပေါ်မှာ သူများသတ်မှတ်ခဲ့တဲ့ စံတွေနဲ့ ကိုယ်တစ်ယောက်ထဲ ခါးစည်းခံရတာပဲ.... သူများတွေ စံနောက်လိုက်လဲ ကိုယ်က ရွေးချယ်ခဲ့တဲ့သူမို့ ဒီတာဝန်ဟာ ကိုယ့်ပေါ်မှာပဲရှိတယ်... မိဘတွေက ဒါကောင်းတယ်ဆိုပြီး ဒါလိုက်လုပ်ပင်မဲ့ ကိုယ့်ဘ၀ဖြစ်တဲ့အတွက် ကိုယ်ပဲ ရင်ဆိုင်ရမှာပဲ... တစ်ကယ်တမ်းကျတော့ မိဘတွေ အပေါင်းအသင်းတွေဆိုတာ ဘေးကနေ စိတ်ပိုင်းဆိုင်ရာ အားပေးဖော်ပဲရှိတာ... ကိုယ်ကသာ ကိုယ့်ဘ၀ကို ရင်ဆိုင်နေရတာ... အဲဒိအခါမှာ သူများစံနဲ့ ကိုယ်ရွေးခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မ နောင်တရတယ်... နောင်တဆိုတာ နောင်မှရတယ်ဆိုပေမဲ့ နောက်ဖြစ်မဲ့အတွက်တော့ ပြင်ဆင်ဖို့ အချိန်ရှိသေးတယ်... ပြောင်းလဲဖို့ဆိုတာ နောက်ကျတယ်မရှိဘူး....

စိတ်ဝင်စားမှုကို ရှာဖွေခြင်း...

လူ တစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ကိုင်တဲ့အခါမှာ ပိုပြီး ထိထိရောက်ရောက် အကျိုးရှိရှိလုပ်ဆောင်နိုင်တယ်... ကျွန်မ၀ါသနာပါတာ... ကျွန်မကြိုက်တာ ငယ်ငယ်က ဘာဖြစ်ချင်လဲဆိုရင် သေသေချာချာ မသိဘူး... ဒါပေမဲ့ အိမ်မှာ တီဗွီစောင့်နတ်လို့ နာမည်ရလောက်အောင် ငယ်ငယ်ကတည်းက ကြည့်တယ်... စကာင်္ပူစရောက်ပြီး ကျောင်းတက်တော့လဲ စာကျက်ရင်တောင် တီဗွီဖွင့်ပြီး တီဗွီရှေ့ထိုင်ကျက်လို့ အိမ်မှာအတူနေတဲ့ အခန်းဖော်တွေက စာမေးပွဲမရှိဘူးလားလို့ မေးခံရတဲ့ အထိပဲ... ရုပ်ရှင်တွေကြည့်ရင်း Behind the scene တွေပြရင် "အော် ဒီလိုရိုက်တာပါလား... လုပ်တာပါလား" ဆိုပြီး ကျွန်မစိတ်ဝင်စားတယ် သဘောကျတယ်... အဲဒိထိလဲ ကျွန်မဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲဆိုတာကို ထုတ်ပြောရမှာ ရှက်တယ်... မဖြစ်နိုင်တာကို ပြောတယ်ဆိုပြီး ၀ိုင်းလှောင်ကြမှာ ၀ိုင်းရီကြမှာကို ကြောက်တယ်...

ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဒါရိုက်တာ အလုပ်က မဖြစ်နိုင်ပါဘူးလို့ လူတွေကထင်နေရင် ခု ဒါရိုက်တာဖြစ်နေတဲ့ သူတွေက မွေးကတည်းက တံဆိပ်တပ်ခံထားလို့လား... ဥပမာ ကိုရီးယားက အဆိုတော် မင်းသား Rain ဟာ စစချင်းမှာ ရုပ်ဆိုးလို့ မဖြစ်နိုင်ပါဘူးဆိုပြီး ဘယ် Entertainment agency ကမှ လက်မခံခဲ့ပင်မဲ့ ခုတော့ ကမ္ဘာအဆင့်ထိတက်နိုင်တဲ့ ကိုရီးယား ဂုဏ်ဆောင်မင်းသားဖြစ်နေတာပဲ... ကိုယ်ဖြစ်ချင်တာ ၀ါသနာပါတာကို လုပ်ဖို့တော့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုတော့လိုတယ်...

ကြောက်စိတ်...

ဒီအခါကျပြန်တော့ ကျွန်မမှာ နောက်ထပ်ကြောက်စိတ်တစ်ခုဝင်လာတယ်... ငါ့မှာ အဲလောက် ပြင်းပြတဲ့ ဆန္ဒနဲ့ ကြိုးစားအားထုတ်ချင်စိတ်ရှိရဲ့လား... အလုပ်တစ်ခုကို စပြီးရင် အဆုံးမသတ်တတ်တဲ့ အကျင့်ဆိုးတစ်ခု ကျွန်မမှာရှိနေတာကိုလဲ ကိုယ့်ကိုကိုယ်သေချာသိပါတယ်... (ဒါပေမဲ့ ပြင်နိုင်အောင် ကြိုးစားနေပါတယ်...) ကိုယ်တစ်ခါမှ မလုပ်ကြည့်ဖူးတော့ ဒီလိုင်းဟာ ကိုယ်နဲ့ ကိုက်လား မကိုက်လား... ကိုယ့်အတွက် တကယ် အဆင်ပြေတဲ့ အလုပ်ဖြစ်ပါ့မလား... သေချာတာကတော့ ဒီလိုင်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ရင်ဆိုင်ရမှာက ကိုယ့်မိဘတွေကို... ပြီးတော့ ကိုယ်ရောက်နေတဲ့ အသိုင်းအ၀ိုင်းကို... ပြီးတော့ မမြင်တွေ့ရသေးတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း... အပြိုင်အဆိုင်များတဲ့ အချိန်နဲ့အမျှ အမြဲနီးပါး အလောတကြီးလုပ်ကိုင်ရတဲ့ လုပ်ငန်း သဘာဝ... အချိန်အတိအကျ သတ်မှတ်မှုမရှိတဲ့ လုပ်ငန်းသဘာဝ... စစချင်း ၀င်လာသူအတွက် လခလုပ်စားနည်းပြီး အလုပ်အ
ခွင့်အလန်းနည်းတဲ့ သဘောသဘာဝရှိတဲ့ လုပ်ငန်းတစ်ခုနောက်ကို လိုက်ဖို့ ကျွန်မကြောက်မိပြန်တယ်...

"နင်လုပ်နိုင်ပါ့မလား" လို့ ဘယ်သူမှမမေးခင် "ငါလုပ်နိုင်ပါ့မလား" လို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ရင်တောင် ကျောထဲ ချမ်းစိမ့်သွားတယ်... ဒီလိုင်းကို ယူပြီး ဖြစ်သမျှ အကျိုးအပြစ်အတွက် တစ်ယောက်တည်း ခေါင်းညိမ့်တာဝန်ယူဖို့ အသင့်ဖြစ်ပြီလား... ဘာမှ ဖြစ်မလာတဲ့အခါ မိဘတွေက အပြစ်တင်ရင်ပဲ ဖြစ်ဖြစ်... ပတ်ဝန်းကျင်က လက်ညှိုးထိုး လှောင်ပြောင်တာတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ကျွန်မခံနိုင်မှာလား... ကျွန်မ မချင့်မရဲပါပဲ...

စဉ်းစားနေတုန်းမှာပဲ အချိန်တွေကလဲ ကုန်နေတယ်... နေရမဲ့ လူ့သက်တန်း ပျမ်းမျှ ၇၀-၈၀ လောက်မှာ သူများတိုင်းတဲ့ စံနဲ့ပဲ ကျွန်မဘ၀ကို ဖြတ်နေတာ တစ်စိတ်ကြိုးသွားပြီ... မကြိုးစားကြည့်ပဲနဲ့ "ငါလုပ်ခဲ့လိုက်ရင် ဖြစ်မှာ" "လုပ်ကြည့်ခဲ့ရင်ကောင်းသား" ဆိုတဲ့ စကားတွေနဲ့ ဘ၀တစ်လျှောက်လုံး ဒွိဟပွား လိပ်ခဲတည်းလည်း ဖြစ်နေမဲ့အစား ကြိုးစားကြည့်လိုက်တာက ပိုပြီး အဓိပ္ပါယ်ရှိရှိ စိတ်ကျေနပ်နပ်နေရမယ်လို့ ကျွန်မထင်တယ်... ဖြစ်မလာခဲ့ရင်တောင် အနည်းဆုံး ကိုယ်ကြိုးစားခဲ့ပြီးပြီပဲဆိုပြီး စိတ်ဒုံးဒုံးချလိုက်နိုင်တယ်... 

ဆုံးဖြတ်ချက်ချပြီး ကျောင်းတွေ လျှောက်ကြည့်တယ်... Entrance project တွေ လုပ်ဖို့လိုတော့ လုပ်ပြီးတင်တယ်... ပန်းချီတွေ ဒီဇိုင်းတွေ ၀တ္တုတွေရေးခိုင်း ဆွဲခိုင်းပြီးတင်ရတယ်... ဒါပေမဲ့ reject တွေထိတယ်... ကိုယ်တက်ချင်တဲ့ မေဂျာကို ခေါ်တဲ့ အချိန်စောင့်ရ... တင်ပြီး reject ထိလို့ ထပ်စောင့်ရနဲ့ အချိန်တွေဖြုန်းနေသလိုများဖြစ်နေလားလို့ တွေးမိသလို... reject ထိလိုက်တိုင်းမှာ ငါဟာ ဒီလိုင်းနဲ့ သင့်တော်ရဲ့လား ငါ့မှာ ဒီလိုင်းနဲ့ ပတ်သတ်တဲ့ ပါရမီရောရှိရဲ့လားဆိုတဲ့ အတွေးတွေဝင်မိတယ်... မိဘတွေက ကျောင်းတက်ခိုင်းနေတာရော၊ သူများတွေကျောင်းဆက်တက်နေကြပြီ ကိုယ်ကတော့ ကျန်ခဲ့ပြီဆို တဲ့ဖိအားတွေရှိနေပင်မဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်က "ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ တစ်ခုကို စောင့်နေတာဟာ အချိန်ဖြုန်းနေတယ်လို့ မခေါ်ဘူး" ဆိုတဲ့ အားပေးစကားကြောင့် စိတ်ဖြေသာခဲ့တယ်... ကျွန်မ မိဘတွေကလဲ နောက်ပိုင်းမှာ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ အားပေး ပံ့ပိုးခဲ့တယ်... အဲဒိအတွက်လဲ ကျွန်မ အများကြီး စိတ်သက်သာရာရသွားတယ်...

ဆုံးဖြတ်ချက်ကို ရင်ဆိုင်ချိန်...

ခုဆိုရင် ကျွန်မ စိတ်ဝင်စားတဲ့ ပညာရပ်ကို သင်ယူဖို့ ကျောင်းစတင်တက်နေပြီ... ပထမဆုံးပဲ ကျွန်မရင်ဆိုင်ရတာက ကျွန်မ သိပ်ညံ့တဲ့ ပန်းချီပညာ... ပန်းချီဆိုတာ Multimedia ရဲ့ အခြေခံပဲ... ဂိမ်းပဲဖြစ်ဖြစ်.... ကြော်ငြာပဲဖြစ်ဖြစ်... ရုပ်ရှင်ပဲဖြစ်ဖြစ်... Storyboarding လို့ခေါ်တဲ့ တကယ်ပုံမပေါ်ခင် အားလုံးကို မြင်အောင် ဆွဲပြရတဲ့ အကြမ်းပန်းချီဆိုတာ မရှိမဖြစ်ပဲ... အဲဒိမှာတင် ကျွန်မ စတင်ပြီး ရုန်းကန်ရပြီ... ခဲတံတွေ ရောင်စုံခဲတံတွေနဲ့ လက်မှာလဲ ခဲတွေပေပွပြီး... အတန်းထဲမှာ ဆွဲဆိုတာနဲ့ ကိုယ်က ဘယ်က စဆွဲရမှန်းမသိ... ဘယ်လိုဆွဲရမှန်းမသိ... တစ်ချို့တွေကျတော့လဲ ဘယ်တုန်းကတည်းက တတ်ထားလဲမသိ တော်လိုက်တာ... ဒါပေမဲ့ အတန်းထဲမှာ ကိုယ်တစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး... တခြားလူတွေလဲ မပြောရင်သာရှိမယ် သူ့ဟာနဲ့ သူ ရုန်းကန်နေကြတာတွေရှိပါတယ်... ဆွဲတတ်တဲ့သူဆိုတာ အနည်းအကျဉ်းပါ... အတန်းထဲမှာ အသက် ၄၀ ကျော်အရွယ် ကျောင်းသားကျောင်းသူ အနည်းစုကိုလဲတွေ့ရတော့ "အော် သူတို့လဲ သူတို့လိုချင်တာ လုပ်ချင်တာကို ခုလုပ်တာပဲ ... နောက်ကျတယ်ဆိုတာ မရှိဘူး" ဆိုတဲ့ ကျွန်မအတွေးလိုပဲ သူတို့တွေးကြလို့ နေမယ်... ကျွန်မကတော့ အဲဒိအတွေးကို သူတို့ အရွယ်မရောက်ခင်မှာ အကောင်အထည်ဖော်ဖြစ်ခဲ့လို့ အားပိုရှိသွားပါတယ်... 

ကိုယ်သိချင်တဲ့ လိုင်းကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ခဲ့လို့ ကျောင်းသွားရမှာ အတန်းတက်ရမှာကို ကျွန်မ မပျင်းပါဘူး... အတန်းထဲမှာလဲ ကျွန်မ အိပ်မငိုက်တာ ကိုယ့်ကိုကိုယ်ထူးထူခြားခြား သတိထားမိပါတယ်... အတန်းထဲမှာ ငိုက်တတ်တယ်ဆိုတာ အမြဲတမ်း အမှန်တရားလို့ အရင်က ထင်ခဲ့တာပါ... ခုမှ အတန်းထဲမှာ အိပ်ငိုက်တယ်ဆိုတာ ကိုယ်စိတ်ဝင်စားမှု နည်းလို့ဆိုတာ သဘောပေါက်သွားပါတယ်... အဲဒိကျောင်းက ဆရာတွေ ဆရာမတွေပြောသလို ပညာရပ်တစ်ခုမှာ ပါရမီရှိရင် အဲဒိလူက သင်ယူရလွယ်ကူပြီး ထူးချွန်တယ်... ဒါပေမဲ့ ပါရမီမရှိတဲ့သူက မဖြစ်မြောက်ဖူးဆိုတာတော့ မဟုတ်ပါဘူးတဲ့... ပါရမီဆိုတာမှာ အကြိမ်ကြိမ် အဖန်ဖန်လေ့ကျင့်မှုဆိုတာလဲ ပါပါတယ်တဲ့... အဲဒိအတွက် အားလုံးဟာ ဖြစ်နိုင်ပါတယ်တဲ့...

ခု ကျောင်းမှာလဲ ကျွန်မဟာ အတော်ကြီးထဲမပါပါဘူး... တစ်ချို့ကလဲ တတ်ပြီးသား တစ်ချို့ကလဲ ပါရမီရှိပြီးသားတွေ ကိုယ့်ရှေ့မှာတစ်ပုံကြီးပါ... ကျောင်း result မှာ ကျွန်မဟာ ကောင်းချင်မှကောင်းမယ်... ဒါပေမဲ့ ကျွန်မ အဓိပ္ပါယ်ရှိရှိဖြတ်သန်းနေတယ်လို့ ထင်တယ်... ကျွန်မရဲ့စံဟာ တစ်ချို့တွေရဲ့ စံမှာ တိုးတက်မှုမရှိတဲ့ လမ်းကို တိုးနေသလိုဖြစ်ကောင်းဖြစ်မယ်... ဒီအသက်ရောက်မှ ရူးရူးမိုက်မိုက် လုပ်ချင်တာ လုပ်နေတယ်တယ်လို့ မြင်ကောင်းမြင်မယ်... ဒါပေမဲ့ သူများစံနဲ့ ရွေးတဲ့လမ်းလျှောက်ပြီး တစ်ခုခုဖြစ်တော့လဲ ကိုယ်ပဲ ရင်ဆိုင်ရမဲ့အတူတူ ကိုယ်ရွေးတဲ့လမ်းကို ကိုယ်ပဲရင်ဆိုင်ပြီး တာဝန်ယူ ရင်ဆိုင်ရတာက ပိုပြီး အဓိပ္ပါယ်နဲ့ ပြည့်စုံတယ်လို့ ကျွန်မအတွေးတွေ ပြောင်းလဲခဲ့ပါတယ်...

၂) အလုပ်အကိုင်အပေါ် အမြင် အပြောင်းအလဲ

လုပ်ငန်းခွင်ဟာ အိမ်မဟုတ်ဘူး...
ကျွန်မ အပေါ်မှာပြောခဲ့တဲ့အတိုင်း လုပ်ငန်းခွင်ကို စတင်ဝင်ချိန်က ကျွန်မရဲ့ စိတ်ဓာတ်ဟာ သူများတွေတန်းတူ အလုပ်အကိုင်လေးရပြီး လခလေးယူနေဖို့ပါပဲ... ရာထူးတိုးဖို့လဲ မတောင့်တသလို ကြိုးစားချင်စိတ်လဲမရှိပါဘူး... အဓိက ကျွန်မရဲ့ ပြဿနာနောက်တစ်ခုကတော့ အိမ်မှာ အငယ်ဆုံးဖြစ်တဲ့ အတိုင်း လုပ်ငန်းခွင်စ၀င်တုန်းကလဲ အလုပ်ထဲမှာ အငယ်ဆုံး ဖြစ်တာကြောင့် အိမ်က မိသားစုတွေလိုပဲ ကိုယ့်ကို ငှဲ့ညှာမယ်လို့ ထင်တဲ့ စိတ်က အမှားကြီးမှားတာပါပဲ... လုပ်ငန်းခွင်မှာ အသက်ငယ်တယ် ကြီးတယ် မရှိပါဘူး... အားလုံးက လခစားအလုပ်လုပ်နေတဲ့ လူကြီးတွေလို့ပဲ သတ်မှတ်ပါတယ်...

လုပ်ငန်းခွင်မှာ အသစ်တွေကို အထားမကျသေးခင် အဟောင်းတွေ လှည့်သမျှ ခံရတတ်တာလဲ အလုပ်လုပ်ဖူးတဲ့ လူတိုင်း တွေ့ကြုံခံစားဖူးမှာပါ... လုပ်ငန်းခွင်မှာ လူတိုင်းက စိတ်ကောင်းရှိ သဘောကောင်း ခွင့်လွှတ်နားလည်နေမှာ မဟုတ်ပါဘူး... စိတ်ကောင်းရှိ နားလည်တဲ့သူရှိအုံး သူကလဲ သူ့အလုပ်နဲ့ သူပါ... ကိုယ်တကယ် ပြဿနာဖြစ်ပြီဆိုရင် ဘယ်သူမှ ကိုယ့်ဘက်က ရပ်တည်ပေးမှာ မဟုတ်ပါဘူး... အလွန်ဆုံး သူတို့ ကူညီနိုင်ရင် ထမင်းတူတူထွက်စားတုံး "နင့်အတွက် ငါစိတ်မကောင်းပါဘူး" ဆိုပြီး အားပေးစကားပြောနိုင်ရုံပါ... တစ်ခုခုဖြစ်လို့ ကိုယ်မတရားအပြောအဆို ခံရတာပဲဖြစ်ဖြစ် စွပ်စွဲခံရတာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကဘာမှ အဖြူအမဲ သက်သေမရှိပဲ သူကတော့ သိနေတယ်ဆိုပြီး... သူ့ကို ကိုယ့်ဘက်ပါမယ်ထင်ပြီး ရှေ့နေသွားငှားလို့မရပါဘူး... အားလုံးက နှာစေးနေကြတာပါ...

အသစ်ဖြစ်ရခြင်း... အငယ်ဆုံးဖြစ်ရခြင်း အတွက် လုပ်ငန်းခွင်မှာ ညှာတာခြင်းမခံရပေမဲ့... အဟောင်းသမားတွေရဲ့ အသေးအဖွဲ သူတို့အတွက် မိတ္တုကူးပေးရခြင်း သူတို့ အကြိုက်လိုက် စကားပြောရခြင်း... သူ့တို့အလုပ်ကို ကိုယ့်အလုပ်လိုလိုနဲ့ ဘောလီဘောပုတ်ခံရခြင်း... စတာတွေကို သိသိကြီးနဲ့ ခံနေရတဲ့အခါမှာ မခံချင်စိတ်နဲ့ကိုယ်က အမူအယာအားဖြင့်သော်လည်းကောင်း နှုတ်အားဖြင့်သော်လည်းကောင်း ပြမိလို့ သူတို့နဲ့ လူမှုရေး အဆင်မပြေတွေဖြစ်ခြင်း... တိုင်းတပါးမှာ အလုပ်လုပ်နေသူတွေ ရင်ဆိုင်ရတဲ့ လူမျိုးရေးခွဲခြားမှု ဘက်လိုက်မှုတွေကိုလဲ ရင်ဆိုင်ရပါတော့တယ်... (ကျွန်မအတွေ့အကြုံအရ လူမျိုးရေးခွဲခြားသူဆိုရာဝယ် စလုံးများကို ပြောခြင်းမဟုတ်ပါ... များသောအားဖြင့် ဘက်လိုက် လူမျိုးရေးခွဲခြားသူများမှာ တခြားနိုင်ငံမှ စကာင်္ပူမှာ လာရောက်လုပ်ကိုင်တဲ့ အထက်လူကြီးနဲ့ လူမျိုးချင်းတူတဲ့သူက ဦးစားပေးခံရတာပါ... သူတို့ချင်းပြန်ကြည့်တဲ့သဘောပေါ့... )...

အဆင်မပြေမှုတွေရှိရင် ကိုယ့်ကိုကိုယ် အရင်သုံးသပ်ကြည့်သင့်တယ်...
ခုချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်လည်သုံးသပ်ကြည့်မိတော့... သူများဘက်ကချည်းမှားပြီး ကိုယ့်ဘက်ကချည်း မှန်နေတယ်ဆိုတာတော့ မဖြစ်နိုင်ပါ... ကိုယ့်မှာ စပ်စပ်ထိမခံတတ်တဲ့ အကျင့်ရှိနေတာကိုတော့ သတိထားမိပါသည်... ကျန်တဲ့သူတွေအားလုံးက သည်းခံနိုင်ပြီး ကျွန်မကဘာကြောင့် သည်းမခံနိုင်ပဲ အဆင်မပြေဖြစ်သနည်း... ထိုအခါတွင် လူတွေမှာ သူတို့အကျင့် သူတို့စရိုက်ရှိကြပြီး အလုပ်လုပ်ရာတွင် အထိုက်အလျောက် မသိချင်ယောင်ဆောင်တန်ဆောင် လျစ်လျှူရှူတန်ရှူဖြင့်နေသင့်ကြောင်း သဘောပေါက်ခဲ့သည်...

Work Smart နဲ့ Interpersonal Skills ဆိုတဲ့အထဲမှာ သူဋ္ဌေးရှေ့ပဲ အလုပ်လုပ်ပြတာ ပါလား...

ကျွန်မမှာ အကျင့်တစ်ခုရှိတာက အလုပ်တစ်ခုကို ကျွန်မအတတ်နိုင်ဆုံး သူဋ္ဌေးရှေ့ရော နောက်ကွယ်ပါ ပုံစံတူလုပ်ပါတယ်... အဓိကက ကျွန်မလုပ်ရတဲ့ တာဝန်ပြီးဖို့ပါ... ဆိုလိုတာက သူဋ္ဌေးရှေ့မို့ ပိုမကြိုးစားပြသလို နောက်ကွယ်မို့ အချောင်ခိုမနေပါဘူး... အလုပ်ရှိရင် ရှိသလိုလုပ်ပါတယ်... သို့သော် တော်တော်များများကတော့ သူဋ္ဌေးရှေ့တွင် အလုပ်လုပ်ပြကြပြီး သူဋ္ဌေးနောက်ကွယ်တွင် လုပ်ချင်ရာလုပ်ကာ ခိုနေကြသူတွေလဲ တွေ့ကြုံခဲ့ပါတယ်... အလုပ်လုပ်လျှင် အလုပ်လုပ်တဲ့သူကို ပိုခိုင်းသည်... လုပ်နေကျအတိုင်း မလုပ်တော့လျှင် ထိုသူအမှား... အစထဲက ခိုသောသူကိုတော့ ခွင့်လွှတ်သည်... စနစ်ကျသော ကြီးကျပ်အုပ်ချုပ်မှုမျိုးမရှိသော အလုပ်မျိုးကို ရောက်လျှင် ကိုယ်ကြိုးစားသမျှအရာမထင်သလို... အထက်ဖား အောက်ဖိပတ်ဝန်းကျင်တွင် အလုပ်လုပ်နေရသူများအတွက် ဖြောင့်မတ်ခြင်းဟာလဲ အရေးမပါလှသော်လည်း လိုက်လျောညီထွေနေတတ်ခြင်း တနည်းအားဖြင့် ဖားတတ်ခြင်းဟာလဲ Interpersonal Skill လို့ သတ်မှတ်လို့ ရသလိုလို ကျွန်မသဘောပေါက်ခဲ့ပါတယ်...

ရီမောနေသူတိုင်း လူကောင်းမဟုတ်...

အလုပ်တစ်ခုတွင် ရီမောပျော်ရွှင်နေသူတိုင်း စိတ်ကောင်းမရှိပါ... ခင်ဖို့မကောင်းပါ... အစက ကိုယ်ကကောင်းတယ်ထင်ပြီး ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း အားကိုးလောက်မည်ထင်၍ အဆင်မပြေမှုများကို တင်ပြလျှင် အိုကေ အိုကေ ငါကြည့်လုပ်ပေးမယ်ဟု ပြောကာ ဘာမှမလုပ်သော အုပ်ချုပ်သူ... သူတို့ပါးစပ်ထဲမှာပင် အမျိုးမျိုးပြောင်းနေသော စည်းကမ်းချက်များနှင့် ခွင့်လွှတ်ခြင်းခံထားရသော စည်းကမ်းဖောက်ဖျက်သူများ... မကျေနပ်လျှင်လာရောက် ပြောကြားနိုင်သည်ဟုဆိုကာ တကယ်တမ်းလာရောက်ပြောကြားသူကို အတိုင်အတောထူသူဟု သတ်မှတ်ခံခဲ့ရခြင်များ... စတာတွေကို တွေ့ကြုံလာတဲ့အခါမှာ ကျွန်မ သင်ခန်းစာရခဲ့သည်... လူတွေသည် အပေါ်ယံချည်းများသည်... သူတို့ အကျိုးမရှိပဲ သူတို့တာဝန်ဖြစ်စေကာမူ ကိုယ့်အတွက်ဖြင့် တဖက်လူအမုန်းမခံ... ကိုယ့်ဘက်က မည်မျှမှန်မှန် မှားသောသူများသောနေရာရောက်နေသောအခါ ကိုယ်လိုက်မမှားချင်လျှင်တောင် မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ကာ တတ်နိုင်သမျှ သည်းခံ ကိုယ့်အလုပ်ကိုယ်လုပ် သူများက သူတို့အလုပ်လာပေးလဲ ပါးစပ်လေး ချိုချိုဖြင့် "လုပ်ပေးမယ် လုပ်ပေးမယ်... " ဟုဆိုကာ နောက်မှ "ငါလဲ ဒါလေးနဲ့ အလုပ်များနေလို့ မလုပ်ပေးနိုင်ဘူးဟယ်" ဟု အသာလေး အချိုသွေးပြန်ငြင်းထုတ်ခြင်းများ စတဲ့ အခြေခံလူမှုရေးမျိုး အရင်က ကျွန်မမှာ မရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် ကျင့်ယူခဲ့ရသည်...

ကျွန်မအရင်က အတွေးကတော့ လာပေးလို့ ကိုယ်လက်ခံလိုက်လျှင် ကိုယ့်တာဝန်ဖြစ်သွားသည့်အပြင် ကိုယ်လုပ်မပေးနိုင်ပဲ လုပ်ပေးမယ်ဆိုပြီး သူများရဲ့အချိန်တွေကို မယူချင်တာကြောင့်ဖြစ်သည်... အစပိုင်းတွင် တော်တော်လေး ဟန်မဆောင်နိုင်သေးတဲ့အတွက် လူမှုရေးအခက်ခဲလေးတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ မပတ်သတ်လို့ရရင် မပတ်သတ်ဘူး (ခုထက်ထိတော့ ကိုယ် မနှစ်မျို့သူများကို ရီမောပြီး လောကွတ်မချော်တတ်သေးပါ)... ပတ်သတ်ရမယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ပုံမှန် ကောင်းကောင်းမွန်မွန် ချိုသာတန်သလောက်ချိုသာပြီး အပေါ်ယံသုံးတတ်လာတဲ့အခါဘ၀က အတော်ချောင်လည်ခဲ့ပါတယ်...

မောင်နှမလို ခင်တာပါတဲ့..

ရိုးသားသော သွေးမတော် သားမစပ် ယောကျာင်္း မိန်းမ ၂ယောက်၏ခင်မင်မှုတွင် Minimum distance (personal space) ရှိရှိ ဆက်ဆံကြသည်...  စကားပြောတိုင်း ခါးတို့လိုက် ပခုံးပေါ်လက်ကာ သားပြောမယားပြော ဟာသများပြောဆိုနေခြင်းသည် မောင်နှမလို့ခင်မင်၍ဖြစ်သည်ဆိုခြင်းကို လိုက်လျောသော မိန်းကလေးများက လိုက်လျောနေသော်လည်း ကျွန်မမည်သို့မျှ လက်မခံနိုင်သေးပါ... အထူးသဖြင့် အိမ်ထောင်သည်ယောကျာင်္းများနှင့် ပို၍ပင် ဆင်ခြင်သင့်သည်... (မောင်နှမအစစ်များ တစ်ယောက်နှင့်တစ်ယောက် ပုခုံးပေါ်လက်တင်​၍သော်လည်းကောင်း ခါးဖက်၍သော်လည်းကောင်း စကားမပြောကြဟု ကျွန်မကတော့ယုံကြည်သည်)

မနာလိုခြင်း = အတိုင်းထက်အလွန် အားကျခြင်း

ကိုယ့်အပေါ် မနာလိုသူများနှင့် ကြုံတွေ့လျှင်တော့ အရင်ကလို ရန်ပြိုင်မလုပ်ချင်တော့ပါ... ကိုယ့်ကိုကိုယ် အပင်ပန်းမခံပါ... ထိုသူအတွက်သာ စိတ်မကောင်းဖြစ်မိသလို သနားမိသည်... ကျွန်မအလွန်မှ စိတ်ပျက်သောသူကို ဥပက္ခောနည်းဖြင့် ဖြေရှင်းတတ်သည်... သနားမိခြင်းဆိုတာကတော့ မနာလိုဖြစ်ခြင်းဆိုသည်မှာ ကျွန်မနားလည်သလောက် "ကိုယ့်မှာမရှိတာ... သို့မဟုတ် ကိုယ်လိုချင်တဲ့အရာကို သူတစ်ပါးကရရှိနေသဖြင့် မသိစိတ်မှ အားကျကာ သိစိတ်မှမလိုမုန်းထားခံစားရသော စိတ်ဖြစ်သည်" ဟုအဓိပ္ပါယ်ပြန်သည်... မနာလိုဖြစ်ခံရပြီဆိုပင်လျှင် သူ့တို့ကို ရန်ပြိုင်မလုပ်ပဲ "အော်... ငါ့မှာ သူများ အားကျ လိုချင်စရာအချက်တွေရှိနေတာပဲ" ဆိုပြီးသာ ကျေနပ်နေလိုက်တာ ကိုယ့်အတွက် ယုံကြည့်မှုလဲတိုးသလို သက်လဲသက်သာပါတယ်...

ပြောင်းလဲမှုကို မကြောက်သင့်...
သို့သော် ကျွန်မ ကျောင်းတက်ဖို့ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် အလုပ်ကိုကျောင်းတက်ခွင့်လျှောက်သည်... အလုပ်ထဲတွင်တော်တော်များများကျောင်းတက်နေကြသည်... ထို့ကြောင့် quater မကျန်တော့ဟုဆိုသောကြောင့် ၁နှစ်တိတိ နောက်ရွှေ့ခဲ့သည်... သို့သော် ၁ နှစ်ပြည့်ပြီးလို့ ထပ်ပြောသောအခါတွင်လည်း နောက်ထပ် ၆လလောက်ထပ်စောင့်ခိုင်းသည်... ၂၀၁၂ ဇန်န၀ါရီကျလျှင်ပေးတတ်မည်ဟုဆိုသည်...

ဒီအချိန်တွင် ကျွန်မတွေးမိသည်က ထိုအလုပ်သည် သက်သာသည်... stress နည်းသည်... ဘလော့ရေးနေလို့ရသည်... youtube ကြည့်နေလို့ရသည်... Fb game ကစားနေလို့ရသည်... အရင်အတွေးနှင့်ဆိုလျှင် ကျွန်မ ပျော်ပျော်ကြီးလုပ်နေအုံးမည် ဖြစ်သည်... သို့သော် ကျွန်မရဲ့အတွေးအခေါ်တွေ အချိန်နဲ့အလိုက်ပြောင်းလဲလာခဲ့သည်... ထိုအလုပ်တွင် အနာဂါတ်အတွက် တိုးတက်မှုမရှိသည့်အပြင် စိတ်ဓာတ်ရေးရာအရလဲ လူဖျင်းလူညံ့ဖြစ်လာနိုင်သည်... ကြိုးစားချင်စိတ်မရှိဖြစ်ကာ ဘယ်လို အချောင်ခိုရလျှင်ကောင်းမလဲကိုသာ စဉ်းစားနေမိမည်... ထိုသို့သော စိတ်ထားမျိုး တစ်စတစ်စဖြစ်လာနေသော personality ကို ကျွန်မသဘောမကျ... stress များသောငြား လူမှုပတ်ဝန်းကျင်ကောင်းကာ အနာဂတ်အတွက် ပညာရပ်များ သို့မဟုတ် အတွေ့အကြုံကောင်းများ သို့မဟုတ် ကျွန်မစိတ်ဝင်စားသော အလုပ်ဖြစ်ခြင်း စတဲ့ အချက်တွေနဲ့ကိုက်ညီလျှင် ကျွန်မလုပ်ချင်သည်...

ကျောင်းတက်မည်ဖြစ်သဖြင့် သာမာန်ရုံးချိန်နှင့် အိမ်နှင့်နီးသော အလုပ်ကိုသာ ကျွန်မရှာသည်... ပြောင်းလဲမှုကိုလဲ ကျွန်မကြောက်သည်... ပတ်ဝန်းကျင်အသစ် လူအသစ် အလုပ်အသစ်များနှင့်ရော ကျွန်မ အဆင်ပြေ ၀င်ဆံ့ပါ့မလားဆိုတာကလဲ ၅၀-၅၀ရာခိုင်နှုန်းသာဖြစ်သည်... "တရွာမပြောင်း သူကောင်းမဖြစ်" ဆိုတဲ့ စကားပုံရှိသလို "သေချင်တဲ့ ကျားတောပြောင်း" ဆိုတာလဲရှိသည်... လူတော်တော်များများ ကိုယ်တော်တော်ကြာကြာလုပ်လာသော အလုပ်တစ်ခုမှ အလုပ်ပြောင်းရမည်ဆိုလျှင် တွန့်ဆုတ်တတ်ကြသည်... ကျွန်မလည်းထိုနည်းလည်းကောင်းဖြစ်ခဲ့သည်... အရင်က ရုံးအလုပ်ကို အရှုံးပေး ထွက်ပြေးခဲ့သဖြင့် အရှုံးသမားကဲ့သို့ ကိုယ့်ကိုကိုယ်ခံစားနေရသော စိတ်ကိုလဲ ပြန်လည် စိန်ခေါ်ချင်သည်... ခုတော့ ကျွန်မအလုပ်သစ်မှာ ၁ လပြည့်ပါပြီ... ကျွန်မကြောက်ရွံ့စိုးရိမ်ခဲ့တာတွေကို ယခုထက်ထိတော့ မကြုံတွေ့ရသေးပါ... အလုပ်ပြောင်းမည်ဆိုတုန်းက ဘေးက အကြံပေးခဲ့ကြသော အမျိုးမျိုးသော အကြံများက ကျွန်မကို ဒွိဟဖြစ်စေခဲ့သည်... တယောက်ကအားပေးသလို တစ်ယောက်က "ဟုတ်မှလဲလုပ်နော်" ဟုပြောသည်... မည်သို့ပင်ဆိုစေ အားလုံးက ကျွန်မအတွက် စေတနာထားသူများဟု သတ်မှတ်သည်...

ထို့အတွက် ကျွန်မပေးခြင်းတဲ့ အကြံလေးကတော့ အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် information နဲ့ consequences အတွက်သာ ကိုယ့်ပတ်ဝန်ကျင်က အရေးပါသူတွေနဲ့တိုင်ပင်ပြီး... ဆုံးဖြတ်ချက်ကတော့ ကိုယ့်ခံယူချက် ကိုယ့်ခံစားချက် ကိုယ့်အတွေး ကိုယ့်စိန်ခေါ်မှုနဲ့ သာ ပြုလုပ်သင့်ပေသည်... အဘယ်ကြောင့်ဆိုသော် သူများရွေးပေးသော လမ်းကို ကိုယ်လျှောက်လို့ လဲကျလျှင်လဲ မည်သူမျှလာထူပေး နိုင်မည်မဟုတ်... ကိုယ့်စိတ်ကြိုက်လမ်းကို ကိုယ်ရွေးလျှောက်သော် မှားခဲ့ရင်တောင် နောင်တမရ အချိန်မရွေး ပြန်လည်စတင်ဖို့ စိတ်ဓာတ်ခွန်အားများ ရှိနေသေးပေသည်...

မှတ်ချက်။   ။ မဗေဒါ အတွေးနှင့် တိုက်ဆိုင်မှုမရှိပါက ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်ရှင်...

Blog EntryAug 16, '11 1:24 PM
for everyone
Boy over flower, Playful Kiss နဲ့ ယခင်က SS501 အဖွဲ့ခေါင်းဆောင် မင်းသားချော Kim Hyunjoong The Face Shop promotion နဲ့ သူ့ Album အသစ် အရောင်းမြှင့်တင်ရေးအတွက် စကာင်္ပူကို ထပ်မံရောက်ရှိလာပြန်ပါပြီ... ဒီတစ်ခါတော့ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စကာင်္ပူမှာနေမှာဖြစ်ပြီး ၁၉ ရက်နေ့မှာ သူ့ fan meeting ကို အောက်ပါ နေရာ နဲ့ အချိန်မှာ ကျင်းပမှာဖြစ်ပါတယ်...

Fan Meeting

Venue: The Coliseum, Hard Rock Hotel Singapore, Resorts World Singapore
Date: 19th August
Time: 3.30pm
Colour Theme: Green
Aarangement: Free standing

သူ့ fan meeting အတွက် လက်မှတ်ကို သီးသန့်မရောင်းပဲ The face shop နေ S$160 ဖိုး ၀ယ်ယူရင်ပဲ ဖြစ်ဖြစ် S$160 တန် ဘောက်ချာကို နောက်သုံးဖို့အတွက် ၀ယ်ယူရင်ပဲဖြစ်ဖြစ် ၀ယ်ယူသည့်အပြင် သူ့ရဲ့ နောက်ဆုံးထွက် Breakdowm Album ကို The Faceshop ကနေ S$15.90 ဖြင့် ၀ယ်ယူလျှင် သူ့ fan meeting pass ကို ရရှိမှာဖြစ်ပါတယ်... လက်မှတ်ပေါင်း ၁၇၀၀ ရောင်းချမှာဖြစ်တဲ့အတွက် ယခု post ရေးနေတဲ့ အချိန်အထိ လက်မှတ်တွေကျန်ရှိနေပါသေးတယ်လို့ သတင်းရရှိပါတယ်... သေချာချင်ရင်တော့ မ၀ယ်ခင် ဆိုင်သမားတွေကို အရင်မေးမြန်းပြီမှ ၀ယ်ပါ...

ထိုဝယ်ယူသူအတွင်းမှ scratch and win ကို ပေါက်တဲ့ကံထူးရှင်ကတော့ မင်းသားနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်သော်လည်းကောင်း မင်းသားလက်မှတ်ထိုးပေးသော session ကိုလည်းကောင်း တက်ရောက်ရမှာဖြစ်ပါတယ်...

၁၁ရက်နေ့ကမှ ထပ်မံဖြည့်စွက်လိုက်တဲ့ အစီအစဉ်လေးကတော့ ကံစမ်းမဲ့မပေါက်တဲ့ပရိတ်သတ်များအတွက်လဲ သူ့ CD လေးကို ယူလာဖို့ဖြစ်ပြီး အဲဒိ နေ့မှာ TFS က ကံထူးရင် အယောက် ၂၀ကို လက်မှတ်ထိုးပွဲအတွက် ရွေးချယ်မှာဖြစ်ပါတယ်...

မင်းသားရောက်ရှိမဲ့ လေယာဉ်နဲ့ ထွက်ခွာမဲ့ လေယာဉ် ချိန်ကတော့ အောက်ပါအတိုင်းပါပဲ... အပြန်မှာ CIP လမ်းက ပြန်မလား ရိုးရိုးလမ်းက ပြန်မလားဆိုတာကတော့ မသေချာပါဘူး...

Arr via SQ877, 6.40pm (1708),
Dep via MH604, 9.50am (2008). (မဗေဒါကတော့ သူလာတဲ့နေ့မှာ အလုပ်ရှိတာတစ်ကြောင်း သူ့ကို အရင်တစ်ခေါက်က မြင်ဖူးပြီးတာတစ်ကြောင်း သူက မဗေဒါရဲ့ favorite မင်းသား မဟုတ်တာလဲတစ်ကြောင်းကြောင့် သွားမကြိုတော့ပါဘူး....)

အစက သူ ဒီကြားထဲမှာ The Faceshop ဆိုင်တစ်ဆိုင်ကို သွားမယ်ဆိုတာ ဘယ်ဆိုင်ကို သွားမယ်မှန်း သတင်းမလွှင့်ပါဘူး... ဒါပေမဲ့ ခုတော့ သတင်းထွက်လာပါပြီ... အောက်ပါ ဆိုင်ခွဲကို လာမှာပါ...

THEFACESHOP @ SG Causeway Point at 2.15PM for the shop's opening ceremony.(ဘယ်ရက်လဲတော့ ရေးမထားပါဘူး... ၁၈ ရက် ဒါမှမဟုတ် ၁၉ ရက်ဖြစ်မှာပါ)... ကျွန်မစိတ်ထင်တော့ ၁၈ ရက်ဖြစ်ဖို့များပါတယ်...

ဒီအစီအစဉ်မှာ ကောင်းတဲ့အချက်လေးကတော့ သူ့ fan meeting အတွက် သီးသန့်ပိုက်ဆံအကုန်ခံစရာမလိုပဲ The Faceshop ကနေ ကိုယ်လိုချင်တာကို ၀ယ်ယူပြီး သူ့ CD ၀ယ်ယူရုံနဲ့ ကြည့်ခွင့်ရမှာဖြစ်ပါတယ်... သူက အဆိုတော်လဲအဆိုတော် မင်းသားလဲမင်းသားဆိုတော့ ဖျော်ဖြေရေးမှာလဲ ပိုပြီး အားသာပါတယ်...

ကဲ Kim Hyunjoong ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေလိုက်ပါတယ်...လိုချင်တဲ့သူ အားလုံး အချိန်မှီ ၀ယ်ယူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်... Facebook က The face shop စာမျက်နှာမှာတော့ Black Market ဈေးကွက်စတင်ပေါ်နေပါပြီ... ဒါပေမဲ့ မဗေဒါရဲ့ အကျင့်အတိုင်း မရရင်နေပါစေ Black Market ကိုတော့ အားမပေးသင့်ဘူးလို့ထင်ပါတယ်.... Hope u enjoy flower pretty boy Kim Hyunjoong

အောက်က Kim Hyunjoong နဲ့ မင်းသမီးချော Park Min Young တို့ရဲ့ TFS BB Cream ကြော်ငြာလေးကို NG နဲ့တကွကြည့်လို့ရပါတယ်...

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်မရှိလို့ အပြင်သွားချင်နေတုန်း သူငယ်ချင်း SZA က သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာ ဟိန်းဝေယံ သက်မွန်မြင့် ချောရတနာတို့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကို ရိုက်ကူးမယ် ကြည့်ချင်လားဆိုတော့... မဗေဒါတို့ ဒါမျိုးဆို ကြည့်ချင်တာပေါ့... ကိုယ်ဝါသနာပါတာကို လေ့လာလို့ရတယ်လေ... တစ်ခါမှ အပြင်မှာရုပ်ရှင်ရိုက်တာကို အကြာကြီးထိုင်မကြည့်ဖူးဘူး... ကြုံလို့ဖြတ်သွားဖြတ်လာပဲ... ကိုရီးယားသွားတုန်းက ဟိုတယ်မှာ ၁ခါကြုံတုန်းကလဲ အဝေးကပဲ ခိုးကြည့်ရတာ... ဒီလိုနဲ့ပဲ အဲဒိကို သွားဖြစ်လိုက်တယ်...

ဟိုရောက်တော့ စတောင်မရိုက်သေးပါဘူး.. နေ့လည် ၁၁ နာရီလောက်တော့ရှိပြီထင်တယ်... မင်းသား မင်းသမီးတွေက ပင်ပန်းလို့ အိပ်နေကြတယ်တဲ့... ဒါရိုက်တာက ကိုဇော်(အာရုဏ်ဦး)... လွန်းထားထား ၀တ္တုကို ပြန်ရိုက်တာတဲ့... ကားနာမည်က "လေပြေ ညင်းရဲ့ အသက်ဆက်တေး" တဲ့... ဇာတ်လမ်းအကျဉ်းကတော့ အရင်က ဒွေး မေသန်းနု ခိုင်သင်းကြည်တို့ ရိုက်ဖူးတဲ့ ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်... (အဲဒိတုန်းကလဲ ဒွေးနဲ့ မေသန်းနု fullerton ဟိုတယ်ရှေ့က တံတားပေါ်မှာလာရိုက်သေးတယ်လေ... ကားနာမည်တော့ မမှတ်မိတော့ဘူး)... မြန်မာဇာတ်လမ်းတွေကတော့ ဒါတွေပဲထပ်နေတော့တာပေါ့... ဒါပေမဲ့လဲ မြန်မာပြည်လို ဟိုဟာပိတ် ဒီဟာ ရိုက်ခွင့်မရှိ စနစ်နဲ့ဆိုတော့ သူ့တို့ကိုချည်းပဲလဲ အပြစ်ပြောလို့ မရပြန်ဘူး...

ဇာတ်လမ်းအရ ဟိန်းဝေယံနဲ့ သက်မွန်မြင့်က စကာင်္ပူမှာ ကျောင်းတက်နေတဲ့ ချစ်သူတွေ... ချောရတနာက လုပ်ငန်းရှင်သူဋ္ဌေးမကြီး... ဟိန်းဝေယံကို ကြိုက်လို့ လုတာ... ဒါပါပဲ... အဆန်းတော့ မဟုတ်ဘူး... ကျွန်မတို့ သွားတဲ့နေ့ရိုက်နေတဲ့ အခန်းကတော့ ဟိန်းဝေယံကို အရက်တိုက်ပြီး သူဋ္ဌေးမကြီးအိမ်ခေါ်လာပြီး ကောင်မလေးနဲ့ သွေးခွဲတဲ့ အခန်းပေါ့... နေ့လည် ၂နာရီလောက်မှ အဲဒိ အခန်းကို စရိုက်ဖြစ်တယ်... မဆိုးပါဘူး အမှားအယွင်းသိပ်မရှိဘူး ၂ခါလောက်ပဲမှားတယ်... နိုင်ငံတကာ အဆင့်မှီမဟုတ်သေးဘူးဆိုပင်မဲ့ ကိုယ်သာသူတို့နေရာမှာဆို လုပ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်... လူတွေဘေးမှာ အများကြီးရှိနေတာကို ဒီလိုသရုပ်ဆောင်နိုင်ဖို့က မလွယ်ပါဘူးလေ...

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)ကလဲ သဘောကောင်းပါတယ်... ကျွန်မတို့ကို ဖော်ဖော်ရွေရွေကောင်းကောင်းမွန်မွန်ဆက်ဆံတယ်... အင်း... အားလုံး မဆိုးပါဘူး... သူ့ဟာနဲ့သူတော့ ဘ၀င်မြင့်နေတဲ့ပုံမပေါက်ပါဘူး... ကျွန်မတို့ကလဲ မင်းသား မင်းသမီးကို သွားမိတ်ဆက်ဖို့လာတဲ့သူမဟုတ်ပဲ ရုပ်ရှင်ရိုက်တာကို ကြည့်ချင်ရုံသက်သက်ဆိုတော့ သွားမရောဖြစ်ဖူး... သူတို့ကိုယ့်ကြောင့် စိတ်ရှုပ်မှာစိုးလို့ စကားသွားမပြောတာလဲ ပါပါတယ်... အိမ်ရှင် အစ်မကြီးကတော့ မေးပါတယ် ဓာတ်ပုံတွဲရိုက်ချင်လားတဲ့... ဒါပေမဲ့လဲ အားလဲနာ ရှက်လဲရှက်လို့ မရိုက်ခဲ့ဘူး... အဲ ဒါပေမဲ့ အင်တာနက်ပေါ်မှာ အတော်လေးနာမည်ကြီးခဲ့တဲ့ အသံပိုင်ရှင် ဟိန်းဝေယံ ဖေဖေကြီးကိုတွေ့တော့ ဓာတ်ပုံတွဲရိုက်ချင်စိတ်တော့ ဖြစ်မိတယ်... ဒါမှ မဗေဒါ ဘလော့မှာ exclusive ဓာတ်ပုံတစ်ပုံရောက်လာမှာ... ဟိ ဟိ... စတာပါ မတော်တဆဖတ်မိခဲ့ရင်လဲ စိတ်မဆိုးပါနဲ့... (ကျွန်မဘယ်သူလဲဆိုတာ သိနေမှာဆိုတော့ ရေးရတာ လက်နည်းနည်းတွန့်ပင်မဲ့ မြန်မာပြည်က Celebrities တွေနဲ့ သူတို့ရဲ့ scandal နဲ့ ပတ်သတ်တဲ့သူတွေဆိုတော့ ဒီလောက်တော့ ခံနိုင်ရမှာပေါ့နော်... ဂုဏ်ယူသင့်ပါတယ်... )

ဒီနိုင်ငံမှာရိုက်ရလို့ အချိန်နဲ့ အမျှ အမြန်များရိုက်မလားလို့ ထင်ထားတာ... မြန်မာလူမျိုးတွေ မြန်မာစံတော်ချိန်အတိုင်း အလုပ်လုပ်ကြသဗျှ... အဲဒိ နေ့လည် ၂နာရီလောက်မှာ မိနစ် ၂၀လောက်လဲရိုက်ပြီးရော... ပြန်ဝင်အိပ်တဲ့သူကအိပ် ငုတ်တုတ်ပြန်ငိုက်သူကငိုက်... အပြင်ပဲထွက်ရိုက်တော့မလိုလိုနဲ့... နောက်မှ သက်မွန်မြင့်ရောက်လာတော့ သူတစ်ယောက်ပဲ အသည်းကွဲပြီး ငိုတဲ့အခန်းကို outdoor မှာ ခဏထွက်ရိုက်ကြတယ်... အဲဒိနောက် ညနေ ၆နာရီထိုးတဲ့ အထိ ဒီတိုင်းပဲ... ကျွန်မတို့ က အပြင်လူမို့ သူတို့ ဘာလုပ်နေလဲ ဘာကို ရိုက်ဖို့စောင့်နေတယ်ဆိုတာ မသိတာလဲဖြစ်နိုင်တယ်... ဒီတော့ ရမ်းမပြောလိုဘူး... ခုရေးနေတာတွေက ကျွန်မဘက်က ထင်မြင်ချက်တွေချည်းပဲဆိုတာ စာဖတ်သူတို့ နားလည်စေချင်တယ်... ကျွန်မအမြင်မှာတော့ အေးဆေးပဲလုပ်နေကြတာတွေ့တယ်... ညရောက်ရင်တော့ မြို့ထဲ malion နားမှာ ထွက်ရိုက်ကြအုံးမယ်ပြောတယ်... ဒါပေမဲ့ ဘယ်ချိန် ဘယ်ခါမှရိုက်ကြမယ်မသိတော့ ကျွန်မလဲ သွားစရာရှိတာနဲ့ မစောင့်တော့ပဲ ညနေ ၆နာရီလောက်ကျတော့ ပြန်လာလိုက်တယ်... ပြန်ခါနီး မင်းသားမင်းသမီးတွေနဲ့ တွဲရိုက်အုံးမလားလို့ အိမ်ရှင် အစ်မကြီးကလာမေးပါသေးတယ်... ကျွန်မတို့လဲ ရှက်တာရော သူတို့အလုပ်ရှုပ်မှာ အားနာတာရောကြောင့် မရိုက်တော့ဘူးဆိုပြီး ထွက်လာလိုက်တယ်... ဒါပေမဲ့ ခုသေချာပြန်စဉ်းစားတော့ သူတို့ကို အားနာတယ်... အမှန်တော့ သူတို့လဲ မြန်မာပြည်က celebrities ပဲ ကျွန်မတို့က ဓာတ်ပုံလေးတွဲရိုက်ဖို့ ခွင့်တောင်းခဲ့သင့်တယ်... ခုတော့ ကျွန်မတို့က လာကြည့်ပြီး ဓာတ်ပုံတောင် တွဲမရိုက်ပဲပြန်သွားလို့ ရိုင်းသလိုဖြစ်သွားလားတော့မသိဘူး... အဲဒိလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်... အားနာလို့ မရိုက်ခဲ့တာပါ...


သက်မွန်မြင့်ကလဲ သူ့အခန်းပြီးသွားပြီမို့ အော့ချက်မှာ သူ့မေမေတွေနဲ့ ချိန်းထားလို့ လိုက်ချင်တယ်ဆိုလို့ ကျွန်မတို့နဲ့တူတူ တိုက်စီနဲ့ အော့ချက်ကို သွားဖြစ်ကြတယ်... တိုက်စီပေါ်မှာတော့ သူနဲ့ စကားပြောဖြစ်တယ်... သဘောကောင်းပါတယ်.. ပွင့်ပွင့်လင်းလင်းလဲရှိတယ်... မင်းသမီးတစ်ယောက်ထက် ကိုယ်နဲ့ နယ်ပယ်မတူတဲ့ အသိုင်းအ၀ိုင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရသလိုပဲ... ကမ္ဘာ့အဆင့်မှီ ရုပ်ရှင်တွေ မထုတ်လုပ်နိုင်ရခြင်းအတွက် သူတို့ဘက်က အခက်အခဲတွေနဲ့ အတားအဆီးလေးတွေကို အနည်းကျဉ်းသိရတဲ့အတွက် သူတို့ ခံစားချက်ကိုလဲ နားလည်တယ်... အရင်က မြန်မာကားတွေကို ကျွန်မဝေဖန်လေ့ရှိတယ်... ဒါပေမဲ့ မဝေဖန်ပဲ ရပ်ထားတာကြာပါပြီ... အဲဒိကတည်းက ကျွန်မ အနည်းနဲ့ အများတော့ မှန်းလို့ရတယ်... သူတို့ မှာလဲ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ သူတို့ရှိနေမယ်ဆိုတာပါ...

အော့ချက်ရောက်တော့ တာကာရှီးမားယားမှာ ဆင်းပြီး လမ်းခွဲလိုက်ကြတယ်... ကားပေါ်မှာ နည်းနည်းရင်းနှီးသွားတာရော သူလဲ သူ့အချိန်နဲ့ သူအားနေတာသိတာကြောင့်ရော... သူနဲ့တော့ အဲဒိမှာ ဓာတ်ပုံ တွဲရိုက်ခဲ့တယ်... သူလဲ သူ့ဖုန်းနဲ့ ပြန်ရိုက်သွားသေးတယ်...

လမ်းခွဲပြီးတော့ သူငယ်ချင်းဆီကို အိမ်ရှင်အစ်မကြီး ဖုန်းဆက်ပြီး သက်မွန်မြင့်သူငယ်ချင်းအဖြစ် သရုပ်ဆောင်ဖို့ လူလိုလို့ မိန်းကလေး ၂ယောက်လောက်လိုတယ်ပြောတယ်... ဒါပေမဲ့ ကိုယ်လဲ သရုပ်ဆောင်တာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာရော အဲဒိနေ့က သူတို့ဆီသွားလို့ နေ့လည်က ချိန်းထားတာတစ်ခုကို ဖြတ်လိုက်ရတယ်... ညနေကိစ္စပါ ဖြတ်လို့ မဖြစ်တာနဲ့ မကူညီလိုက်တော့ဘူး... အတွေ့အကြုံရော ပညာရောတော့ ရဖူးချင်ပါတယ်... ဒါပေမဲ့လဲ ဗြုံးစားကြီးဆိုတော့ အဆင်မပြေဘူးလေ...

သူတို့ကားကလဲ သရုပ်ဆောင်တွေဝေေ၀ဆာဆာနဲ့ တစ်ကားလုံးမှာ ခေါင်းဆောင်မင်းသား ၁ယောက်နဲ့ မင်းသမီး ၂ယောက်ပဲပါတယ်... ဒီစကာင်္ပူအခံက ၀ါသနာပါတဲ့ လက်လှမ်းမီတဲ့ မိန်းကလေးတွေကိုတော့ အကူအညီတောင်းပြီး သက်မွန်မြင့် သူငယ်ချင်းအနေနဲ့ သုံးထားတယ်ထင်တယ်... အဲဒိနေ့ ညနေ malion ဘက်မှာ ရိုက်မယ်ဆိုတာတော့ မသွားကြည့်ဖြစ်တော့ဘူး... ဒါရိုက်တာနဲ့ စကားပြောပုံအရ ပါမစ်တွေဘာတွေလဲ လျှောက်ဖို့ အချိန်မရှိတာနဲ့ မလျှောက်ထားတော့ တာဝန်ရှိသူတွေ မသိအောင် ရိုက်ရတယ်ဆိုတော့ စိတ်မကောင်းဘူး... နောက်တစ်ခါလာရိုက်မယ်ဆိုပြော ပါမစ်တင်တာ ပေးသင့်သလောက်ပေးပြီးရင် ဒီလောက်မကြာဘူးချက်ချင်းရိုက်လို့ရမယ်လို့ ကျွန်မတော့ထင်တယ်... ၁ရက် ၂ရက်တောင် ကြာမှာမဟုတ်ပါဘူး (တကယ်လို့ ကိုယ်ရိုက်ချင်တဲ့နေရာမှာ တခြား ပွဲအစီအစဉ်တစ်ခုမရှိရင်ပေါ့) ဒီတော့ နောက်ဆို အကူအညီလိုလဲ ပြောပေါ့.. ပါမစ်ကြို တင်ပေးထားပါ့မယ်... အချိန်တော့ မှန်ပါစေပေါ့...

ဘာလို့လဲဆိုတော့ ခု စပြနေတဲ့ ကိုရီးယားဇာတ်လမ်း Myung Wol, The spy ကို MBS ပေါ်က ရေကန်ကြီးမှာ ခမ်းခမ်းနားနား လာရိုက်သွားတယ်... ခုတော့ ကိုယ့်မြန်မာ့ရုပ်ရှင်က malion လေးတောင် တာဝန်ရှိသူ မသိအောင် ရိုက်ရတယ်ဆိုတော့ စိတ်မကောင်းလို့ အတတ်နိုင်ဆုံး အချိန်ကုန်ခံ စုံစမ်းကူညီပေးမယ်...

ဆရာဝင်လုပ်တယ်လဲမထင်စေချင်ပါဘူး... ကိုယ်လဲ professional လုပ်စားနေတဲ့ ကိုယ့်ထက်ဝါရင့်တဲ့သူတွေလောက် မတတ်ပါဘူး... ဒါပေမဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ပဲ ပြောပြတာပါ... ကျွန်မ မသိတဲ့ တခြားအခက်ခဲအမျိုးမျိုးရှိလား ဆိုတာတော့ ကျွန်မလဲ မသိ...

မနက်ဖြန်လဲ national day firework တွေနဲ့အတူ သီချင်း VCD တစ်ပုဒ်ကို သက်မွန်မြင့်နဲ့ ရိုက်ဖို့ မိန်းကလေး သူငယ်ချင်းလုပ်ဖို့ သရုပ်ဆောင် ၂ ယောက် ၃ယောက်လောက်လိုလို့ ကိုယ့်ကိုလာခေါ်ပါသေးတယ်... တကယ်လဲကူညီချင်ပါတယ်... ဒါပေမဲ့ မနက်ဖြန်ည အလုပ်ရှိတာရော.. ခွင့်သိပ်မကျန်တာရောကြောင့် မကူညီနိုင်ပြန်ဘူး... သရုပ်ဆောင်ဖို့ထက် တခြား ပညာတွေတော့ အများကြီး သင်ယူချင်ပါသေးတယ်... အလင်းအမှောင်ချိန်တာ ကင်မရာ အနေအထား အယူအဆကို ဒါရိုက်တာက မော်နီတာက ကြည့်တာနဲ့ သိပြီး commend ပေးနိုင်တာ အားကျတယ်... ဒီထက် တိုးတက်တဲ့ အနုပညာလောကသာ မြန်မာပြည်မှာ ဖြစ်လာရင် သူတို့လဲ ဒိထက် အားစိုက်ထုတ်ပြီးလုပ်ကြမှာပဲလို့ ယုံကြည်တယ်...

အထူးသဖြင့်တော့ အားလုံးက ဖော်ဖော်ရွေရွေနဲ့ ကိုယ့်ကို အေးအေးဆေဆေး ကြည့်ခွင့်ပေးတယ်... စကားလဲပြောတဲ့အတွက် ရုပ်ရှင်အဖွဲ့သားတွေ အားလုံးကို ခုလိုတွေ့ရတာကျေနပ်မိတယ်... ကျေးဇူးလဲတင်ပါတယ်... ဒါပထမဆုံး ရုပ်ရှင်ရိုက်တာကို အနီးကပ်သေချာမြင်ဖူးတာပဲ... သူတို့ ရုပ်ရှင်ရိုက်နေတဲ့ အချိန်မှာ ကင်မရာ flash off ပြီး ဓာတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တယ်... ဒါပေမဲ့ ချောရတနာက မီးထိုးတဲ့ အဖက်ကြီးနဲ့ ကွယ်နေလို့ မပါဘူး... ဟိန်းဝေယံပုံတွေချည်းပဲ ပါတယ်... (တမင် ဟိန်းဝေယံကိုချည်းရိုက်ခဲ့တာဟုတ်ဘူးနော်... ဟီး.. ဟီး...)

မှတ်ချက်... ဒီပိုစ့်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပဲ မဗေဒါ အမြင် မဗေဒါ အယူအဆနဲ့ သာ ရေးသားထားခြင်းဖြစ်လို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...

ဓာတ်ပုံလေးတွေ ရှုစားသွားပါ...

အောက်က ခုံမှာထိုင်နေတာက မှတ်တမ်းတဲ့... script လဲသူပဲ ဖတ်ပြတယ်...

ဒါရိုက်တာကြည့်တဲ့ မော်နီတာ.. ကင်မရာက ၂လုံးဒါပေမဲ့ ၁လုံးကဟာပဲမြင်ရတယ်...

ချောရတနာက အဲဒိ အဖက်ကြီးနဲ့ ကွယ်နေတယ်...

ဓာတ်ပုံတွေက SZA ကင်မရာနဲ့ မဗေဒါကိုယ်တိုင်ရိုက်ထားတာပါ...

အရင်တစ်ခေါက်ကတည်းက သူငယ်ချင်း မင်္ဂလာမောင်နှံအတွက် မဗေဒါရိုက်တဲ့ MTV လေးကို ပြမယ်လို့ စာဖတ်သူတစ်ချို့ကိုပြောခဲ့တာ ခုမှပဲ Youtube ပေါ်တင်ဖြစ်ပါတော့တယ်... သူတို့ ဗွီဒီယိုလေးအတွက် ဘာသီချင်းသုံးရင် သင့်တော်မလဲ ဆိုတာကို သတို့သမီးနဲ့ ကျွန်မ အချိန်ယူ စဉ်းစားရင်းနောက်ဆုံးမှာ ဓာတ်ပုံ Slide show အတွက် အာဇာနည်နဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ "လိုက်ဖက်တဲ့ ဘ၀" သီချင်းကို ရွေးချယ်ခဲ့ပြီး... သူတို့ ၂ယောက်သရုပ်ဆောင်မဲ့ MTV အတွက်ကတော့ ထူးအယ်လင်းနဲ့ မီးမီးခဲရဲ့ "မင်း" ဆိုတဲ့ သီချင်းလေးကို သတို့သမီးရဲ့ ရွေးချယ်မှုရယ် ကျွန်မရဲ့ သဘောတူညီမှုရယ်နဲ့ ရွေးချယ်ဖြစ်ခဲ့ပါတယ်...

သူတို့မင်္ဂလာဆောင်မှာ မဗေဒါလုပ်ပေးတဲ့ ဓာတ်ပုံ Slide Show လေးကို အရင်ပြပါတယ်... ဒီဓာတ်ပုံ Slide Show လေးကို ရိုးရိုးကြီးမဖြစ်အောင် မဗေဒါလုပ်ထားတဲ့ အိုင်ဒီယာလေးကတော့ သူတို့ ၂ယောက်ရဲ့ ဘ၀နဲ့ အချစ်ဇာတ်လမ်းအကျဉ်းချုပ်လေးကို ငယ်ရာကနေ ကြီးလာပြီး သူတို့ ၂ယောက်ရဲ့ ရည်းစားသက်တမ်းကပုံတွေကို အစဉ်လိုက်ထည့်ထားပြီး... အဆုံးမှာမှ Pre wedding photo shoot က ပုံလေးတွေနဲ့ ခုဆိုရင်တော့ မင်္ဂလာဆောင်တဲ့ အကြင်လင်မယားဖြစ်သွားတဲ့ Happy Ending ဇာတ်လမ်းလေးတစ်ပုဒ်လို ဆင်ပြီး ထည့်ထားပါတယ်... ဓာတ်ပုံတွေချည်းပဲ ပြနေရင် ကြည့်ရတဲ့သူတွေ ပျင်းသွားမှာစိုးလို့ သူတို့ ၂ယောက်ရဲ့ ချစ်ဇာတ်လမ်းနဲ့ လိုက်ဖက်မဲ့ Romantic ဆန်ဆန် စာလုံးလေးတွေကိုလဲ ဟိုနားဒီနားက Inspire ယူ... ကူးချတန်တာ ကူးချ... Modified လုပ်တန်လုပ်ပြီး ထည့်ပေးထားပါတယ်... ကဲ... မဗေဒါရဲ့ ပထမဆုံး မင်းသားနဲ့ မင်းသမီးရဲ့ ဖြစ်ရပ်မှန် ချစ်ဇာတ်လမ်း ဓာတ်ပုံ Slide show လေးကို ရှုစားသွားကြပါအုံးလို့....

သီချင်း - လိုက်ဖက်တဲ့ ဘဝ
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - အာဇာနည် ၊ ၀ိုင်းစုခိုင်သိန်း



"မင်း" သီချင်းနဲ့ ဗွီဒီယိုရိုက်ဖို့ ၃ယောက်လုံးအားရက်က ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် နောက်ဆုံး Weekend တစ်ခုမှာ သတို့သမီးက အလုပ်ကခွင့်ယူပြီး ရှားရှားပါးပါး ၁ရက်အတွက် Khatib ရေကန်ရှိတဲ့ ပန်းခြံမှာ သွားရိုက်ဖြစ်ကြပါတယ်... အဲဒိမတိုင်ခင် အချိန်ရရင် ရသလို သတို့သမီးနဲ့ ကျွန်မ အ၀တ်အစားအတွက် ရှော့ပင်းပတ်ဖြစ်ရင် ကျွန်မက သူလဲဝတ်ရဲပြီး အဆင်ပြေ ကျွန်မလိုချင်တဲ့ Theme နဲ့လဲ့ လိုက်ဖက်မဲ့ အကျီင်္ဒီဇိုင်းနဲ အရောင်ကို လိုက်လံရွေးချယ်ပြီး ၀ယ်ဖြစ်ပါတယ်... မဗေဒါကတော့ မင်္ဂလာဆောင် ဗွီဒီယိုအတွက် ဖြစ်နိုင်ရင် အဖြူစစ်စစ် ဂါဝန်လေးကို ၀တ်စေချင်တယ်... အဖြူစွတ်စွတ်ဂါဝန်ကို အဖြူပန်းပွင့်လေးတွေ ပုခုံးနားမှာ ရှိတဲ့ ဂါဝန်လေးတွေ့တော့ မဗေဒါရဲ့ အားပေးမှုနဲ့ သတို့သမီးလဲ ၀ယ်ရှာပါတယ်... သူက တာဇံအကျီင်္လို ပုခုံးတစ်ဖက်ပေါ်လေးပါ... (ကျွန်မမျက်လုံးထဲတော့ တကယ်လှတယ်...) ဒါပေမဲ့ အဖြူစွတ်စွတ်ဂါဝန်ကျတော့ ပါးတယ်လို့ထင်ရတာကတစ်ကြောင်း... အဲဒိသွားရိုက်တဲ့ နေ့က မိုးရွာနေတော့ အကျီင်္မလဲဖြစ်တော့တာက တစ်ကြောင်းကြောင့် ၀တ်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး...

ရိုက်ကွင်းနေရာက အားလုံးအဆင်ပြေမဲ့ နေရာဖြစ်အောင် ကျွန်မပဲရွေးတာပါ... အဲဒိက လူလဲရှင်းတော့ သရုပ်ဆောင်ရင်လဲ သိပ်ရှက်စရာမလိုဘူးပေါ့... ကိုယ်တွေက Pro တွေမှ မဟုတ်တာ... သတို့သမီးက သာမာန်အချိန်မှာ မိတ်ကပ်လိမ်းနေကျသူမဟုတ်တော့ မိတ်ကပ်ထူထူလေးလိမ်းဖို့ ကိုယ်က တောင်းဆိုရင်း နောက်ဆုံးကျွန်မပဲ တတ်သလောက်မှတ်သလောက်နဲ့ မင်းသမီးကို ပြင်ပေးလိုက်တယ်...(လက်ရာကတော့ မြင်တဲ့အတိုင်းပဲ... သတို့သမီးက ချောပြီးသားမို့ တော်တော့တယ်... ဟီး... ဟီး...)အိမ်က ထွက်လာတဲ့အထိရာသီဥတုက အကောင်း... ရိုက်ကွင်းနေရာရောက်တာနဲ့ မိုးက ရွာချပါလေရော... သဲကြီးမဲကြီး... မိုးရော လေရော... အဲဒါနဲ့မိုးခိုပြီး မိုးတိတ်တာကိုစောင့် ... မင်းသမီး မိတ်ကပ်ပျက်သွားမှာစိုးတာ..(ဒါတောင် ကိုယ်လိမ်းပေးတဲ့ မိတ်ကပ်က ကင်မရာထဲရောက်တော့ ပါးနေသေးတယ်) နောက်ဆုံး မိုးလေး ဖွဲဖွဲကျန်တဲ့အချိန်မှ မထူးဘူးဆိုပြီး ထီးနဲ့ ရိုက်ဖြစ်ကြတယ်...

သူတို့ ၂ယောက်လုံးလဲ ကိုယ်လုပ်ခိုင်းတာကို အတတ်နိုင်ဆုံး လုပ်ပေးကြပါတယ်... အဲဒိအတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒါပေမဲ့လဲ Pro တွေမှ မဟုတ်တာနော်... မင်းသား မင်းသမီးအစစ်တွေလို အရမ်းတော့ ဘယ်အိုက်တင်ထုတ်တတ်မလဲ... ကိုယ်လဲ ခိုင်းရတာအားတော့နာပါတယ်... ဒါတောင် တချို့ဟာတွေ ၂ ခါ ၃ခါပြန်လုပ်ခိုင်းရင် လုပ်ပေးကြပါတယ်... (ဒါပေမဲ့ နောက်တစ်ခါဆို နောက်လူတွေ ရိုက်ချင်ရင်တော့ နည်းနည်း စည်းကမ်းထပ်ကျပ်မှဖြစ်မယ်... မကြိုက်မချင်း ပြန်လုပ်ခိုင်းမှာနော်... ဒါရိုက်တာက နာမည်ရလာပြီဆိုတော့ နည်းနည်းဆိုးတယ်... ခစ်ခစ်.)... အမှန်တော့လဲ မကျေနပ်မချင်းပြန်ရိုက်တာ သရုပ်ဆောင်အတွက်လဲကောင်းတယ်... ဒါရိုက်တာက မြင်နေရလို့ လိုနေတာကို ပြင်ပေးတာ... ဖန်သားပြင်ပေါ်ရောက်ရင် ဒါရိုက်တာပုံပါတာမဟုတ်ဘူး... သရုပ်ဆောင်ပဲ ပရိတ်သတ်က မြင်တာ... ဟုတ်တယ်ဟုတ်...? ဟုတ် ဟုတ် မဟုတ် ဟုတ် ဟုတ်လိုက်နော်.... :D

Storyboard အစထဲက ချမဆွဲပဲ ဦးနှောက်ထဲမှာ စဉ်းစားထားတာလောက် မြင်ဖူးတာလောက်နဲ့ အကြံပေါ်ရင်ပေါ်သလို ရိုက်တော့ သိပ်တော့ ကျွန်မရဲ့ အစီအစဉ်က မကျနလှဘူး... အမှန်ဆို ရိုက်ကွင်းနေရာကိုလဲ မရိုက်ခင်ကတည်းက သွား လေ့လာထားသင့်တယ်... ပြီးတော့ ဘာရိုက်မယ် ဘယ်ရှုထောင့်ကရိုက်မယ်ဆိုတာကိုလဲ သေချာ Storyboard နဲ့ plan ချသွားရင် သရုပ်ဆောင်တွေလဲ သိပ်မပင်ပန်းတော့ဘူး... ဒါကတော့ ကျွန်မဘက်က လိုတဲ့အပိုင်းတွေ... သင်ခန်းစာရတာပေါ့... ခုတော့ တချို့တွေကို သရုပ်ဆောင်ခိုင်းပြီး ဗွီဒိယိုထဲမှာ သိပ်ကြည့်မကောင်းလို့ မထည့်ဖြစ်လိုက်တာတွေလဲရှိတယ်... ကျွန်မရဲ့ မင်းသမီး မင်းသားက အမှန်ဆို တော်တောင် တော်သေးတယ်... သူတို့ကို သရုပ်ဆောင်ခိုင်းတဲ့အချိန်မှာ နောက်က သီချင်းလဲ ဖွင့်မပေးထားဘူး... ဘလိုင်းကြီးသက်သက် ကျွန်မလုပ်ခိုင်းတာကို လုပ်ပေးရရှာတာ... သူတို့ ဒီလိုလုပ်ပေးလို့ မဗေဒါ ၀မ်းသာရတယ်...

သူတို့ ၂ယောက်ရဲ့ တကယ့် မင်္ဂလာနေ့မှာ ကျွန်မရိုက်ထားတဲ့ ဗွီဒီယိုလေးကို ပရိတ်သတ် (ဧည့်သည်)တွေက ပြုံးပြီး စိတ်ဝင်တစားကြည့်ကြတော့ ကျွန်မပျော်တယ်... ဖြစ်နိုင်ရင် ဒိထက် စက်ကောင်းကောင်း အစီအစဉ်ကျကျနဲ့ စနစ်တကျရိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်... ကျွန်မရဲ့ ၀ါသနာနဲ့ ဘာမဟုတ်တဲ့ လက်စွမ်းကို အတည်တကျ အသုံးချပြီး သူတို့ မင်္ဂလာပွဲပရိတ်သတ်တွေရှေ့မှာ ချပြခွင့်ပေးခဲ့တဲ့ မထူးထူးနဲ့ ကိုဗစ်တာကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်...(စိတ်ကူးနည်းနည်းယဉ်ပြီး ပြောပါရစေ... မဗေဒါ တချိန် နာမည်ကြီး ဒါရိုက်တာ ဖြစ်လာရင် မဗေဒါရဲ့ ဦးဆုံး မင်းသမီးနဲ့ မင်းသားက ဒီစုံတွဲအနေနဲ့ မှတ်မှတ်ရရရှိနေမှာပါ... ခစ်ခစ်.. (ပြောရတာ အရသာလဲရှိ... ရှက်လဲရှက်ပါတယ်... အဟိ)

အဲဒိ ဗွီဒီယိုကို အက်ဒစ်လုပ်တော့ ကိုယ့်ကင်မရာကိုယ်အားမရဘူး... HD ပဲဖြစ်ဖြစ်... ဒါမှ မဟုတ် Pro camera တစ်လုံးလောက်တော့ လိုချင်တယ်... ပိုက်ပိုက်ကလဲ မရှိတော့ ခက်တာပဲ... ( အဲဒါကြောင့် အောက်က "မဲပေးကြပါအုံးရှင်" ပိုစ့်ထဲက Canon ပိုစတာပြိုင်ပွဲဝင်ပြိုင်တာ... နိုင်တဲ့သူက မဗေဒါလိုချင်တဲ့ ဗွီဒီယိုကင်မရာရမှာလေ... ခုကြည့်ရတာ ဒီပုံအတိုင်းဆို နိုင်မဲ့ပုံတော့ မပေါ်ပါဘူး... ဒါပေမဲ့ မဲပေးသွားကြတဲ့ စာဖတ်သူတွေနဲ့ သူငယ်ချင်းပေါင်း ၂၀၀ နီးပါးရှိတယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာတယ် ကျေးဇူးလဲတင်တယ်... ဆုရရ မရရ ခုလို အားပေးတဲ့သူတွေရှိတယ်ဆိုတဲ့ အတွေးနဲ့ တင်ကျေနပ်တယ်... ဤကား စကားချက်)... လိုချင်တာတော့ အများကြီး ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာဖို့ အခွင့်မရသေးတော့ ဘာပစ္စည်းလိုလို့ လိုမှန်းတောင် မသိ... ဒါပေမဲ့ သတင်းကောင်းအနေနဲ့(သတင်းကောင်းပဲပြောရမလားတော့ မသိ)ကတော့ မဗေဒါ ခုဆို Multimedia Design and Technology ဘာသာနဲ့ ကျောင်းရသွားပြီဆိုတဲ့ အကြောင်းပါပဲ... ကိုယ်ရွေးချယ်ထားတဲ့လမ်း အောင်မြင်မလား ရှုံးနိမ့်မလား... ရေစုံပဲ မျောမလားကတော့ ကျွန်မကိုယ်တိုင်လဲ မသိသေးပါဘူး... စာဖတ်သူ သူငယ်ချင်းတွေရဲ့ အားပေးမှုကတော့ ကျွန်မအတွက် ရှေ့ဆက်တိုးနိုင်မဲ့ အားဆေးတွေပါပဲ... ကဲ... မဆိုင်တာတွေပြောတာလဲ များပြီ... မဗေဒါရဲ့ လက်စွမ်းလေးကို ဖြစ်နိုင်ရင် HD 720 လေးနဲ့ ကြည့်ပြီး လိုအပ်တာလေးတွေကို အပြုသဘော နားလည်မှုရှိစွာ ဝေဖန်ပေးသွားကြပါအုံးလို့ ....

အဆုံးမှာ Making of Video လေးကို bonus အဖြစ်ထည့်ထားပါတယ်...

သီချင်း - မင်း
သရုပ်ဆောင် - ဗစ်တာ + ထူးထူး
တေးဆို - ထူးအယ်လင်း + မီးမီးခဲ


ယိုဒယားတွေဟာ သရဲကားထုတ်လုပ် ရိုက်ကူးရာမှာ hollywood ထက်ပင် ကြောက်စရာ ကောင်းအောင်ရိုက်တတ်တယ်လို့ ကျွန်မအတွက်တော့ သတ်မှတ်ယူဆတယ်... ကျွန်မအတွက် ထပ်တိုးအထူးကြောက်ရတာကတော့ ယိုးဒယားသရဲကားတွေရဲ့ အယူအဆ၊ ယုံကြည့်မှုနဲ့ ပါဝင်တဲ့ လူမျိုး စရိုက် အနည်းကျဉ်း၊ ဘုန်းကြီး ၀တ်စားဆင်ယင်မှုနဲ့ ဘုရားစာအသံ စတာတွေက မြန်မာနဲ့ အတော်နီးစပ်တဲ့အတွက် ကြည့်နေရင်း စိတ်ပါပြီး ကြောက်ရပြန်ပါတယ်...

ခုလတ်တလောမှာမှ ရုံတင်ပြသနေတဲ့ "Laddaland" ဆိုတဲ့ ယိုးဒယားသရဲကားမှာ Burmese maid ကို သတ်ခံရလို့ ခြောက်တယ်ဆိုတော့ ပိုစိတ်ဝင်စားမိပါတယ်... ဇာတ်ကားနာမည်ကလဲ အမှတ်မထင် မြန်မာလိုပြန်မိရင်လဲ "လဒ လမ်း" ဆိုတော့ ကျောချမ်းချင်စရာ... ခုတစ်လော အလွန်တရာမှ ကြောက်တတ်လွန်းနေတဲ့ ကျွန်မအတွက် ယိုးဒယားသရဲကားကို ရုံမှာသွားကြည့်ဖို့ အတော်လေး ခြေတုန်ချတုန်ဖြစ်ခဲ့ရပါတယ်... လူတွေဟာ အသက်ကြီးလေ ကြောက်တတ်လေထင်ပါတယ်... ငယ်ငယ်က သရဲကားတွေကို ကြည့်ရဲသလောက် ခုကြီးလာတော့ အရင်လောက် မကြည့်ရဲတော့ပါဘူး... ကြည့်ပြီး စိတ်ထဲစွဲနေပြီး ဟုတ်တာလဲမဟုတ်ပဲနဲ့ ကြောက်စိတ်ပိုနေတော့ အလုပ်မပြီးတတ်ပါဘူး... အဲလိုနဲ့ မကြည့်ဖြစ်တော့တာ ကြာပါပြီ... ဒါပေမဲ့ ဒီကားလေးကို ဘလော့မှာ review ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာဖတ်သူများအတွက် အားခဲပြီး သွားကြည့်ခဲ့ပါတယ်...

ဇာတ်လမ်း...

မိန်းမနဲ့ ကလေးတွေအတွက် တစ်အိုးတစ်အိမ် မထူထောင်ပေးနိုင်လို့ ယောက္ခမ နဲ့ အတူနေခဲ့ရတဲ့ Thee တစ်ယောက်ဟာ ယောက္ခမရဲ့ အငြိုငြင်ကို ခံခဲ့ရပါတယ်... သို့သော် သူ့အလုပ်သစ်စလုပ်ပြီး မကြာခင်မှာပဲ ချင်းမိုင်က Laddaland ဆိုတဲ့ ရပ်ကွက်မှာ အိမ်နဲ့ ခြံလေးတစ်လုံးဝယ်လာနိုင်တဲ့အခါ အလွန်ကိုမှ ပျော်ရွှင်နေပါတယ်... သူ့မိန်းမနဲ့ ကလေး ၂ယောက်ပြောင်းလာပြီး မိသားစုအတူပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးခဲ့ပါတယ်... သို့သော် သူ့ရဲ့ ပြင်းပျတဲ့ အိမ်ပိုင်နဲ့ မိသားစုအတူနေရေးစိတ်လေးဟာ တစ်မိသားစုလုံးကို စိတ်ချောက်ချားဖွယ် ဒုက္ခတွင်းကို မသိလိုက်ပဲ ခေါ်ယူခဲ့သလိုဖြစ်သွားတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ပါဘူး...

ဝေဖန်ချက်...

ဒီဇာတ်ကားဟာ အခြားသော ပေါချာချာသရဲကားများထက်ဆာလျှင် ကြောက်စရာကောင်းပြီး ကြည့်ထိုက်တဲ့ကားတစ်ကားဖြစ်သော်လည်း... ယခင်က နာမည်ကြီး ဇာတ်ကားတွေဖြစ်တဲ့ Shutter (ကြည့်ပြီး ၁နှစ်ကြာကြာ ကြောက်ခဲ့ရပါတယ်), Alone (ကြည့်ပြီး ကြောက်ခဲ့ရပါတယ်), Coming Soon (မကြည့်ရဲလို့ မကြည့်ဖြစ်ခဲ့ပါ) တွေလောက် ဇာတ်အိမ်ဖွဲ့စည်းမှု အားမကောင်းပါဘူး... သရုပ်ဆောင်နဲ့ ခြောက်ခြားမှုကတော့ အားမနည်းပါဘူး... လူတွေကို ကြောက်အောင် ခြောက်နိုင်သလို... လန့်သွားအောင်လဲ လှန့်နိုင်ပါတယ်... အစက မြန်မာသရဲမကို တကားလုံးရဲ့ အဓိကသရဲဖြစ်မယ်လို့ ထင်ခဲ့တာ... သူက ကားတစ်ဝက်လောက်ထိပဲ အဓိကသရဲဖြစ်ခဲ့ပါတယ်... Makin (မာကင်) ဆိုလို့ ဘာများလဲလို့... နောက်မှ မြန်မာမှုပြုမယ်ဆိုရင်တော့ မခင် လို့ ဆိုလိုတယ်လို့ထင်ပါတယ်... အဲဒိ မခင်သရဲမ ညစောင့်ကို ခြောက်တဲ့အခန်းမှာ ရှားရှားပါးပါး မြန်မာလိုပြောတာပါပါတယ်... အဲဒိအချိန်မှာ အောက်က အင်္ဂလိပ်စာတမ်းမထိုးပါဘူး... ဒီတော့ တခြားလူမျိုးတွေ နားလည်မှာမဟုတ်ပါဘူး... ကျွန်မတို့လို မြန်မာစကားနားလည်သူများအတွက် အပိုဆု ကြောက်စရာလေးတစ်ခုပေါ့နော်...

သရဲသံလုပ်ရာမှာလဲ ယိုးဒယားက creepy ဖြစ်ဖြစ် လုပ်နိုင်ပါတယ်... ရိုးရိုးလေးနဲ့ တိုးတိုးလေးပဲ မိန်းကလေး တစ်ယောက်ညဉ်းနေတဲ့ပုံစံမျိုးပါ... မြန်မာလိုပြောတာပါ... အသံလေးက သဲ့သဲ့တိုးတိုးလေးဆိုတော့ နောက်စကားလုံးကို အတော်တောင် အားစိုက်နားထောင်လိုက်ရတယ်... ဒါပေမဲ့ မြန်မာမိန်းကလေးစစ်စစ်နောက်ခံပြောတယ်ဆိုတာ သေချာပါတယ်... (အဲဒါမကြည့်ခင် နေ့လည်က မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဆိုတာကို ကြောက်ဖို့ကောင်းတယ်ဆိုလို့ ကြည့်ဖြစ်ပါတယ်... အဲဒိမှာ ကျွန်မကို ကြောက်စရာတွေအစား ရီစရာတွေ ပေးတာကတော့ သရဲမက ပါးစပ်ကြီးဟလိုက်ရင် ခြင်္သေ့ဟိန်းသံကြီးထွက်လာတယ်ရှင့်) အဲဒိကားအကြောင်းကိုတော့ နောက်မှ အချိန်ရရင်ပဲဖြစ်ဖြစ်... ဝေဖန်ချင်စိတ်ရှိရင်ပဲဖြစ်ဖြစ် ထပ်ဝေဖန်ပေးပါအုံးမယ်... (သိပ်လဲ မပြောချင်တာက သူတို့ခမျာလဲ ကြိုးစားနေရှာတာပါပဲ... စည်းဘောင်အတွင်းက ကြိုးစားနေရရှာတော့ လစ်ဟာနေတာလေးတွေကို ကိုယ်က ပိုးစိုးပက်စက် စိတ်ရှိတိုင်း မပြောချင်လို့ပါ)... ပြီးတော့ စေတနာနဲ့ ဝေဖန်တာကို ကိုယ့်လူမျိုးကို အထင်အမြင်သေးတယ်လို့ အထင်လွဲမှာ စိုးလို့ပါ...

Spoiler Alert From now On...


တချို့ အခန်းတွေမှာ အရင်က သုံးပြီးသား သရဲ Trick မျိုးကို ပြန်သုံးထားတာတွေ့ရပါတယ်... ဥပမာ... ရေခဲသေတ္တာ တခါးကြီး လှုပ်တဲ့ အခန်းမှာ သူက သူ့သားလေး ဆော့ရင်း သရဲခြောက်တဲ့ အိမ်ထဲက ရေခဲသေတ္တာထဲများဝင်ပုံးနေလားဆိုပြီးသံသယဖြစ်နေတုံး သူ့မိန်းမဖုန်းခေါ်ပြီး သူတို့ သားလေး အိမ်ပြန်ရောက်နေပြီလို့ ပြောတာမျိုးတွေ (ဒါဆိုစောစောက ရေခဲသေတ္တာ တံခါးလှုပ်တာ ဘယ်သူ့ကြောင့်လဲ ဆိုတဲ့ အတွေးမျိုး)... Shutter မှာဆိုရင်တော့ သူဓာတ်ပုံဆေးနေတုန်း ဘေးမှာ သူ့ရည်းစားကလာရပ်နေပြီး နောက်တော့ ဖုန်းလာတော့ သူ့ရည်းစားက ခုမှ လမ်းမှာ လာနေတုန်းဆိုတဲ့ ပုံစံနဲ့တူပါတယ်... Trick ကတူပင်မဲ့ ကြောက်ဖို့ကတော့ ကောင်းမြဲပါပဲ... အဲဒိ ရေခဲသေတ္တာအခန်းမှာဆိုရင် ကျက်သီးတောင်ထပါတယ်... ဇာတ်လမ်းအရ အဲဒိ အိမ်က မြန်မာအိမ်ဖော်မလေးကို သတ်ပြီးတော့ ရေခဲသေတ္တာထဲ အလောင်းကို ထည့်ခဲ့တာပါ... ရေခဲသတ္တာတံခါးကြီး ၀ုန်းကနဲဖြစ်သွားတဲ့အချိန်မှာ ကျွန်မလဲ မျက်စိမှိတ်လိုက်လို့ ဘာထွက်လာလဲဆိုတာတော့ ခုထိ မဟေဋ္ဌိပါပဲ... ဟဲ.. ဟဲ... ထင်တာတော့ ဘာမှ ထွက်လာတာ မပြဘူးထင်ပါတယ်... မင်းသားထွက်ပြေးသွားတယ်ထင်ပါတယ်... (ဒါနဲ့ မြန်မာသရဲကား "ကားပေါ်မှာ လိုက်လာတယ်" ဇာတ်ကားထဲမှာလဲ အဲဒိလို Trick မျိုးသုံးထားပါတယ်... ကားပေါ်ကို မိန်းမနဲ့ကလေးတစ်ယောက် တက်သွားတာတွေ့လိုက်လို့ မင်းအုပ်စိုးက ကားပေါ်တက်အကြည့်မှာ ကားပေါ်က ခရီးသည်မိန်းမတစ်ယောက်ကိုသာတွေ့ပြီး နောက်မှ ထိုမိန်းမက တစ်ချိန်လုံးကားအောက်မှာသာရှိကြောင်းကို ရိုက်ပြသွားပါတယ်... Trick ချင်းတူပင်မဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်... အသံ... တီးလုံးရွေးချယ်မှုကွာခြားလို့ထင်တယ်... မြန်မာကားက Trick က ကျက်သီးမပြောနဲ့ အစားတောင် မပျက်ခဲ့ပါဘူး..)... (ရေးရင်းနဲ့ကို မြန်မာကားကို ဝေဖန်စရာတွေ ပေါ်ပေါ်လာတယ်... ယိုးဒယားကားကို ပြန် Focus မှပဲ)...

ပြီးတော့ ယိုဒယား သရဲကားများ ထုံးစံအတိုင်း လူကို အငိုက်ဖမ်းပြီး လှန့်တတ်ပါသေးတယ်... ညစောင့်ကို ခြောက်တဲ့အခန်းမှာပဲ မိန်းကလေးတစ်ယောက် ညဘက် လမ်းမအမှောင်ပေါ်မှာ ကွေးကွေးလေးထိုင်နေတာတွေ့လို့ ညစောင့်က မီးနဲ့ ထိုးကြည့်နေတော့ ကျွန်မလဲကြောက်ပြီး မျက်လုံးကို မှိတ်လိုက်ပါတယ်... တော်တော်လေး မှိတ်ပြီးတဲ့အထိ ဘာသံမှလဲ ဆက်မကြားရ... ပြီးတော့ သရဲမ ပျောက်သွားတယ်ဆိုတော့ ထပြီး ပြန်ကြည့်လိုက်ကာမှ... ဘွားကနဲ မျက်နှာရှေ့မှ ကပ်ပြီးပေါ်လာတာ... လန့်လို့ ထအော်မိပါရော... ရုံထဲမှာလဲ ကိုယ်နဲ့ အော်ဖော်တွေအတော်များပါတယ်... ယိုဒယား သရဲကားကြည့်ရင် ပျော်စရာကောင်းတာတစ်ခုကတော့ သရဲခြောက်ရင် အော်ကြတာပါပဲ.. ပြီးရင်တော့ ရုံထဲမှာ အရှက်ပြေ ရယ်သံလေးတွေ ပြန်ထွက်လာတတ်ပါတယ်... ဒီကားက NC16 ပါ... ဒါပေမဲ့ အသက်ငယ်တဲ့သူတွေက ပိုသတ္တိကောင်းတယ်ထင်တယ်... လာကြည့်တာ လူငယ်တွေများတယ်... သူငယ်ချင်းအုပ်လိုက်တွေ... လူကြီးတွေ လုံးဝမရှိသလောက်ပဲ (ကျွန်မတော့ လုံးဝမတွေ့ခဲ့ဘူး)...

ဘုန်းကြီးတွေ ဘုရားစာရွတ်တဲ့အခန်းမှာလဲ မြန်မာဘုရားစာနဲ့ တူတူပဲမို့ ရုပ်ရှင်ထဲ အတော်လေး ဈာန်ပါခဲ့တယ်... ဆုံးခါနီး သမီးကြီးလုပ်တဲ့ ကောင်မလေးက အ၀တ်ဟိုဘက်ခြံထဲကျသွားလို့ ၀င်ကောက်တဲ့အခန်းကလဲ ကြောက်စရာပါ... ဇာတ်လမ်းအရ မြန်မာသရဲမခြောက်ခံရပြီးနောက်မှာ အဲဒိကောင်မလေးက သူငယ်ချင်းတွေနဲ့ စာကျက်မယ်ဆိုပြီး သွားနေပါတယ်... ဒီကြားထဲမှာ သူတို့ ဘေးခြံက တစ်မိသားစုလုံး ကိုယ့်ကိုကိုယ်သတ်သေသွားတာ သူမသိလိုက်ဘူးလို့ ကျွန်မကတော့ နားလည်ပါတယ်... အဲဒါကြောင့်လဲ အ၀တ်ကျသွားတော့ သူက ဟိုဘက်ခြံကို ကျော်ဝင်ပြီးကောက်တာပါ... အ၀တ်တွေကြားထဲက သရဲမ လမ်းလျှောက်လာတာ... ပြီးတော့ အစမှာတော့ မျက်လုံးပဲတွေ့တော့ ဘာမှ မဖြစ်သလိုနဲ့ နောက်မှ ပါးစပ်ကြီးပေါက်နေတာ... အမလေး... ကျွန်မသာအဲဒိနေရာမှာဆိုရင် အော်ဖို့ အသံတောင်ထွက်ပါ့မလားမသိဘူး... အဆုံးခန်းမှာလဲ ကလေးသရဲလေးနဲ့ တွေ့တဲ့အခန်းမှာ မကြည့်ရဲလို့ ပန်းချီကားလေးနဲ့ ကားထားတာကို အလည်ကနေ တဖြည်းဖြည်းဆွဲစုတ်တဲ့အခန်းကလဲ အူယားစရာပါ... (အဟိ.. သတ္တိခဲကျွန်မ အဲဒါလဲ မျက်လုံးမှိတ်ထားပါတယ်.. ကြည့်တဲ့သူကပြောတာတော့ မျက်နှာက ပေါက်နေတယ်လို့ပြောပါတယ်)... နောက်ပိုင်းအခန်းတွေတော်တော်များများ စိတ်မောလာလို့ စိတ်ပေါက်ပေါက်နဲ့ ဖုန်းထုတ်ပြီး ဂိမ်း ၁ဂိမ်းလောက်ဆော့နေလိုက်ပါတယ်.. အဟိ....အဲဒိကားမှာ ကျွန်မအသည်းယားဆုံးနဲ့ အမြင်ကပ်ဆုံးက သူတို့ အဖေလုပ်တဲ့သူပါ... သရဲခြောက်တယ်လို့ပြောတဲ့ကလေးကို ပြောရမလားဆိုပြီးဆုံးမတာ သရဲခြောက်တဲ့ အိမ်ထဲကို ခေါ်သွားစရာလား... ကျွန်မသာဆိုလဲ အတော်လေး စိတ်ဆိုးမှာပါ.. ဒါဟာ သားသမီးကို ဆုံးမတဲ့ နည်းမဟုတ်ပါဘူး... အဟီး... ပြောရင်းနဲ့ ရုပ်ရှင်ကို အဟုတ်မှတ်ပြီး မဆိုင်တာတွေ ဝေဖန်မိပြန်ပြီ.. (မဗေဒါ စိတ်ထိန်း.. စိတ်ထိန်း)...

ပြောရမယ်ဆိုရင်တော့ အများကြီးပဲ... အဲဒိရုပ်ရှင်ရဲ့ ရှေ့ပိုင်း ၁၅ မိနစ်လောက်ပဲ အေးအေးချမ်းချမ်းကြည့်ရမယ်.. ပြီးရင်တော့ တကားလုံး ဆက်တိုက်ပဲ အော်ပေတော့... ကျန်တာတွေရှိသေးတယ်... မပြောနိုင်တော့ဘူး... ကိုယ်ပါကိုယ်ပဲကြည့်လိုက်တော့.... အော်.. ဟောဒီမှာ အမြည်းအနေနဲ့ Trailer လေးကြည့်သွား... Trailer ကို သိပ်မကြောက်ဖူးဆိုရင်တော့ ရုံမှာသွားကြည့်ဖို့ အခြေအနေကောင်းတယ်... ကြောက်ချင်ရင်သွားကြည့်... ကြောက်တတ်ရင်တော့ ကိုယ့်ဒုက္ခကိုယ်မရှာနဲ့နော်...

ချစ်ခင်ရပါသော မဗေဒါ့ စာဖတ်သူများရှင့်...

စာမှန်မှန်မရေးသောကြောင့် အလွန်တရာမှ မျက်နှာပူ အားနာရသော်လည်း.. နာတဲ့ မျက်နှာ နောက်ထားပြီး နောက်ထပ် အကူအညီတောင်းဆိုချင်တာလေးတစ်ခုရှိပါသေးတယ်... မဗေဒါခုလောလောဆယ်မှာ Canon-asia.com က ရုပ်ရှင်ပိုစတာပြိုင်ပွဲလေးတစ်ခုကို ၀င်ရောက်ယှဉ်ပြိုင်ထားပါတယ်... စုစုပေါင်း ပိုစတာ ၃ခုတင်ထားပါတယ်... အားလုံးထဲမှာ ရွှေတိဂုံဘုရားပေါ်က ဖယောင်းတိုင်တွေနဲ့ ရိုက်တဲ့ပုံလေးက ခုဆိုရင် ထိပ်ဆုံးအဆင့်ကနေ တဖြည်းဖြည်းနဲ့ လောလောဆယ်အထိ နံပါတ် ၆ အဆင့်ကို ကျနေပါတယ်... ဖေ့ဘွတ် အကောင့်ရှိတဲ့ မိတ်ဆွေတို့ရဲ့ မဲလိုအပ်နေပါတယ်... ဒီလကုန် ၃၀ရက်နေ့ကျရင် မဲပေးတဲ့ ရက်ကုန်ဆုံးမှာဖြစ်ပါတယ်... ကျေးဇူးပြုပြီး မဗေဒါရဲ့ပိုစတာလေးကို မဲပေးပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုပါတယ်...
မဲပေးပုံ အဆင့်ဆင့်ကတော့...

၁) အောက်ပါလင်ခ့်ကိုသွားပါ...
http://www.canon-asia.com/Legria/contest/gallery.php?id=465
၂) ပိုစတာရဲ့ဘေးမှာ "Vote" ဆိုတဲ့ button လေးကို နှိပ်ပါ...

၃) pop up window တစ်ခုမှာ facebook app ကို allow လုပ်လိုက်ပါ... (log in မ၀င်ရသေးရင် အရင်ဝင်ပြီးမှ allow လုပ်လို့ရပါတယ်)

၎) ပြီးလျှင် စောစောက ပွင့်နေတဲ့ ဓာတ်ပုံကို ပြန်ပိတ်လိုက်ပါ... (Thank you for voting) လို့ပြနေပေမဲ့ အဲဒါ တစ်ကယ်မဗို့ရသေးပါဘူး... အပေါ်က ပေးထားတဲ့လင့်ခ်ကို ပြန်ဖွင့်ပြီး "vote" ကိုပြန်နှိပ်ပါ...

၅) "voted" လို့ပြပြီး မဲအရေအတွက် တက်သွားမှ တကယ် မဲပေးပြီးတာပါ... ကျေးဇူးအများကြီးတင်ပါတယ်... အထက်ပါ လုပ်ရိုးအတိုင်း ကျန် ၂ပုံကိုလဲပေးပေးပါ...

ကျန် ၂ပုံကိုပေးတဲ့အခါမှာတော့ allow ထပ်လုပ်စရာမလိုပါဘူး.. လင်ခ့်ကိုသွားပြီး vote ကို နှိပ်လိုက်ရုံပါပဲ...
http://www.canon-asia.com/Legria/contest/gallery.php?id=460

http://www.canon-asia.com/Legria/contest/gallery.php?id=461

"Share on facebook" ဆိုတဲ့ စာသားလေးကို နှိပ်ပြီးတော့လဲ သင်တို့ရဲ့ ဖေ့ဘွတ် wall မှာ မျှဝေပြီး မဗေဒါကို တဖက်တလှမ်းက မဲရအောင် ကူညီပေးမယ်ဆိုလျှင်လဲ အတိုင်းမသိဝမ်းသာမိမှာပါ... အကြံကုန် ဗေဒါ ပိုစ့်တင်ကာ စာဖတ်သူများကို နားပူနားဆာ ပူဆာလိုက်ပါတယ်....
ကျေးဇူးအထူးတင်ရှိလျက်...
မဗေဒါ..


မဗေဒါရဲ့ မွေးနေ့ပိုစ့်အောက်မှာတုန်းက မျက်လုံးမိတ်ကပ်ဘယ်လိုခြယ်ရလဲ လို့မေးသွားတဲ့သူရှိလို့ ရေးတော့ရေးချင်ခဲ့ပါတယ်... ဒါပေမဲ့ ကိုယ်ကိုတိုင်လဲ ဒီလောက် အတတ်ကြီးမဟုတ်တော့ မရေးသင့်ဘူးလို့ ထင်တယ်... ခုတော့မိတ်ကပ်ဘယ်လိုလိမ်းလဲတော့ မရေးဖြစ်ပဲ လက်သည်းပန်းချီဆိုးနည်းလေးကို ရေးချင်ပါတယ်...
ရန်ကုန်က ပြန်လာပြီးကတည်းက မဗေဒါ လက်သည်းပန်းချီ အနုပညာကို သဘောကျနေမိတယ်... ရန်ကုန်မှာ စကာင်္ပူနဲ့ ယှဉ်ရင် ဈေးပေါတော့ လုပ်ဖြစ်ခဲ့တယ်... အဲဒိကနေ စပြီး သဘောကျသွားတာ...
ရန်ကုန်မှာ လုပ်ဖြစ်တဲ့ ဆိုင်လေးကတော့ Spirit လို့ခေါ်ပါတယ်...ေ မြနီကုန်းမှာရှိပါတယ်...ေ မြနီကုန်း YKKO ကြေးအိုးဆိုင်နဲ့ ၃ ၄ ဆိုင် အကွာလောက်မှာရှိပါတယ်... ဆိုင်လေးက မိန်းကလေးတွေပဲရှိပြီး လူလဲသန့် ဝန်ဆောင်မှုလဲကောင်းပါတယ်...

လက်ရော ခြေရော သန့်စင်ပြီး လက်သည်း ခြေသည်းပန်းချီဆိုးရင် အပြီးအစီး ၇ဝဝဝ ကျပ် ကျပါတယ်... မိန်းကလေး သီးသန့် အနှိပ်ခန်းလဲရှိတယ်လို့ သိရပါတယ်... အချိန်မရလို့ ခြေထောက် အနှိပ်ပဲခံခဲ့ပါတယ်... ခြေထောက်ကို သေချာဆေးကြောပေးပြီး အကြောလျော့ အပူထုတ် အပန်းဖြေလို့ကောင်းပါတယ်... ရန်ကုန်မှာ ယောကျာင်္းလေးတွေ သွားတဲ့ အနှိပ်ခန်းတွေဘယ်နားရှိမှန်းမသိပေမဲ့ အဲဒိနေရာတွေမှာ သာမာန်မိန်းကလေး အနှိပ်ခံလိုမကောင်းဘူးထင်လို့ မသွားရသမျှ... Spirit လို မိန်းကလေး သီးသန့် စနစ်ကျကျရှိတဲ့ဆိုင်ကို တွေ့ခဲ့တဲ့အတွက် ဝမ်းသာပါတယ်.. နောက်မြန်မာပြည် ပြန်ဖြစ်ရင်လဲ အဲဒိကို သွားဖြစ်အုံးမယ်ထင်ပါတယ်... ရန်ကုန်ကလုပ်လာတဲ့ လက်သည်းပုံလေးတွေကတော့ အောက်မှာကြည့်ပါ....












စကာင်္ပူပြန်ရောက်တော့ လက်သည်းနီ တွေ G-market က ဝယ်ဖြစ်တာရော ပေါင်းသွားတော့ Youtube tutorial တွေကြည့်ပြီးလိုက်လုပ်ဖြစ်တယ်... Youtube ကြည့်ရတာ အဆင်မပြေတဲ့သူတွေပဲဖြစ်ဖြစ်... ဓာတ်ပုံနဲ့ အဆင့်ဆင့်ကြည့်ချင်တဲ့သူအတွက်ပဲဖြစ်ဖြစ် အဆင်ပြေအောင် ဒီနေ့ လက်သည်းဆိုးရင်း တကူးတက ဓာတ်ပုံ ရိုက်ထားလိုက်မိတယ်... Nail art tutorial post လေးကို စိတ်ဝင်စားရင် ဖတ်သွားကြပါ... ဒီ လက်သည်းဆိုးနည်းလေးကတော့ Youtube က cutepolish ရဲ့ "Flower Nail Art" ဆိုတဲ့ ဗွီဒီယိုလေးကို ကြည့်ပြီးလိုက်လုပ်ထားတာပါ... သူကတော့ အရမ်းဖျော့တဲ့ ပန်းနုရောင်ကို သုံးထားပါတယ်.. ကျွန်မမှာတော့ ခရမ်းရောင် နှောတဲ့ ပန်းနုရောင်ပဲရှိလို့ အဲဒါကိုပဲ အစားထိုးသုံးထားပါတယ်...


အဆင့် ၁။ ။ လက်သည်း ပျက်စီးထိခိုက်ခြင်းကို ကာကွယ်ဖို့အတွက် ဦးစွာ Base coat ကို ဆိုးပါ... ပြီးလျှင် အောက်ခံ ပန်းရောင်ကို ဆိုးပါ...




အဆင့် ၂။ ။ အစက်ချ ကိရိယာကို အသုံးပြုပြီး အနက်ရောင် အစက် ၅စက်ကို စက်ဝိုင်းပုံစံ လက်သည်းရဲ့ ကြိုက်နှစ်သက်ရာ အပေါ်ထောင့်မှာ ချပါ... (လက်သည်းအစက်ချ ကိရိယာကို ဝယ်ယူသုံးနိုင်သလို အိမ်မှာရှိတဲ့ ဆံညှပ်ကလစ်က အဖုလေးတွေ ပင်အပ် နောက်ပိတ်ဖုလေးတွေနဲ့လဲ အသုံးပြုပြီး အစက်ချလို့ရပါတယ်... ကျွန်မကတော့ ဆံညှပ်က အဖုလေးနဲ့ အစက်ချပါတယ်...)




အဆင့် ၃။ ။သွားကြားထိုးတန်ကို အသုံးပြုပြီး အစက်လေးတွေကို ပန်းပွင့်ပုံဖြစ်အောင် အတွင်းဘက်ကို ဆွဲထုတ်လိုက်ပါတယ်...



အဆင့် ၄ နှင့် ၅။ ။ အပေါ်က အစက်ချနည်း သွားကြားထိုးတံနဲ့ ပန်းပွင့်ပုံဖြစ်အောင် အတွင်းပိုင်းကို ဆွဲထုတ်နည်းအတိုင်း နောက်ထပ် အဖြူရောင် ပန်းပွင့်နဲ့ အမဲရောင်ပန်းပွင့် ၂ပွင့်ကို ထပ်လုပ်ပါတယ်... (လက်သည်းတိုရင် ကျွန်မကတော့ အမည်းတစ်ပွင့် အဖြူတစ်ပွင့်ပဲ ဆွဲပါတယ်...) .. ပြီးလျှင် အနက်ပွင့်လေးအလယ်ကို အဖြူဝတ်ဆံ အစက်လေးချပြီး အဖြူပွင့်လေးအလယ်ကို အနက်ဝတ်ဆံ အစက်လေးချပါတယ်...



အဆင့် ၆။ ။ လက်သည်းဆိုးဆေးအားလုံး ခြောက်အောင် ခဏစောင့်ပြီးလျှင် ဆိုးဆေး ကြာရှည်ခံစေရန်နှင့် ပြောင်လက်သွားစေရန်အတွက် Top Coat ကို ဖွဖွလေးထပ်ပါတယ်.... ဒါဆိုရင် သင်လိုချင်တဲ့ ပန်းပွင့်ပုံ ယဉ်လဲယဉ် လှလဲလှ သိပ်လဲ မခက်ခဲတဲ့ ပန်းပွင့်ပုံလက်သည်းပန်းချီလေးရပါပြီ... ကျွန်မလုပ်ထားတာတောင် နည်းနည်း မသေသပ်ဖြစ်နေပါတယ်.. ဆိုးရင်း ဓာတ်ပုံကလဲရိုက်ရ ရိုက်နေတုန်း လက်သည်းအစက်လေးတွေ ခြောက်သွားမှာလဲစိုးရနဲ့ဆိုတော့ ဒီလောက်ပဲရပါတယ်...




Youtube video ကြည့်ချင်တဲ့သူတွေအတွက်တော့ အောက်ပါဗွီဒီယိုကို ကြည့်ပါ... ကျွန်မအဲဒါကို ကြည့်ပြီး လိုက်လုပ်ထားတာပါ...


boy over flower ဇာတ်ကားမှာ ပန်းလေးတွေနဲ့ နှိုင်းယှဉ်ခံရတဲ့... F4 အဖွဲ့ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ပြီး နာမည်ကျော်လူသိများလာခဲ့တဲ့ မင်းသားချော လီမင်ဟိုတစ်ယောက်ဟာ ယခုဆိုရင် ဆန့်ကျင်ဘက် Character ဖြစ်တဲ့ City Hunter ဆိုတဲ့ Action ဇာတ်လမ်းတွဲတစ်ကားကို ရိုက်ကူးနေတယ်ဆိုတာ သိရှိရပါတယ်...

ကျွန်မအတွက် ဒီကားကို ပိုကြည့်ချင်ရတဲ့ အကြောင်းအရင်းကတော့ Songkyunkwan Scandal ထဲက မင်းသမီးချော Park Min Young က ခေါင်းဆောင်မင်းသမီးအဖြစ် တွဲဖတ်ပါဝင်သရုပ်ဆောင်ထားပါတယ်...

ဇာတ်လမ်းအရ Blue House(ကိုရီးယား သမ္မတ အိမ်တော်) National Communications Team မှာ အလုပ်လုပ်ပြီး အဘက်ဘက်မှာ ထူးချွန်တဲ့ သူ Lee Yoon Sung အဖြစ် လီမင်ဟိုက သရုပ်ဆောင်ထားပါတယ်... Lee Yoon Sung ဟာ အလွန်ပင် ဥာဏ်ကောင်းရုံမကပဲ ကိုယ်ခံပညာအတတ်ကို ထူးချွန်စွာတတ်မြောက်တဲ့ MIT Graduate တစ်ယောက်ဖြစ်ပါတယ်...

ယခင်က ဂျူဒိုပညာရှင်ဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတသမီးရဲ့ ကိုယ်ရံတော်ဖြစ်လာတဲ့ Kim Na Na အဖြစ် မင်းသမီးချော Park Min Young ကသရုပ်ဆောင်ထားပါတယ်...

နာမည်ကျော် အဆိုတော်အဖွဲ့ KARA ထဲက Goo HaRa ကလဲ သမ္မတ သမီးတော်အဖြစ် ပထမဆုံးအကြိမ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်...

ဒုတိယမင်းသားအဖြစ် Lee Jun-Hyuk (Three Borthers တွင်ပါဝင်ပြီး Secret Garden ဇာတ်ကားတွင် Seul ကိုလိုချင်သောကြောင့် ဂုံးတိုက်သောသူအဖြစ် ဧည့်သည်သရုပ်ဆောင်ပါဝင်ပါတယ်) က ရည်မှန်းချက်ကြီးသော တာဝန်ကိုအလေးထားသော Prosecutor အဖြစ်ပါဝင်ပါတယ်.... သူဟာ အချစ်ရေးကို စိတ်မ၀င်စားသလို ရည်ရွယ်ချက်ကြီးသူပီပီ Background ကောင်းကောင်းရှိတဲ့ မိန်းကလေးကို လိုချင်သူဖြစ်တယ်... သို့သော် သူ့အဖေအကြောင်းကို စုံစမ်းရင်း Blue House မှာအလုပ်လုပ်တဲ့ Kim NaNa ကို စွဲလန်းခဲ့တဲ့အခါ... အဘက်ဘက်မှာ ထူးချွန်တဲ့ ကျွန်မတို့ သူရဲကောင်း Lee Yoon Sung (လီမင်ဟို)နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းစတင်မှာဖြစ်ပါတယ်... နောက်မင်းသမီးတစ်ယောက်လဲ ပါသေးတယ်ပြောပါတယ်... ဆရာဝန်မအနေနဲ့ သရုပ်ဆောင်မယ်ဆိုလား ဖတ်လိုက်ရပါသေးတယ်... မသေချာလို့မရေးတော့ပါဘူး...


ဒီ Action ဇာတ်ကားကိုရိုက်ဖို့ လီမင်ဟိုဟာ ကိုယ်ခံပညာအတတ် (Martial Art) ကို လပေါင်းများစွာ ဦးစွာ သင်ယူလေ့ကျင့်ခဲ့ရပါတယ်... ဒီကားအတွက် သူဟာ မတ်လတွင်းမှာ ထိုင်းနိုင်ငံကို သွားရောက် ရိုက်ကူးခဲ့ရသေးတယ်လို့ ကြားသိရပါတယ်... ကျွန်မအတွက် ဒီပိုစ့်ကိုရေးချင်လာအောင် ပိုမိုဖိအားပေးလိုက်တာကတော့ သူ့ထိုင်းနိုင်ငံက ပုံတွေအပြင် ဧပြီလဆန်းပိုင်းလောက်မှာ ရိုက်ကူးနေတဲ့ လီမင်ဟိုနဲ့ စတန့်မင်းသား ၁၂ယောက် ရွံ့ထဲမှာ ချနေတဲ့ ရိုက်ကွင်းပုံတွေကို တွေ့လို့ပါပဲ...

အဲဒိ သတင်းဆောင်းပါးအရ ချမ်းအေးလှတဲ့ ရာသီဥတုမှာ (ကိုရီးယားမှာ ဧပြီဟာ ချမ်းတုန်းပါပဲ) စွတ်ကျယ်အကျီင်္လက်ပြတ်နဲ့ ရွံ့ထဲက ချကွက်တွေကို ရိုက်ဖို့အတွက် လီမင်ဟိုဟာ လူစားထိုးမသုံးဖို့ပြောခဲ့ပါတယ်... ရိုက်ကွင်းပေါ်ရှိအဖွဲ့သားအားလုံးဟာ တခြား ၀ါရင့် စတန့်မင်းသား ၁၂ယောက်နဲ့ သူနဲ့ ချတဲ့အခန်းကို အမှားအယွင်းတစ်ခုမှမရှိပဲ ရိုက်ကူးနိုင်ခဲ့တဲ့ မင်းသားကို အံ့သြစွာမြင်တွေ့ခဲ့ရပါတယ်...

ထုတ်လုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ...."လီမင်ဟိုဟာ သူ့ရဲ့ သေသပ်လှပတဲ့လှုပ်ရှားမှုတွေနဲ့ ဒီရာသီဥတုအအေးဒဏ်ကို အရေပျော်ကျအောင် လုပ်သွားနိုင်ခဲ့ပါတယ်... သူဟာ သေချာပေါက် ရင့်ကျက်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့အပြင် သူ့အသွင်အပြင်တွေဟာလဲ ယောကျာင်္းပိုပီသလာပါတယ်... ပရိတ်သတ်တွေအနေနဲ့ လီမင်ဟိုဆီကနေ ထူးခြားကောင်းမွန်တဲ့ ရသတွေကို "City Hunter" ကားကနေ မျှော်လင့်နိုင်ပါတယ်" လို့ပြောကြားသွားပါတယ်..."

"City Hunter" ဇာတ်ကားဟာ "Hojo Tsukasa" ရေးတဲ့ ဂျပန် ပေါ်ပြူလာ မန်ဂါ ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်... SBS မှ မေလ ၂၅ ရက်နေ့မှာ ပထမဆုံး အပိုင်းကို စတင်ပြသမှာဖြစ်ပါတယ်... သူပြသတဲ့ အချိန်အတွင်းမှာ တခြား တီဗွီ station တွေက Best Love နဲ့ Romance Town ဇာတ်ကားသစ်တွေကို အပြိုင်ပြသမှာဖြစ်ပါတယ်... သို့သော် City Hunter က တခြား ၂ကားလို အချစ်ကို အခြေခံတာမဟုတ်ပဲ အက်ရှင်းကို အခြေခံထားလို့ အနည်းငယ်တော့ ကွဲလွဲနေပါတယ်...

ကျွန်မဓာတ်ပုံတွေကို ကြည့်ပြီး စိတ်ဝင်စားတာတစ်ခုက သူတို့ ရွံ့တွေကြားမှာ ရိုက်နေတဲ့ နေရာမှာ Blue Screen ကြီးကာထားပါတယ်... တကယ်တမ်း ရုပ်ရှင်ထဲကျရင် အဲဒိ Blue Screen အစား ဘယ်လို ရှုခင်းမျိုးကို ထည့်မလဲဆိုတာကို သေချာစောင့်ကြည့်ချင်ပါသေးတယ်... ကျွန်မအနေနဲ့ကတော့ လီမင်ဟိုကို အရမ်းအကြိုက်ကြီးမဟုတ်သေးပင်မဲ့ သူ့ရဲ့ သရုပ်ဆောင်ပုံတိုးတက်မှုကို စောင့်ကြည့်ရင်း စိတ်ဝင်တစားတော့ရှိပါတယ်... သူဒီထက် သရုပ်ဆောင်အားပိုကောင်းလာတာသိရလို့ သဘောကျပါတယ်... ဒီ City Hunter ကားကို ကြည့်ပြီးရင်တော့ သူဟာ ကျွန်မအကြိုက် Top actors စာရင်းထဲ ၀င်နိုင်လောက်မယ်လို့ထင်မိပါတယ်...

ဒီပိုစ့်လေးကို ကျွန်မဘလော့မှာ လီမင်ဟိုအကြောင်းအမြဲလာမေးတတ်တဲ့ Minoz တွေအတွက် တင်ပေးလိုက်ပါတယ်.. ဓာတ်ပုံတွေကြည့်ရင်း အသက်ရှူမမှားစေနဲ့နော်... :P

ရိုက်ကွင်းပေါ်မှာ...












ထိုင်းနိုင်ငံက ရိုက်ကွင်းပေါ်မှာ...










ရွံ့ထဲမှာ လူ၁၂ ယောက်နဲ့ ချတဲ့ ရိုက်ကွင်းမှာ...




Source from Soompi and Javabeans ... Photo credits as tagged and Soompi, Javabeans


NoteGuestbook
   
chodesigner wrote on Feb 11, '11
solidthanhtike wrote on Dec 31, '10
Happy New year မှာ Happy နိုင်ပါစေ
lkophyo wrote on Nov 23, '10
လာလည်သွားပါတယ်...
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ..။
လေးစားခင်မင်လျှက်..!
99nagar wrote on Nov 16, '10

ဒုတိယအကြိမ် MMG မောင်နှမများ၏ စုပေါင်း မဟာဘုံကထိန်အလှူကို
၂၁ ရက်နေ့ နိုဝင်ဘာလ ၂၀၁၀(တန်ဆောင်မုန်းလပြည့်နေ့) တွင် ကျင်းပမည် ဖြစ်ပါသည်။
MMG မောင်နှမများ ပါဝင်နိုင်ရန်အတွက် နိုးဆော် လိုက်ရပါသည်။

နေရာ - စိတ္တသုခကျောင်းတိုက်၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့ နယ်။
အချိန် - မနက် ( ၉ နာရီ မှ ၁၁ နာရီ )
wearelife wrote on Jul 29, '10
လာလည်ရောက်ရှိခဲ့ပါတယ်

အေးချမ်းပျော်ရွှင်နေပါစေ

leokingdom wrote on Jun 21, '10
မင်္ဂလာပါ မဗေဒါ ဟဲ.....ကာရံမိတယ်နော်
lovecitysite wrote on Jun 21, '10
အဖေများနေ့အတွက် အမှတ်တရလေး

http://lovecitysite.multiply.com/video/item/12
leokingdom wrote on Jun 20, '10
ဒီနေရာလေးကိုခုမှပဲရောက်ဘူးတယ်ဗျ .နောက်မကြာမကြာလာလည်ဦးမယ် အဂ္ဂါအကြောင်းဖော်ပြပေးထားလို့ ကျေးဇူးတင်ပါတယ်ဗျ
99nagar wrote on Jun 12, '10
( MMG တစ်နှစ်ပြည့် အထူးအစီအစဉ် )
MMG တစ်နှစ်ပြည့် အထိမ်းအမှတ်တွေ့ ဆုံပွဲကို ၈ လပိုင်း ကုန်ခါနီးတွင် ကျင်းပမည် ဖြစ်ပါသည်။
သူငယ်ချင်းကိုခင်မင်ရင်းနှီးစွားလာရောက်ဖိတ်ခေါ်ပါတယ်။
ထို့ကြောင့် http://99nagar.multiply.com/journal/item/32/32 လင့်ကိုနှိပ်ကာလာရောက်ဖတ်ရှုစေချင်ပါသည်။
lovecitysite wrote on Jun 10, '10
ရှုးးးးးးးးးးးးးးးးးးးတိုးတိုးဖက်ပါ.......

“ခေတ်သစ် သူငယ်တန်း ဖက်စာ”

ဒီနေရာလေးမှာပါ......http://lovecitysite.multiply.com/journal/item/230/230
maungrichard wrote on Jun 1, '10
မဗေဒါ ရေ လာလည်နောက်ကျတာ ခွင့်လွှတ်ပါ။
နောက်ရက်တွေ မှ အေးဆေးလာဖတ်မယ်နော်။
myathwayni wrote on May 29, '10, edited on May 29, '10
ရောက်ခဲ့တယ်နော် မဗေဒါရေ.
lovecitysite wrote on May 24, '10
ကြော်ငြာလေးတစ်ခု လာရောက်ဖက်သွားပါဦးနော်.......
http://lovecitysite.multiply.com/journal/item/213/213
generalzinminko wrote on May 22, '10
ကဗျာတွေကိုချစ်တတ်ရင် http://generalzinminko.multiply.com/journal/item/75/75 ကိုလာခဲ့ပါနော်...
nyeinsoeoo wrote on May 22, '10
တစ်ချို့ကိုဖတ်သွားပါတယ်...( ဘာလုပ်သင့်သလဲ )
troths wrote on May 21, '10
မဗေဒါရေ မေးထားတဲ့ Favorite entry တွေကို Tag ကနေ လုပ်ပါတယ်။
Side bar ကနေ edit Link အနေနဲ့ လုပ်ပြီး ထည့်လိုက်တာပါရှင့်။
လုပ်ကြည့်လိုက်နော်။ မရရင်
စာမေးပွဲရှိလို့ မအားသေးလို့ နောက်လရောက်ရင် အတိအကျ ရေးပေးမယ်နော်
generalzinminko wrote on May 15, '10

kotoegyi wrote on May 15, '10
ဟုတ်
ကျတော့် ဘလော့ခ်နစ်နိမ်းနဲ့  သွားရေးထားလိုက်ပါတယ် အမြင်မတူခဲ့ရင် နားလည်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်
ahngaima7 wrote on Apr 26, '10
မဗေဒါ
လာလည်းရင်း စာတွေဖတ်သွားပါတယ်။
nyeinsoeoo wrote on Apr 21, '10
စာလာဖတ်ပါတယ်။